ဒိတ်မလုပ်ခင် တစ်ဖက်အမျိုးသားကို CV Form ဖြည့်ခိုင်းပြီး survey ကောက်လေ့ရှိတဲ့ အမျိုးသမီး

Reddit. Freepik-

ရည်းစားမဖြစ်ခင် အဲဒီတစ်ယောက်နဲ့ ၆ ကြိမ်မှ ၈ ကြိမ်လောက်အထိ ဒိတ်ရမယ်ဆိုတဲ့ အကြံပေးစကားကို ကြားဖူးကြမလားမသိဘူး။ ဒါကတော့ အနောက်တိုင်းက ကျင့်သုံးလေ့ရှိတဲ့ အလေ့အထတစ်ခုပေါ့။ ချစ်သူအဖြစ် တရားဝင်မဖြစ်ခင် ဒိတ်လုပ်တယ်၊ တွေ့ကြည့်တယ်ဆိုတာ သူ့ရဲ့ စိတ်နေစိတ်ထား ဘယ်လိုရှိလဲ၊ အပြင်မှ ဘယ်လိုပုံစံလဲ၊ ဘယ်လိုအကျင့်တွေရှိသလဲဆိုတာမျိုးတွေကို လေ့လာအကဲဖြတ်ရမယ့် အချိန်ကာလတစ်ခုပါပဲ။

အမျိုးသမီးတစ်ယောက်ကတော့ ဒိတ်တောင် မလုပ်ရသေးခင်မှာပဲ အပြန်အလှန်စိတ်ဝင်စားတဲ့ အမျိုးသားတွေကို CV Form လိုမျိုးဖြည့်ခိုင်းပြီးတော့ သူတို့ရဲ့ အမူအကျင့်၊ စိတ်နေစိတ်ထား၊ ဘာကြိုက်သလဲ၊ မကြိုက်ဘူးလဲ စတာတွေကို စစ်တမ်းသဘောမျိုး ကောက်ယူခဲ့ပါတယ်ဆိုပြီး The Sun မှာ ဖော်ပြထားခဲ့ပါတယ်။ အမျိုးသမီးကိုတော့ နာမည်ဖော်ပြထားခြင်းမရှိပေမယ့်လည်း အဲဒီအမျိုးသမီးနဲ့ အပြန်အလှန်စကားပြောခဲ့တဲ့ အမျိုးသားတစ်ယောက်က Reddit မှာ screenshot တွေ ရိုက်ပြီးတင်ရင်းနဲ့မှ နာမည်ကြီးလာခဲ့တာပဲဖြစ်ပါတယ်။

Reddit

Dating app တစ်ခုဖြစ်တဲ့ Tinder မှာ screenshot တင်ခဲ့တဲ့ အမျိုးသားနဲ့ ထူးထူးဆန်းဆန်းအမျိုးသမီးတို့ဟာ match ဖြစ်ကြလို့ စပြီး စကားပြောဖြစ်ခဲ့ကြပါတယ်တဲ့။ ဒါကို တစ်ဖက်အမျိုးသမီးက ချက်ချင်းဆိုသလို သူ့ကို မေးခွန်းလေးတွေ ဖြေဖို့ တောင်းဆိုခဲ့တာပါ။ Link တစ်ခုပို့ပေးပြီးတော့ အဲဒီ link ထဲမှာ မေးခွန်းလေးတွေမေးထားမယ်၊ ကိုယ်ကြိုက်တာကို ရွေးပြီးဖြေပေးပါတဲ့လေ။

မေးခွန်းတွေကတော့ ထူးထူးဆန်းဆန်းတွေပါပဲ။ တစ်ချို့ကိုပြောပြရင်တော့ အခု ပတ်သက်မှုကို ဘယ်လောက်ထိ ရည်မှန်းထားတာလဲ၊ အတည်လား၊ နှစ်ယောက်ထဲပဲ သိစေချင်တဲ့ ပတ်သက်မှုလား၊ public မှာ ချပြပြီး တွဲမှာလား ဒါမှမဟုတ် ခဏတာပဲလား စသဖြင့် ပါဝင်နေတာပါ။

Reddit

ဒီအပြင် သင်ဟာ အမျိုးသမီးဝါဒီတစ်ယောက်လား၊ ကြောင်ချစ်တတ်လား၊ Taylor Swift ကြိုက်လား စတဲ့ ပေါက်ကရမေးခွန်းတွေလည်း ပါဝင်နေပါသေးတယ်။ Harry Potter ထဲမှာဆိုရင်တော့ ဘယ်အိမ်ကိုရွေးမှာလဲဆိုတာတွေပါ ရေးထားတာပါ။ 

အမျိုးသားကတော့ သူဖြေလိုက်တာ တစ်ဖက်အမျိုးသမီးရဲ့ အကြိုက်တွေနဲ့ မေးခွန်း ၁၀ ခုလုံးမှာ ၁၀ ခုလုံး သွားတူနေပါတယ်တဲ့လေ။ နောတော်လည်း ထူးထူးဆန်းဆန်း။ Reddit အသုံးပြုသူတွေကတော့ ဒီကိစ္စကို အမျိုးမျိုးကို ဝေဖန်နေခဲ့ကြပါတယ်။ အများစုကတော့ အမျိုးသမီးဟာ ကြောင်တောင်တောင်ဖြစ်နိုင်တာကြောင့် ဝေးဝေးရှောင်ဖို့ကိုပဲ အကြံပေးထားခဲ့တာပါ။

Reddit

penny

SHARE