အိပ်မပျော်တဲ့ပြဿနာကို လွယ်လွယ်လေးဖြေရှင်းပေးခဲ့တဲ့ Tiktok ဗီဒီယိုတစ်ခု

Tiktok- @praisebeprepared

ညဖက်၊ ညဖက် အိပ်လို့မရတဲ့လူတွေရှိလား။ Insomnia ဆိုတဲ့ အိပ်မပျော်တဲ့ နာတာရှည်ရောဂါကို ကုသနိုင်တဲ့ဆိုတဲ့ နည်းလမ်းတွေ၊ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းတွေ အများကြီးရှိလို့နေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ နည်းလမ်းတွေ အရမ်းများနေတဲ့အတွက်ကြောင့် ဘယ်နည်းကို ဘယ်လိုသုံးရမှန်းတောင် မသိဘဲ လမ်းပျောက်နေတဲ့လူတွေရှိလားမသိဘူး။

ဒီအတွက် အသုံးဝင်စေတဲ့ ဗီဒီယိုတစ်ခု Tiktok မှာ တွေိ့ထားပါတယ်။ ဗီဒီယိုပိုင်ရှင်အမျိုးသမီးအနေနဲ့ သူမ insomnia ဖြစ်တာကို ဘယ်လိုမျိုး နည်းလမ်းတစ်ခုတည်းနဲ့ ကုသခဲ့သလဲဆိုတာကို ဝေမျှိထားခဲ့တာပါ။

Tiktok- @praisebeprepared

သူမနာမည်ကတော့ Emily Bronchu ပါတဲ့။ Tiktok ဗီဒီယိုကတော့ like ပေါင်း ၁ သိန်းနား ကပ်နေခဲ့ပါပြီ။ အိပ်မပျော်တဲ့ရက်တွေ နေ့စဉ်ရက်ဆက်ဖြစ်လာတဲ့အတွက် Emily ဟာ တတ်ကျွမ်းတဲ့ဆရာဝန်ဆီမှာ သွားရောက်အကြံဥာဏ်တောင်းခဲ့ပါတယ်။ အဲဒီမှာ ဆရာဝန်ကနေပြီးတော့ နည်းလမ်းတစ်ခုပေးလိုက်ပါတယ်တဲ့။

အုဒါကတော့ ဒီလိုပါ။ ဥပမာ ကိုယ်က ည ၁၂ နာရီ နောက်ဆုံးထားအိပ်မယ်ဆိုပါစို့။ မိနစ် ၂၀ လောက်အလိုမှာ မီးကိုလည်း မှိ၎န်မှိန်လေးပဲထွန်းထားမယ်၊ ဖုန်းတို့၊ လက်ပ်တော့၊ တီဗီတို့နဲ့ ခပ်ဝေးဝေးမှာထားထားမယ်။ ပြီးရင် အရေးကြီးတဲ့အချက်တစ်ခုလာပါပြီနော်။ စာချရေးဖို့ပါပဲ။ လူတွေ အဓိက အိပ်မပျော်ရတဲ့ အကြောင်းရင်းက မသိစိတ်မှာ အတွေးတွေ သိပ်များလွန်းနေလို့ပါပဲ။ ဒီအတွက်ကြောင့် အဲဒီ မိနစ် ၂၀ အတွင်း ကိုယ်တွေးမိသမျှအကြောင်းအရာတွေအကုန်လုံးကို စာရွက်တစ်ခုမှာ ချရေးလိုက်ပါ။

READ
အားသွင်းနေဆဲဖုန်းနဲ့ ဘောလုံးပွဲကြည့်သူ ထိုင်းစားဖိုမှူးတစ်ဦး ဓာတ်လိုက်သေဆုံး
Tiktok- @praisebeprepared
Tiktok- @praisebeprepared

အလိုလို စိတ်ထဲကနေ ပင်ပမ်းလာပါလိမ့်မယ်။ ဘောပင်ချပြီးတာနဲ့ တန်းအိပ်ပေါ့နော်ဆိုပြီးောတ့ သူမကပြောထားခဲ့ပါတယ်။ ကဲအလုပ်ဖြစ်မဖြစ် စမ်းသပ်ကြည့်လိုက်ရအောင်။

 

@praisebeprepared#tipsandtricks♬ original sound – Emily Brochu

penny

SHARE