သားမွှေးကုတ်ဘ၀ရောက်ရမယ့် အဖြစ်မှ အကယ်ဆယ်ခံလိုက်ရတဲ့ သတ္တ၀ါလေး

russian_sable

ဇန်ယာဟာ အာတိတ်ဒေသနေ ဖျံမျိုးတူ သတ္တ၀ါလေးတစ်ကောင်ရဲ့ ပုံကို အွန်လိုင်းပေါ်မှာ တွေ့လိုက်ပါတယ်။ တွေ့တွေ့ချင်းပဲ ဇန်ယာဟာ ၄င်းသတ္တ၀ါလေးကို ချစ်သွားပြီး သူ့အကြောင်းပိုသိရအောင် အွန်လိုင်းမှာ လေ့လာခဲ့ပါတယ်။ တကယ်တော့ သတ္တ၀ါလေးဟာ ကမ္ဘာပေါ်မှာရှိတဲ့ သားမွှေးအမျိုးအစား အမျိုးမျိုးထဲ တန်ဖိုးအကြီးဆုံးသားမွှေးပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။

ဆာဘယ်လ်လို့ ခေါ်ကြတဲ့ ဒီသတ္တ၀ါလေးတွေကို သားမွှေးစက်ရုံတွေက လိုချင်ကြပါတယ်။ သူ့ရဲ့ ပိုးသားလို နူးညံ့ပျော့ပြောင်းတဲ့ အဆင်အသွေးရယ်၊ အသားရောင်ကနေ အနက်ရောင်အထိ အရောင်စုံပါတဲ့ အမွှေးတွေကြောင့် သားမွှေးစက်ရုံပိုင်ရှင်တွေက ဆာဘယ်လ်လေးတွေကို လိုချင်ကြပါတယ်။

instagram/russian_sable

ရုရှားမှာတော့ ဆာဘယ်လ်သားမွှေးဈေးကွက်က တော်တော်လေးကို အ၀ယ်လိုက်နေတာပါ။ ဆာဘယ်လ်သားမွှေးကို အိပ်ရာခင်းတွေကစလို့ အတွင်းခံအဆုံး အသုံးပြုကြပါတယ်။ သိရတာက ရုရှားတစ်နိုင်ငံထဲတင် ဒီဆာဘယ်လ်သတ္တ၀ါလေးတွေကို ၄င်းတို့ရဲ့ သားမွှေးအတွက် သတ်ဖို့ သီးသန့်မွေးမြူထားတဲ့ မွေးမြူရေးလုပ်ငန်း (၇၀) လောက်ရှိပါတယ်။ ဇန်ယာကတော့ သူအမှတ်မထင်တွေ့လိုက်ရတဲ့ အွန်လိုင်းပေါ်က ဆာဘယ်လ်လေးတစ်ကောင်ဟာ မကြာခင်မှာပဲ တစ်စုံတစ်ယောက်ရဲ့ လူ့အသုံးအဆောင်ပစ္စည်းဖြစ်သွားတော့မှာကို သိရှိခဲ့ပါတယ်။

READ
လည်ချောင်းကင်ဆာဖြစ်နေတဲ့ ညီမလေးကို ကယ်လိုက်နိုင်ခဲ့တဲ့အစ်ကို
instagram/russian_sable

ဒါကြောင့် ဇန်ယာက သနားစရာကောင်းတဲ့ ၄င်းဆာဘယ်လ်လေးကို ၀ယ်ယူခဲ့ပါတယ်။ “နောက်ဆုံးတော့ သူ့ကို ကယ်ဖို့က သူရှိနေတဲ့ မွေးမြူရေးလုပ်ငန်းကနေ ကယ်ထုတ်ဖို့ဆိုတာ ကျွန်မသိလိုက်တယ်။ ကျွန်မသာမကယ်ရင် သူ သေလိမ့်မယ်…” လို့ ဇန်ယာက ဆိုခဲ့ပါတယ်။

အခုဆိုရင်တော့ ဇန်ယာဟာ  ဆာဘယ်လ်အမလေးကို မွေးမြူရေးခြံကနေ သွားဝယ်ပြီးတဲ့နောက်မှာတော့ သူမအိမ်မှာပဲ အိမ်မွေးတိရစ္ဆာန်လေးအဖြစ်နဲ့ မွေးမြူထားပါတယ်။ ၄င်းဆာဘယ်လ်လေးကိုတော့ အူမိုရာလို့ နာမည်ပေးထားပါတယ်။ “..အူမိုရာက နည်းနည်းတော့ ပေါင်းသင်းရခက်တယ်။ သူက မွေးမြူရေးခြံထဲမှာ အကြာကြီး နေလာခဲ့ရတာဆိုတော့ စိတ်ခံစားမှုတော်တော်လေးများတယ်။ တစ်ခါတစ်လေ ရူးကြောင်ကြောင်လေး။ ပြီးတော့ သူက ပစ္စည်းတွေဘာတွေ ခိုးရတာ နှစ်သက်သလို ဥာဏ်လည်း ကောင်းတယ်…” လို့ ဇန်ယာက ဆိုပါတယ်။ ဆာဘယ်လ်သတ္တ၀ါလေးတွေမှာ သစ်တောအုပ်ကြီးတွေနဲ့ မြစ်နဖူးတွေမှာ ကျင်းတွေတူးပြီး နေတတ်ပါတယ်။ သစ်ပင်တက်ကျွမ်းသလို နေ၀င်ချိန်တွေမှာ အစာရှာထွက်လေ့ရှိကြောင်းလည်း boredpanda အရ သိရပါတယ်။

READ
ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့အသက်အကြီးဆုံးမိဘတွေ

https://www.instagram.com/p/B3eRi-EnTGD/?utm_source=ig_web_copy_link

လင်းလင်း (ShweMom)

SHARE