ဝလို့ထားသွားတဲ့Exကို အဆီပိုတွေနဲ့လုပ်ထားတဲ့ဆပ်ပြာခဲပို့ပြီးလက်စားချေခဲ့တဲ့ကောင်မလေး

တရုတ်နိုင်ငံ ဟီနန်စီရင်စု၊ Zhengzhou မြို့မှာ နေထိုင်တဲ့ Xiao Xiao လို့ အမည်ရတဲ့ ကောင်မလေးကတော့ သူမရဲ့ ချစ်သူဟောင်းကို လက်စားချေဖို့အတွက် သူများတွေမစဉ်းစားမိတဲ့ အကြံအစည်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ တကယ်တော့ Xiao ရဲ့ ချစ်သူဟောင်းက သူမကို အဆီပိုတွေနဲ့ပြည့်နေတယ် ဆိုပြီး စွန့်ပစ်သွားခဲ့တာလို့ Rachfeed က ဆိုပါတယ်။

ဒီအတွက် စိတ်အနာကြီး နာခဲ့တဲ့ Xiao ဟာ ချစ်သူဟောင်းကို သင်္ခန်းစာ ကောင်းကောင်း ပေးနိုင်ဖို့အတွက် သူမရဲ့ ခန္ဓာကိုယ်မှာ ပိုနေတဲ့ အဆီပိုတွေကို Liposuction နည်းနဲ့ ဖယ်ရှားခဲ့ပါတယ်။ ဒါဟာ Cosmetic surgery နည်းပညာနဲ့ အရေပြားအောက်က အဆီပိုတွေကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။

Xiao before and after

ရလာတဲ့အဆီပိုတွေကို စွန့်ပစ်ခြင်းမပြုဘဲ ဆပ်ပြာခဲပုံစံ ပြန်လည် ပြုလုပ်ပြီး၊ ချစ်သူဟောင်းနဲ့ သူရဲ့မိဘတွေဆီကို ရေချိုးခန်းသုံးဖို့ဆပ်ပြာအဖြစ် ပေးပို့ခဲ့ပါတယ်။ ဒီနောက် ရက်အနည်းအငယ် အကြာမှာ Xiao က သူမရဲ့လူမှုကွန်ယက်မှာ Post တစ်ခု တင်ခဲ့ပါတယ်။

READ
ဧည့်သည်တွေဆီက ပန်းခြံဝင်ခ မကောက်ရဲလို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ ဝန်ထမ်းအဖိုးအို

သူမက ” ဒီမယ် Yang Xiaolei ဆိုတဲ့သူ … ရှင် ပြီးခဲ့တဲ့ နွေရာသီပွဲတော်ကို သတိရနေဦးမယ် ထင်ပါတယ် … အဲဒီတုန်းက ရှင် ကျမကို အိမ်ကို ခေါ်သွားဖို့ငြင်း ဖြတ်ခဲ့တယ်လေ … အခု ကျမရဲ့ ကိုယ်ပိုင်အဆီပိုတွေကို ဆပ်ပြာလုပ်ပြီး ရှင်နဲ့ ရှင့်အမေတို့ ရေချိုးခန်းဆပ်ပြာအဖြစ် ပို့ပေးခဲ့ပြီးပြီလေ” လို့ ရေးသားခဲ့ပါတယ်။

သူမက ဆက်လက်ပြီး ” အခု နွေရာသီပွဲတော်မှာ အမျိုးသမီးတစ်ယောက်ရဲ့ အပေါ်ယံအလှလောက် တက်မက်တတ်တဲ့ အောက်တန်းစားယောက်ျားတစ်ယောက်အတွက် အထိုက်တန်ဆုံး လက်ဆောင်ပေးဖို့ အချိန်ပါဘဲ “လို့ ရေးသားခဲ့ပါတယ်။

ဒါပေမယ့် မှတ်ချက်ရေးသူတစ်ဦးက ” မင်းရဲ့ ရည်းစားဟောင်း လုပ်ရပ် မှန်ပါတယ် .. လှပခြင်း ရုပ်ဆိုးခြင်းဆိုတာ အ၀လွန်ခြင်းနဲ့ အရေအပြားက လာတာမဟုတ်ပါဘူး … မင်းရဲ့ နှလုံးသားထဲမှာ တည်ရှိနေတဲ့ စိတ်ဓာတ်က လာတာပါ “လို့ သူမရဲ့ လုပ်ရပ်ကို သွယ်ဝိုက်သည့်သဘောဖြင့် ဝေဖန်ရေးသားခဲ့ပါတယ်။

READ
သမ္မတဖြစ်ခဲ့မယ်ဆိုရင် Mark Zuckerberg ကို ဒုသမ္မတခန့်မယ်ဆိုတဲ့ Akon

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE