ဖောက်ပြန်တဲ့ Ex ကို ကြက်သွန်နီတွေ ပို့ပြီး လက်စားချေခဲ့တဲ့ မိန်းကလေး

Image:youtube/旁观天下

သစ္စာမဲ့ တဲ့ ချစ်သူ ဟောင်းကို ပုံစံမျိုးစုံနဲ့ တုံ့ပြန်လက်စားချေ ကြ တဲ့ သတင်းမျိုးစုံကို ကိုယ်တွေ့ ရော၊ကိုယ့်ပတ် ၀န်း ကျင်မှာ မြင် ခဲ့ဖူး ကြားခဲ့ဖူးမှာပါ။ဒါပေမယ့် အခု ဖော်ပြ ပေးမယ့် တရုတ် အမျိုးသမီး တစ်ယောက် ကတော့ သူများ နဲ့ မတူ တဲ့ နည်း လမ်းတစ်ခု နဲ့ လက်စားချေ ခဲ့ပါတယ်။အဲ့ဒါ ကတော့ ကြက်သွန်နီ ကီလို တစ်ထောင် ပို့ပြီး လက်စား ချေ ခဲ့တာပါ။Ex ရဲ့ အိမ် တံခါး ပေါက်ဝ အထိ ကြက်သွန်နီ  တွေ ပို့ ပေးခဲ့ပါတယ်။ ဒီ အ ကြောင်းကိုတော့ oddityc entral မှာ ဖော်ပြ ထားတာပါ။

Image:youtube/旁观天下

သစ္စာမဲ့ တဲ့ ချစ်သူ ကြောင့် အသည်းကွဲ ခဲ့ရတဲ့ မိန်းက လေး သူမ ငို ကြွေး ခဲ့ရသလိုပဲ သူမ  အပေါ် သစ္စာမဲ့ ခဲ့  သူ ကို ပြန်ပြီး ငို အောင် လုပ် မယ် ဆိုပြီး ကြက်သွန်နီ တွေ ပို့ ပေးခဲ့တာပါ။မိန်းက လေးရဲ့ နာမည် ကတော့ Zhao  ဖြစ်ပြီး Shandong ပြည်နယ် ကပါ။ မေလ (၂၀) ရက်နေ့ က တော့  အ နောက်နိုင်ငံ တွေ က V-Day လိုပဲ တရုတ် လူ ငယ်ချစ်သူတွေ ကြားမှာ အရေးကြီးတဲ့ နေ့ လေး တစ်နေ့ပါ။သူများစုံတွဲ တွေ ပျော် နေ ချိန်မှာ သူမ ကတော့ သစ္စာ ဖောက် သွားတဲ့ ယောက်ျား တစ်ယောက်ေ အသည်း တွေ ကွဲ နေခဲ့ရပါတယ်။တခြား မိန်း ကလေး တစ်ယောက် နဲ့ မက် ဆေ့ခ်ျ တွေ အပြန်အလှန် ပိုပြီး သူမ နောက်ကွယ်မှာ ဖောက်ပြန် နေတာကို ကိုယ်တိုင် လက်ပူးလက်ကြပ်မိ ခဲ့တာပါ။သစ္စာမဲ့ တဲ့ ယောက်ျားကြောင့် နောက်ဆုံးမှာတော့ မခံစားနိုင်တော့ပဲ လမ်းခွဲ ခဲ့တာပါ။Ex ကလည်း သူမ နဲ့ လမ်းခွဲ ပြီးမှ ပျော်ပါး နေတာကို မြင်ရ တော့ ဒေါ သ တွေ ပေါက်ကွဲ ထွက်လာခဲ့တာပါ။

READ
လူပုံစံတွေနဲ့တစ်ပုံစံတည်းချွတ်စွတ်တူနေတဲ့ပါပီလေးများရဲ့ချစ်စဖွယ်ပုံလေးများ
Image:youtube/旁观天下

ဒါကြောင့် ကြက်သွန်နီ တစ်ထောင် ကီလိုဂရမ်ကို မှာပြီး Ex ရဲ့ တံခါး ပေါက်ဝ ကို သွားပို့ ခိုင်း ခဲ့ပါတယ်။ပါဆယ်မှာ တော့  အခုလို စာကိုပါ ရေးပေးခဲ့ပါတယ်။” နင်ငါ့ကို သုံးရက် ငို အောင် လုပ်တယ်။အေး အခု နင့်အလှည့်ပဲ..” ဆိုပြီး ရေးထားပါတယ်။ အမျိုးသားဖြစ်သူ က တော့ သူ့ အိမ် ပေါက်ဝကို ရောက်လာတဲ့ ကြက်သွန်နီ တွေကို ကြီးပြီး အံ့အား နေခဲ့ ပါတယ်။ကြက်သွန် အနံ့ တွေ ကလည်း တိုက်ခန်း တစ်ခုလုံး မွန် ထွန် နေတယ်လို့ အိမ်နီး ချင်း တွေ က ပြော ခဲ့ပါတယ်။အိမ် နီးနားချင်း တစ်ယောက် ကတော့ သူမျက်ရည်ကျ မကျ တော့ မသိ ပေမယ့် သေချာ တာ က တော့ ကြက်သွန်နံ့ တွေ ကြောင့်  အသက်ရှုတော့ ကျပ် သွားမှာ သေချာတယ် ဆိုပြီး ပြောခဲ့ပါတယ်။လက်စား ချေ ပုံလေး ကတော့ မိုက်တယ်နော်…..။

READ
ပြန်လည်ဖန်တီးတဲ့အခါ စိတ်ကူးနဲ့ တစ်ခြားစီဖြစ်ခဲ့ရတဲ့ ခရစ္စမတ်အစားအစာများ

#SHWEMOM

SHARE