Van Diesel အတုက ပိုက်ဆံလှမ်းချေးလို့ ပေါင်(၅,၀၀၀)လွှဲပေးမိခဲ့တဲ့ အမျိုးသမီးရဲ့ ဖြစ်ရပ်

[email protected] Lorenz [email protected]

ဒီဘက်ခေတ်ကြီးထဲမှာ ဆိုရှယ်မီဒီယာပေါ်ကနေ အနုပညာရှင်တွေပုံစံဟန်ဆောင်ပြီး ငွေတွေလိုက်လိမ်နေတဲ့ ဖြစ်ရပ်တွေ အများကြီး ရှိပါတယ်။ တစ်ချို့လူလိမ်တွေဟာ စကားပြောဆိုရာမှ အင်မတန်ပိရိပြီး သူတို့ကိုယ်သူတို့ ဘယ်သူဘယ်ဝါဆိုပြီး တစ်ဖက်လူကျလာအောင် စကားတွေပြောဆိုကာ နောက်ဆုံးမှာ သူတို့လိုချင်တာရအောင် ယူနိုင်တတ်ပါတယ်။ အခုလည်း အမျိုးသမီးတစ်ယောက်ဟာ သူမနဲ့ စကားလာပြောပြီး ရင်းနှီးနေတာ နာမည်ကျော် ရုပ်ရှင်မင်းသားကြီး Van Diesel ထင်ပြီး အဆိုပါ Van Diesel အတု ငွေလိုနေတဲ့အချိန်မှာ ပေါင် ၅,၀၀၀ လွှဲပေးခဲ့မိကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Lorenz

အဆိုပါအမျိုးသမီးကတော့ ဂျာမနီနိုင်ငံ၊ Berlin မြို့မှာ နေထိုင်တဲ့ Katja Lorenz အမည်ရ အမျိုးသမီးပဲ ဖြစ်ပါတယ်။ Katja ရဲ့ အလုပ်ဟာ ရုပ်ရှင်မင်းသားတွေနဲ့ တွဲလုပ်ရတဲ့ အလုပ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကတည်းက Van Diesel နဲ့ ရိုက်ကွင်းတစ်ခုမှာ ရင်းနှီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Katja ဟာ Van Diesel ရဲ့ Instagram အကောင့်ကို follow လုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သိပ်မကြာခင်မှာ ဆိုရှယ်မီဒီယာအကောင့်တစ်ခုကနေ Van Diesel လို့ ယူဆရတဲ့ လူတစ်ယောက်ဟာ Katja ကို ဆက်သွယ်လာခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ သူ့ရဲ့ Official account ကနေ ဒီလိုမျိုးသူစိမ်း မိန်းကလေးတစ်ယောက်ကို စကားလာပြောလို့ မရကြောင်း၊ သူ့ရဲ့ Management အဖွဲ့က ဒီလိုမျိုးစာပို့တာကိုတွေ့ရင် သူ့ဘက်မှာပြသနာရှိနိုင်ကြောင်း၊ ဒါ့ကြောင့် Katja နဲ့ စကားပြောချင်လို့ အခုလို သာမန်အကောင့်နဲ့ စကားလာပြောရတာဖြစ်ကြောင်း Van Diesel အတုက ရှင်းပြခဲ့ပါတယ်။

READ
အရင်က ကမ္ဘာ့အ၀ဆုံးဖြစ်ချင်ပေမယ့် အခုဝိတ်ချနေတယ်ဆိုတဲ့ အမျိုးသမီး

 

ဒီစကားတွေကို Kataja ကလည်း ယုံကြည်ခဲ့ပြီး သူတို့နှစ်ယောက် စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာပဲ သူတို့နှစ်ယောက်ဟာ ချစ်သူတွေ ဖြစ်ခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် Babe, Darling အစရှိတဲ့ စကားတွေသုံးပြီး ပြောတဲ့အဆင့်တွေပါ ရောက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ Van Diesel အတုဟာ လက်ရှိမှာ သူဟာ တောင်အာဖရိကတိုက်မှာ လျှို့ဝှက်စွာဓာတ်ပုံရိုက်နေ၇တဲ့ ရိုက်ကွင်းမှာ ရိုက်နေရပြီး မကြာသေးခင်အချိန်က သူ့ကို လူတစ်ချို့ လိုက်လံတိုက်ခိုက်လို့ ထွက်ပြေးပြီး ရှောင်ပုန်းနေရကြောင်း၊ ဒါ့ကြောင့် သူ့အဖွဲ့နဲ့လည်း ကွဲနေပြီး အိမ်ပြန်ဖို့ အခက်အခဲရှိတာကြောင့် Katja အနေနဲ့ လမ်းစရိတ်အဖြစ် ပေါင် ၅,၀၀၀(မြန်မာငွေ သိန်း ၉၀ နီးပါး) လောက် သူ့ကို အမြန်ဆုံးလွှဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကို Katja ကလည်း ယုံပြီး ချက်ချင်းလွှဲပေးခဲ့ပါတယ်။

READ
ရင်သားကို မိုးကြိုးအပစ်ခံရတဲ့ ရှေ့တန်းပြန်အမျိုးသမီး

 

 

View this post on Instagram

 

/smile

A post shared by Vin Diesel (@vindiesel) on

“အဲဒီလို လွှဲပြီးတာနဲ့ ကျွန်မကို သူတောင်းပန်ခဲ့ပါတယ်။ သူတောင်းပန်ရတဲ့အကြောင်းအရင်းကတော့ သူဟာ Van Diesel မဟုတ်ကြောင်း၊ အသက် (၂၃) နှစ်အရွယ်သာရှိသေးတဲ့ ဆေးကျောင်းသားတစ်ယောက်ဖြစ်ကြောင်း၊ ကျောင်းလခအတွက် ပိုက်ဆံပေးဖို့မရှိတာကြောင့် အခုလို လုပ်ရတာဖြစ်ကြောင်း ကျွန်မကို ရှင်းပြပြီး အဆက်အသွယ်ဖြတ်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပါသွားတဲ့ ကျွန်မပိုက်ဆံတွေ ပြန်ရဖို့အတွက် ကျွန်မရဲတိုင်ထားပါတယ်”လို့ Katja က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE