ရင်သားကြီးဖို့ Gelထိုးရာကနေ ရင်သားနှစ်ခုကဗိုက်ကိုရွေ့သွားလို့ ဆေးရုံပြေးခဲ့ရတဲ့ အမျိုးသမီး

တရုတ်နိုင်ငံမှာ အမျိုးသမီးတစ်ယောက်ဟာ နဂိုသေးမွှာလှတဲ့ စနေနှစ်ခိုင်ကို အားမလိုအားမရ ဖြစ်လာလို့ ခေတ်စားနေတဲ့ ‘Amazing Gel’ ဆိုတဲ့ ရင်သားကြီးဆေးတွေ ယခုနှစ်အစောပိုင်းတုန်းက ထိုးသွင်းခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူမ သတိထားမိတာက ထိုးသွင်းထားတဲ့ ရင်သားနှစ်ဘက်စလုံး တစ်ဖြည်းဖြည်း ပြန်ကြုံ့လာခဲ့ပါတယ်။

နောက်ထပ် ကြောက်စရာကောင်းတာက ဗိုက်ကြီးတစ်ခုလုံး ပူတက်လာတာပါဘဲ။ တဖြည်းဖြည်း ရင်သားနှစ်ခုစလုံး သေးကွေးလာခဲ့ပြီး ဗိုက်ကြီးကတော့ သိသိသာသာ ဖောင်းလာခဲ့လို့ ဆေးရုံကို ပြေးခဲ့ရပါတယ်။ ဒေါက်တာတွေက စစ်ဆေးတဲ့အခါမှာ ထိုးသွင်းထားတဲ့ Gel တွေဟာ ၀မ်းဗိုက်အရေပြားထဲကို စိမ့်ကျပြီး၊ ကြီးသင့်တာမကြီးပဲ မကြီးသင့်တာ လာကြီးနေတာကို တွေ့ခဲ့ရပါတယ်။

အဆိုပါအမျိုးသမီးရဲ့အသက်ဟာ လူရွယ်တန်းစားပဲ ရှိပါသေးတယ်။ ဒေါက်တာတွေက သူမရဲ့ဝမ်းဗိုက်ထဲကို စိမ့်ကျနေတဲ့ ဟိုဒရိုဂျယ်အဆိပ်သင့်မှုလို့ ဆုံးဖြတ်ခဲ့ပြီး ခွဲစိတ်ရှားပစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ‘Amazing Gel’ ဆိုတာကတော့ တရုတ်နိုင်ငံ အမျိုးသမီးထုကြားမှာ ရေပန်းစားနေတဲ့ အလှကုန်တစ်ခု ဖြစ်ပါတယ်။

READ
အချို(သကြား)ဓာတ်အစားများခြင်းကပေးတဲ့ ဆိုးကျိုးများကိုပုံဖော်ထားတဲ့ဓာတ်ပုံများ

ဒါပေမယ့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ရှိကြောင်း တာဝန်ရှိသူတွေက သတိပေးတားမြစ်ခဲ့ပေမယ့် လှချင်
တဲ့ အမျိုးသမီးတွေကြောင့် ရောင်းအားကောင်းဆဲဖြစ်ပါတယ်။ အခုလည်း ကာယကံရှင်အမျိုးသမီးရဲ့ ၀မ်းဗိုက်အရေပြားကို ခွဲစိတ်ဖယ်ရှားလိုက်တဲ့အခါမှာ ၀ါညစ်ညစ်နဲ့ အရည်တွေအဖြစ် ပြောင်းလဲနေတာကို တွေ့ရပါတယ်။ ဒါဟာ အခြားအမျိုးသမီးများအတွက် စံထားဖွယ်ရာ အဖြစ်အပျက်ပါ။

2005 ခုနှစ်တုန်းကလည်း South China Morning Post သတင်းစာမှာ Amazing Gel ဟာ ဘေးထွက်ဆိုးကျိုးတွေ ပေးရုံမျှမက ရင်သားကင်ဆာနဲ့ အခြားကင်ဆာရောဂါတွေပါ ဖြစ်စေနိုင်ကြောင်း ဆရာဝန်အဖွဲ့က ထုတ်ပြန်ကြေငြာခဲ့ပါသေး
တယ်။ ဒါပေမယ့် အခုထက်ထိတော့ အဲဒီ Amazing Gel ရဲ့ ရောင်းအားက ကောင်းမွန်နေဆဲပါဘဲ။

မဒီလေး (Shwemom)

source : viral4real.com

SHARE