ဟယ်လီကော်ပတာနဲ့ကယ်ဖို့ ကြိုးစားခဲ့ကာမှ အဖြစ်ဆိုးခဲ့ရတဲ့ တောင်တက်သမားအဖွားအို

Youtube

အသက် (၇၄)နှစ်ရှိပြီဖြစ်တဲ့ တောင်တက်သမား အမျိုးသမီးကြီးတစ်ယောက်ဟာ အရီဇိုးနားပြည်နယ်အတွင်းမှာရှိတဲ့ ဖီးနစ်မြို့အနီးက တောင်တစ်ခုကို တက်ဖို့ ကြိုးစားခဲ့ပြီး သူမဘ၀မှာ တစ်ကြိမ်မှ မကြုံဖူးတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အမည်မသိအမျိုးသမီးကြီးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၆)ရက်နေ့မှာ ဖီးနစ်မြို့အနီးက Piestewa Peak တောင်ကို တက်ဖို့ ကြိုးစားရင်း အသက်ရှူမ၀ဖြစ်ခဲ့လို့ တောင်ပေါ်ကနေ ပြန်ဆင်းဖို့အတွက် အရေးပေါ်အဖွဲ့ကို ခေါ်ခဲ့ရပါတယ်။

ဖီးနစ်မြို့ရဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဟာ အမျိုးသမီးကြီးရဲ့သတင်းကိုကြားပြီးတဲ့နောက် ဟယ်လီကော်ပတာတစ်စီးနဲ့ အလျှင်အမြန်သွားရောက်ပြီး ကယ်တင်ခဲ့ပေမယ့် အမှားအယွင်းတစ်ခု ဖြစ်သွားခဲ့ပြီး တရားစွဲခံရတဲ့အထိကို ကြီးကျယ်သွားခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ ကယ်ဆယ်ရေး ရဟတ်ယာဉ်ပေါ်က ၀န်ထမ်းတွေဟာ အမျိုးသမီးကြီးကို လူနာတင်တဲ့ စင်ပေါ်တင်၊ ကြိုးအကာတွေသေချာချည်ပြီး ရဟတ်ယာဉ်ပေါ်တင်ဖို့ ကြိုးစားချိန်မှုာပဲ အဲဒီ လူနာတင်စင်ကြီး လေထဲမှာ အရှိန်ပြင်းပြင်းနဲ့ လည်နေခဲ့တာပါ။

READ
အင်ဒိုနီရှားတွင်း အသေခံဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး (၁၁)ဦး သေဆုံး

ရုပ်သံဗီဒီယိုဖိုင်ထဲမှာတော့ ဒီအမျိုးသမီးကြီးရဲ့ ဒုက္ခကို ကြည့်လိုက်တာနဲ့ ခံစားမိသွားမှာဖြစ်ပြီး လေထဲကနေ အောက်ဆင်းလို့လည်းမရ၊ လူနာတင်စင်ကြီးကလည်း လုံးဝကို လည်နေတော့ ဘယ်လောက်တောင် အခံရခက်မလဲဆိုတာ သိသာပါတယ်။

အဲဒီ ဖြစ်ရပ်မှာ အမျိုးသမီးကြီးက အလွန်အမင်းကြောက်ရွံ့နေခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်မှာရော၊ စိတ်ပိုင်းဆိုင်ရာမှာရော ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

ဒဏ်ရာတွေ သက်သာသွားပြီးတဲ့နောက်မှာတော့ အမျိုးသမီးကြီးက ဖီးနစ်မြို့ရဲ့တာဝန်ရှိသူတွေကို ဒေါ်လာ (၂)သန်း လျော်ကြေးရလိုမှုနဲ့ တရားစွဲလိုက်ပါတော့တယ်။ အမျိုးသမီးကြီးကို ကုသပေးခဲ့တဲ့ ပြည်နယ်ဆရာဝန်ကတော့ သူမဟာ ဒီဖြစ်ရပ်ကြောင့် မျက်လုံးထိခိုက်မိခဲ့သလို၊ သူမရဲ့အတွင်းပိုင်း အင်္ဂါတွေကနေ သွေးတွေထွက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒီအမှုက လက်ရှိအချိန်အထိ ရင်ဆိုင်နေရဆဲဖြစ်ပြီး ဒုက္ခရောက်သူကို ကယ်တင်ချင်ပေမယ့် နမော်နမဲ့နိုင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကတော့ အခုအချိန်အထိ အပြစ်တင်ခံနေရဆဲပါ။

READ
အသက်ရာပြည့်အဖိုးအိုကို စုန်းကဝေပညာသည်ဟု စွပ်စွဲကာခေါင်းဖြတ်သတ်ခဲ့သည့် IS

Linn

SHARE