ခြေခေါက်လဲရာမှ ကိုမာဝင်ပြီး (၁၂) ရက်အတွင်း ကွယ်လွန်သွားခဲ့တဲ့ အမျိုးသမီး

ဖိနပ်အမြင့်စီးလို့ ဒါမှမဟုတ် အမြဲတမ်းပျာပျာသလဲ လဲနေတတ်တဲ့ အကျင့်ရှိနေတာကြောင့် လမ်းလျှောက်တဲ့ အခါတိုင်း ခြေထောက်လိမ်သွားတာတို့၊ ခြေထောက်ခေါက်တတ်တဲ့လူတွေ သတိထားဖို့ပါ။ ဖနောင့်အရိုးအက်တဲ့အခါ အာရုံကြောတွေဆက်စပ်နေတာမို့ ခေါင်းကြိမ်းတတ်တယ်ဆိုတာမျိုး ကြားဖူးကြမယ်ထင်ပါတယ်။

တရုတ်နှစ်ကူးမတိုင်ခင်ကပဲ တရုတ်သတင်းထောက်အမျိုးသမီးတစ်ယောက် ခြေခေါက်လဲသွားတာကြောင့် ကိုမာဝင်ကာ ကွယ်လွန်သွားခဲ့ပါတယ်။ တရုတ်ပြည်မှာ နှစ်ကူးနီးတိုင်း လမ်းမထက်မှာ ပွဲလမ်းသဘင်တွေ ဈေးဆိုင်တွေနဲ့ လာရောက်လည်ပတ်သူတွေ သိပ်ကိုများပြားလွန်းပါတယ်။ ဒီအကြောင်းသတင်းယူရင်း သတင်းထောက်ဟာ ခြေခေါက်လဲသွားခဲ့ပါတယ်။

ဆေးခန်းပြပြီး ဓာတ်မှန်ရိုက်တဲ့အခါမှာလည်း အရိုးကျိုးတာ အက်တာမရှိတဲ့အတွက် ဒဏ်ခဏဖြစ်သွားတာလို့ပဲ ဆရာဝန်မှပြောခဲ့ပါတယ်။ သူမကိုယ်တိုင်ကလည်း လူတိုင်းတစ်ဘဝလုံး အကြိမ်ကြိမ်အခါခါခြေခေါက်လဲဖူးတာမို့ အဆန်းတကျယ်ကိစ္စမဟုတ်တဲ့အတွက် ဒီအတိုင်းနေနေခဲ့ပါတယ်။

Dr Gordon Fosdick

ဒါပေမဲ့ ခြေထောက်နာတာ လုံးဝလျော့ကျသါားခြင်းမရှိတဲ့အပြင် အယောင်လည်းမကျလာပါဘူး။ ပိုဆိုးတာက ခြေကျင်းဝတ်နဲ့ ခြေချောင်းလေးတွေပါ နာကျင်မှုကိုမခံစားနိုင်လောက်အောင် ထုံကျဉ်သွားခဲ့တာပါ။ သိပ်မကြာခင်မှာပဲ အကောင်းကြီးကနေ ရုတ်တရက်လဲကျသွားလို့ ဆေးရုံပို့ခဲ့ရာ ကိုမာအနေအထားသို့ရောက်ရှိသွားကြောင်းသိရပါတယ်။

(၁၂) ရက်အကြာမှာတော့ သူမဟာ ကိုမာအနေအထားနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။

pixabay

အမှန်ကတော့ ခြေခေါက်လဲတုန်းက အတွင်းကြေဖြစ်ကာ အတွင်းပိုင်း သွေးခဲသွားခဲ့တာပါ။ သွေးခဲသွားပြီး သွေးကြောတွေကမှတစ်ဆင့် အဆုတ်နဲ့ နှလုံးသွေးကြောတွေထဲ သွေးခဲတွေ ပိတ်သွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ရဲ့ဆေးပညာဆိုင်ရာလေ့လာချက်အရ ခြေထောက်မှာ သိပ်ကြီးကြီးမားမား ဒဏ်မရခဲ့ပါက ခြေထောက်ကို အနားမပေးသင့်ကြောင်းလည်း သိရပါတယ်။ အနားပေးခြင်း မပေးခြင်းထက် တစ်ရာထက်ပိုပြီး မထိုင်ရလို၊ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။

READ
မိဘအရင်းအချာများက ဒေါ်လာ (၁၇,၀၀၀) ဖြင့် ကိုယ့်ကလေးကိုယ် ပြန်ရောင်းခဲ့တဲ့ဖြစ်ရပ်
Irish News

ခြေထောက်ခေါက်လဲတာအပြင် ကြွက်သားတို့ အရွတ်တို့ပြဲသွားတဲ့အခါမျိုးမှာလည်း အခုလိုမျိုးပြဿနာတွေ ကြုံတွေ့တတ်တယ်လို့ဆိုပါတယ်။ အခုလိုသွေးခဲခြင်းကို pulmonary embolism လို့ခေါ်ပြီး လက္ခာတွေကတော့ ယောင်နေတာ၊ ထိခိုက်တဲ့နေရာက သာမန်အသားထက်ပိုပြီး နူးညံ့ပျော့ပြောင်းနေတာ၊ ကြွက်တက်မယ်၊ နီမြန်းနေမယ် ဒါမှမဟုတ် သာမန်အသားရောင်နဲ့မတူဘဲ ရောင်ပြောင်းနေတာတွေဖြစ်တတ်ပြီး အထင်ရှားဆုံး လက္ခာတစ်ခုကတော့ သွေးကြောတွေ အရေပြားမှာ လာထင်းနေတာပဲ ဖြစ်ပါတယ်။

Source: World of Buzz , China Times

Penny

SHARE