ရှေးခေတ်ပြက္ခဒိန်တွေက အမျိုးသမီးတစ်ယောက်ပုံတွေကို ပြန်အသက်သွင်းခဲ့တဲ့ ကောင်မလေး

[email protected]_amy

၁၉၅၀ ခုနှစ်တွေတုန်းက အမေရိကန်နိုင်ငံရဲ့ ပြက္ခဒိန်တွေမှာ နာမည်ကြီးခဲ့တဲ့ ရုပ်ပြအမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ သူမရဲ့နာမည်ကတော့ Hilda ပါပဲ။ Hilda ကို အသက်သွင်းခဲ့တာကတော့ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးသရုပ်ဖော်ရေးဆွဲသူတစ်ဦးဖြစ်တဲ့ Duane Bryers ပါပဲ။ Hilda ဟာ သာမန်မိန်းကလေးတစ်ယောက်ထက် အနည်းဝယ်ပိုဝတဲ့ Plus-size အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် Hilda ဟာ သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး လုံးဝရှက်ကြောက်သိမ်ငယ်ခြင်းမရှိတဲ့အပြင် သူခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး ရုပ်ပြရေးဆွဲဖို့ Bryer ဆီမှာ အပ်နှံခဲ့ပါတယ်။

idaho_amy
idaho_amy

Hilda ရဲ့ ပင်ကိုယ်အလှတရားနဲ့  Bryers ရဲ့ ပန်းချီလက်ရာတွေပေါင်းစပ်မိတဲ့အချိန်မှာတော့ အရမ်းလှပပြည့်စုံတဲ့ သရုပ်ဖော်ပန်းချီကားတွေ ဖြစ်သွားခဲ့ပါတယ်။ ဒီပန်းချီရုပ်ပြတွေက ဘယ်လောက်တောင်နာမည်ကြီးသွားခဲ့သလဲဆိုရင် အမေရိကန်နိုင်ငံရဲ့ ပြက္ခဒိန်တွေမှာပါ ထည့်သွင်းအသုံးပြုတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။

READ
Instagram မှာ Followers သန်းချီပြီး ပိုင်ဆိုင်ထားတဲ့ Pet Influencers များ
idaho_amy

ဒါပေမယ့် ဒီသရုပ်ဖော်ပန်းချီကားတွေရဲ့ ရာဇဝင်ကို သိရှိနားလည်တဲ့သူတွေ ရှားသွားခဲ့ပါပြီ။ ဒါပေမယ့် Hilda ပုံတွေကို ပြန်လည်အသက်သွင်းပေးခဲ့တာကတော့  Amy Pence-Brown ဆိုတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

idaho_amy
idaho_amy

Amy ဟာ Bryers ရဲ့ သရုပ်ဖော်ပန်းချီကားတွေထဲက Hilda ပုံစံအတိုင်း နေခဲ့ပြီး အရင်ခေတ်က Hilda နဲပ ဒီဘက်ခေတ်က Plus-size ကောင်မလေးတစ်ယောက်ရဲ့ပုံစံအတိုင်း ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာအပေါ်ဖြန့်ဝေခဲ့ကြောင်း သိရှိရပါတယ်။

idaho_amy

“ Hilda ရဲ့ အလှတရားဟာ အမေ့လျော့ခံမဟုတ်သလို Bryers ရဲ့ သရုပ်ဖော်ပန်းချီလက်ရာတွေကလည်း မေ့လျော့စရာအဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်က နာမည်အရမ်းကြီးခဲ့တဲ့ Hilda ကို ဒီဘက်ခေတ်က လူတော်တော်များများ မေ့လျော့နေကြပါပြီ။ ဒါ့ကြောင့် ကျွန်မက ဒီလို့စံနဲ့ Hilda ပုံတွေကို ပြန်အသက်သွင်းပေးခဲ့တာပါ” လို့ Amy က ပြောကြားခဲ့ပါတယ်။

READ
ကမ္ဘာကော်ျကာတွန်းဇာတ်ကားတွေမှာ မြင်ရတဲ့ ဟာသအလွဲလေးများ
idaho_amy
idaho_amy

Pyi Hein Kyaw

SHARE