ရထားခုံစွတ်တွေကို အင်္ကျီဆိုပြီးရောင်းချနေခဲ့တဲ့ အမျိုးသမီးရဲ့ ထူးထူးဆန်းဆန်းစီးပွားရေး

Twitter- @depopdrama

တစ်ခါတစ်လေ အမျိုးသမီးတွေရဲ့ ဖက်ရှင်အမြင်တွေကိုတော့ တော်တော်လေး ချီးကျူးဖို့လည်းကောင်းပါတယ်။ ဘာတွေလုပ်လို့လုပ်နေမှန်းမသိတဲ့ အခိုက်အတန့်တွေလည်း ရှိတာပေါ့။ ဥပမာဆိုရရင် ဖိနပ်ကြိုးကို ခါးပတ်လုပ်ဝတ်တာတို့၊ တွယ်ချိတ်ကို နားကတ်လုပ်တာတို့လိုမျိုးပေါ့။ အခုလည်း အမျိုးသမီးတစ်ယောက် သူမရဲ့ဖက်ရှင်အမြင်တွေကြောင့် လူမှုကွန်ယက်မှာ အပြောခံနေရပါတယ်။

Story Pick ရဲ့ဖော်ပြချက်အရ ဒီဇာတ်လမ်းမှာ ဇာတ်လိုက်ကတော့  ကျောင်းသူလေး Mhari Thurston Tyler ပါတဲ့။ သူမဟာ အရင်ကတည်းကလည်း အင်္ကျီလေးတွေ၊ ဘာလေးတွေ စတဲ့ဖက်ရှင်နဲ့ဆက်စပ်တဲ့ပစ္စည်းတွေကို ရောင်းနေကျပါ။

Twitter- @depopdrama

အခုတော့ Mhari တစ်ယောက် အင်္ကျီတစ်ထည်ကိုရောင်းနေခဲ့ပါတယ်။ မိုးပြာရောင်ရှိတဲ့ ရင်ပြတ် crop top လေးပေါ့။ ဒါပေမဲ့ ထူးဆန်းတာကတော့ သူမရောင်းနေခဲ့တဲ့ အင်္ကျီဆိုတာတွေဟာ အင်္ကျီမဟုတ်ဘဲ British ရထားလိုင်းတစ်ခုရဲ့ ရထားခုံစွတ်တွေပဲဖြစ်ပါတယ်။

Twitter- @depopdrama

ဟုတ်လည်းဟုတ်ပါတယ်။ သူမကိုယ်တိုင် ရထားပေါ်ကနေ ခုံစွတ် ၂ ခုကို ဖြုတ်ယူခဲ့ပြီးတော့ ထူးထူးဆန်းဆန်းအနေနဲ့ရောင်းချနေခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။ ဝန်ခံပြီးတာနဲ့ အရောင်းပိုစ့်ကိုလည်း ဖြုတ်ချခဲ့ပါတယ်တဲ့။

 

View this post on Instagram

 

A post shared by Depop Drama (@depopdrama)

penny

SHARE