(၁၂)နှစ်ကြာပျောက်ဆုံးနေတဲ့လက်စွပ်ကို နှာချေရင်းအံ့အားသင့်ဖွယ်ပြန်တွေ့တဲ့မိန်းကလေး

အင်္ဂလန်နိုင်ငံ၊ အနောက် ယော့ခ်ရှိုင်းယား ပြည်နယ်က အဘီဂေးလ် ဆိုသူ မိန်းကလေးရဲ့အဖြစ်ဟာ တကယ့်ကို အံ့အားသင့်စရာပါ။ အသက် (၂၀)အရွယ် ရှိပြီဖြစ်တဲ့ အဘီဂေးလ်ဟာ သူမရဲ့ အသက် (၈)နှစ်ပြည့်မွေးနေ့မှာ မိခင် ဖြစ်သူဆီက လက်စွပ်တစ်ကွင်း လက်ဆောင်ရခဲ့ပါတယ်။ အဲဒီနောက် လအနည်းငယ်အတွင်းမှာပဲ အဲဒီ လက်စွပ်လေးဟာ ပျောက်ဆုံးသွားခဲ့တယ်။

ရက်အနည်းငယ်လောက် ရှာဖွေမှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ အဘီဂေးလ်က သူ့ရဲ့ လက်စွပ်လေးကို အခိုးခံလိုက်လို့ သဘောထားလိုက်မိတယ်။ နှစ်တွေကြာလာတဲ့နောက်မှာ အဘီဂေးလ်ဟာ အဲဒီလက်စွပ်လေးကို မေ့သွားခဲ့ပါတယ်။

Triangle News

“ကျွန်မငယ်ငယ်တုန်းက သူငယ်ချင်းတွေဟာ အိမ်ကို အမြဲလာပြီး ကစားကြတယ်။ ကျွန်မရဲ့ အိပ်ယာပေါ်မှာ ထိုင်ကြတယ်။ လက်စွပ်ပျောက်သွားတော့ အဲဒီသူငယ်ချင်းတွေထဲက တစ်ယောက် ခိုးသွားတာပဲလို့တောင် ထင်မိခဲ့သေးတယ်။ ကျွန်မ အမေကလည်း အဲဒီလို ထင်ခဲ့တယ်” လို့ အဘီဂေးလ်က ဆိုပါတယ်။

READ
သေဆုံးခါနီးသတိလစ်နေတဲ့ မိခင်ဆင်မကြီးကို ပြန်နိုးလာမလားလို့ လှုပ်နှိုးနေတဲ့ ဆင်ပေါက်လေး

ဒါပေမယ့် သူမရဲ့ အသက် (၂၀) ပြည့် မွေးနေ့ပွဲအပြီး ၊ ရက်အနည်းငယ်အကြာမှာတော့ အဲဒီလက်စွပ်လေးက သူမဆီကို ထူးခြားတဲ့နည်းလမ်းမျိုးနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီနေ့ဟာ အဘီဂေးလ်အတွက် သာမန်နေ့တစ်နေ့ပါပဲ။ သူမဟာ ဆိုဖာပေါ်မှာ ထိုင်နေရင်း နှပ်ညှပ်လိုက်မိတယ်။ စက္ကန့်အနည်းငယ်အကြာမှာပဲ သူမကိုင်ထားတဲ့ တစ်ရှူးထဲမှာ တစ်ခုခု ရှိနေတာကို ခံစားလိုက်မိတယ်။

“ဘုရားသခင် ဒါ ငါ့ရဲ့လက်စွပ်လေးပဲ လို့ ကျွန်မ အော်လိုက်မိတယ်” ဆိုပြီး အဘီဂေးလ်က ပြောပါတယ်။

Triangle News

“ဒီလက်စွပ်လေးက ကျွန်မအမေက ကျွန်မကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တာ။ အဲဒီနောက် လအနည်းငယ်အတွင်းမှာပဲ လက်စွပ်က ပျောက်သွားတယ်။ အခုလို ပြန်တွေ့တော့ ကျွန်မ ယုံတောင် မယုံနိုင်ဘူး။ အဲဒါ ကျွန်မ နှာခေါင်းထဲကနေ ထွက်လာတာများလား” ဆိုပြီး အဘီဂေးလ်က သူမရဲ့ အဖြစ်အပျက်ကို Mirror သတင်းဌာနကို ပြောပြပါတယ်။

READ
လူနာဗိုက်ထဲကနေ အကြွေ(၂၆၃)စေ့နဲ့ သံတိုသံစတွေတွေ့ခဲ့လို့ ဆရာဝန်တွေအံ့သြနေ

သူမရဲ့ မိခင်ကလည်း ဒီအဖြစ်အပျက်အတွက် အံ့အားသင့်သွားခဲ့ပြီး သူငယ်ချင်းတွေကလည်း မယုံနိုင်အောင် ဖြစ်နေကြပါတယ်။ ဒါပေမယ့် အဘီဂေးလ်ကတော့ (၁၂)နှစ်ကျော် ပျောက်ဆုံးနေတဲ့ လက်စွပ်လေးကို ပြန်လည်တွေ့ရှိသွားခဲ့ပြီ။ မယုံနိုင်လောက်တဲ့ နည်းလမ်းမျိုးနဲ့ပေါ့…။

Linn

Source : Mirror

SHARE