တော်ဝင်ကြင်ယာတော်ဝတ်စုံတွေအတိုင်း တူအောင်ဖန်တီးပြီးဝတ်ပြနေတဲ့ပရိတ်သတ်

ဘုရင်မကြီးဦးဆောင်တဲ့ ဗြိတိန်တော်ဝင်မိသားစုဟာဆိုရင် တိုင်းပြည်ရေးအရရော၊ တော်ဝင်မျိုးနွယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဂုဏ်ကျက်သရေရှိစွာ နေထိုင်နေကြတဲ့ နေထိုင်မှုရေးရာပုံသဏ္ဍာန်တွေကြောင့်ရော လူအများက စောင့်ကြည့်ကာ လေးစားကြရသူတွေပါ။ အထူးသဖြင့် ဘုရင်မကြီးပြီးလျှင် အရိုက်အရာကို ဆက်ခံနိုင်ဖွယ်ရှိတဲ့ ဒိုင်ယာနာရဲ့သားတော်နှစ်ယောက် တော်ဝင်မင်းသား ဝီလီလျံနဲ့ ညီတော် ဟယ်ရီမင်းသားတို့ ဇနီးမောင်နှံစုံတွဲနှစ်တွဲကို လူကြီးတွေအပြင် လူငယ်တွေကပါ အရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေကြပါတယ်။

ထိမ်းမြားထားတဲ့ ကြင်ယာတော်အမျိုးသမီးတွေကို ကြည့်မယ်ဆိုရင်လည်း အနေအေးကာကျက်သရေရှိတဲ့အလှကို ပိုင်ဆိုင်ထားတ့ ကိတ်နဲ့ သွက်လက်ပြီး ခြေလှမ်းတိုင်း ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းနေတဲ့ မီဂန်တို့ဟာလည်း လူငယ်အမျိုးသမီးတွေကြားမှာ တော်တော်လေးကို ရေပန်းစားနေခဲ့ကြသူတွေပါ။ သာမန်တိုင်းသူပြည်သားဘဝကနေ တိုင်းပြည်တစ်ပြည်ရဲ့ တော်ဝင်မင်းသမီးတွေ ဖြစ်သွားကြတဲ့ လက်တွေ့ဘဝထဲက နတ်သမီးပုံပြင်ဇာတ်လမ်းနဲ့ သူတို့နှစ်ယောက်ရဲ့ ပြင်ဆင်ဝတ်စားပုံဟာဆိုရင် တော်တော်များများအတွက် တမင်စောင့်ကြည့်စရာကစ္စတစ်ခုပါပဲ။

royallyinspired

ဒီလို တော်ဝင်ကြင်ယာတော်နှစ်ယောက်ကို အားကျပြီး သူတို့ရဲ့ဝတ်စားဆင်ယင်ပုံတွေကို ပြန်လည်မှီငြမ်းကာ ဝတ်စုံတစ်ခုလုံးစာအတွက် ပြန်လည်ဖန်တီးနေတဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။ သူမကတော့ Sharon Joan ဖြစ်ပြီး Instagram မှာ @royallyinspired ဆိုတဲ့ account ကနေတစ်ဆင့် တော်ဝင်ကြင်ယာတော်တွေနဲ့ သူမတွဲဖက်ကာဖန်တီးထားတဲ့ပုံစံတူဝတ်စုံလေးတွေကို ဝတ်ပြီး ယှဉ်တွဲတင်ထားတာကို တွေ့ရပါတယ်။ တော်ဝင်ကြင်ယာတော်တွေရဲ့ တချို့ဝတ်စုံတွေဟာ ရှာရတာခက်ခဲပြီး တန်ကြေးလည်း ကြီးလွန်းတာကြောင့် တစ်ခါတစ်ရံမှာ တခြားတံဆိပ်ထဲက ထပ်တူကျတဲ့ ဝတ်စုံတွေကို ရှာမတွေ့ရင်တော့ အင်္ကျီအဆင်လေးတူတာတို့၊ ပုံသဏ္ဍာန်တူတာလေးတို့နဲ့ အစားထိုးဝတ်ထားတာကိုလည်း တွေ့ရပါတယ်။ Sharon တစ်ယောက်မှီငြမ်းဖန်တီးတဲ့ ဝတ်စုံလေးတွေဟာ ဘယ်လောက်တောင် နီးနီးစပ်စပ်တူနေမလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါနော်။

READ
သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေးမှုရှိတဲ့ ဇီဝအခြေခံ ဟော့ဘစ်အိမ်

ဝီလီလျံမင်းသားရဲ့ကြင်ယာတော် ကိတ်ရဲ့ပေါပေါ့ပါးပါးဝတ်စုံလေးပါ။ ထပ်တူကျတဲ့တံဆိပ်မဟုတ်ပေမယ့်လည်း တော်တော်လးကို ပုံစံတူနေပါတယ်။

royallyinspired/Instagram

ထပ်တူကျတာမျိုးတော့မဟုတ်ပေမယ့် တော်တော်လေးကို တူတယ်မဟုတ်လား

royallyinspired/Instagram

ကိတ်ရဲ့ဝတ်စုံလေးနဲ့မှ တစ်ထပ်တည်း

royallyinspired/Instagram

မီဂန်ရဲ့ကုတ်

royallyinspired/Instagram

ဝတ်စုံလေးနဲ့လိုက်ဖက်လွန်းပါတယ်

royallyinspired/Instagram

အရောင်လေးကတော့ကွဲတာပေါ့နော်

royallyinspired/Instagram

အရမ်းကြီးမတူပေမယ့်လည်း

royallyinspired/Instagram

Sharon တောင် ကျက်သရေရှိသွားသလိုလို

royallyinspired/Instagram
Penny (ShweMom)
SHARE