ပေ (၁၁၀) ရှည်တဲ့ dreadlocks ဆံပင်နဲ့ ဂင်းနစ်စံချိန်တင်ခဲ့သူ အမျိုးသမီး

ထရီဒတ်နဲ့တိုဘာဂို နိုင်ငံသူ Asha Mandela ဟာ သူမသွားလေရာနေရာတိုင်းမှာ လူအများရဲ့စိတ်ဝင်စားခြင်းကို ခံနေရတဲ့အမျိုးသမီးတစ်ဦးပါ။ အကြောင်းကတော့ သူမရဲ့ (၁၁၀) ပေရှည်တဲ့ ဆံပင်ကြီးကို မနိုင်လို့ အနောက်ဖက်မှာ ကလေးကုန်းပိုးထားသလိုမျိုး အိတ်နှင့်လွယ်ထားရတဲ့အတွက်ပဲဖြစ်ပါတယ်။

Facebook

ဆံပင်ကို ရိုးရိုးတန်းတန်းမထားဘဲ နှစ်ပေါင်းများစွာ dreadlocks ကျစ်ထားတာပါ။ သူမတူအောင်ရှည်လျားတဲ့ dreadlocks ကျစ်ဆံပင်ကြောင့် ၂၀၀၉ ခုနှစ်မှာ ဂင်းနစ်စံချိန်ဝင်နိုင်ခဲ့ပါတယ်။

Facebook

သူမရဲ့ ထူးခြားစွာ ရှည်လျားလွန်းလှတဲ့ dreadlocks ကြောင့် လက်တွေ့ဘဝမှ ရက်ပန်ဇယ်မင်းသမီးလို့ တင်စားနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာရက်ပန်ဇယ်လိုတကယ်ကြီး သူမဆံပင်တွေကို အိမ်တစ်ထပ်စာ ဖြန့်ချလို့ရအောင် ရှည်လျားနေခြင်းကြောင့်ပါ။

Facebook

ရေမစိုဘဲ ဆံပင်အခြောက်ကို ချိန်ကြည့်တာတောင် ပေါင် (၃၀) ဝန်းကျင်လောက် အလေးချိန်ရှိပါတယ်။

ဒီလိုရှည်လျားပြီး လေးပင်တဲ့ ဆံပင်ကို dreadlocks ကျစ်ပေးသူကတော့ Arsha ရဲ့ ခင်ပွန်းဖြစ်သူပါ။ ကျစ်ထားတဲ့ dreadlocks တွေပုံမကျတော့ဘဲ ပြန်ပြေသွားတိုင်း  ပင်တိုင်ပြန်လည်ပြုပြင်ပေးခဲ့သူပါ။ ဒါပေမဲ့ ပေ (၁၁၀) တောင်ရှည်တာဆိုလို့ အချိန်အကြာကြီးယူမယ်မထင်လိုက်ပါနဲ့။ အပြီးအစီး မိနစ် (၃၀) သာ ကြာပါတယ်တဲ့။

READ
အမြင့် (၅၅)ပေကနေ ရေထဲကို အသည်းယားဖွယ်ရာ ဒိုင်ဗင်ထိုးချခဲ့တဲ့ အမျိုးသမီး

အခုဆိုရင်တော့ သူမဟာ ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်လည်း ထောင်ထားပြီး ခေါင်းလျှော်ရည်၊ ဆံပင်သန်ဆေး အစရှိတဲ့ ပစ္စည်းတွေကို ကြော်ငြာပေးသလို ကိုယ်တိုင်လည်း ရောင်းချလျှက်ရှိကြောင်း သိရပါတယ်။

Source: Fabiosa

Penny

 

SHARE