(၅)နာရီကြာ မိုးရေထဲ မတ်တပ်ရပ်ပြီး မြောင်းပေါက်ရှိတာ သတိပေးခဲ့တဲ့ အမျိုးသမီး

[email protected]

လမ်းမကြီးတွေပေါ်မှာရှိတဲ့ ရေမြောင်းပေါက်ဆိုတာ သာမန်အချိန်မှာတော့ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် မိုးအကြီးအကျယ်ရွာသွန်းတဲ့အချိန်တွေနဲ့ ရေကြီးနေတဲ့အချိန်မှာအဲဒီရေမြောင်းပေါက်တွေဟာ အင်မတန်ကို အန္တရာယ်များလါန်းလှပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက စစ်တမ်းအရဆိုရင်တော့ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ လူပေါင်း ၃၅၆ ယောက်ဟာ ရေကြီးနေတဲ့အချိန် ရေမြောင်းပေါက်ထဲ ကျွံကျပြီး သေဆုံးခဲ့ရကြောင်း သိရပါတယ်။ အခုလည်း မွန်ဘိုင်းမြို့က အမျိုးသမီးတစ်ယောက်ဟာ ရေကြီးနေတဲ့အချိန် လမ်းသွားလမ်းလာနဲ့ မောင်းနေတဲ့ ကားတွေ အန္တရာယ်ကင်းစေဖို့ ရေမြောင်းပေါက်ရှိတဲ့အကြောင်း သတိပေးဖို့အတွက် မိုးရေထဲမှာ ၅ နာရီကျော်ကြာအောင် မတ်တပ်ရပ်နေရကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

[email protected]

လက်ရှိအခြေအနေမှာလည်း မွန်းဘိုင်းမြို့ဟာ မုန်တိုင်းကြောင့် မိုးအကြီးအကျယ်ရွာသွန်မှုနဲ့ လေတိုက်နှုန်းမြင့်မားတဲ့ ဒဏ်တွေကို ကောင်းကောင်းခံစားနေရရှာပါတယ်။ မိုးရွာသွန်းမှုကြောင့် ရေချိန်အမှတ်ဟာလည်း ၃၃၁.၈ မီလီမီတာအထိ စံချိန်တင် မြင့်တက်ခဲ့သလို မိုးတွေကလည်း တောက်လျှောက်မရပ်မနားကို ရွာသွန်းနေပြန်ပါတယ်။ ဒါ့အပြင် လေတိုက်နှုန်းကလည်း တစ်နာရီကို ၁၀၇ ကီလိုမီတာ အရှိန်နှုန်းနဲ့ တိုက်ခတ်နေတာကြောင့် တော်တော်ပြင်းထန်တဲ့ လေတိုက်နှုန်းအဖြစ် သတ်မှတ်နိုင်ပါတယ်။

READ
အဆီပိုမရှိ ကြွက်သားအဖုအထစ်တွေကြောင့် ဆုတောင်ရထားခဲ့တဲ့ ဟာကျူလီမေမေ

 

အခုလည်း မွန်ဘိုင်းမြို့က အမျိုးသမီးတစ်ယောက်ဟာ လမ်းမပေါ်ရေကြီးနေတဲ့အချိန် လမ်းမပေါ်မှာ မောင်းနေတဲ့ ကားတွေနဲ့ လမ်းသွားလမ်းလာတွေ အန္တရာယ်ကင်းစေဖို့အတွက် ပွင့်နေတဲ့ ရေမြောင်းပေါက်အနားမှာ အချိန်တော်တော်ကြာရပ်ပြီး သတိပေးနေကြောင်း သိရပါတယ်။ ရေကြီးနေတဲ့အတွက် မသိပဲဒီအတိုင်းလျှောက်မိလိုက်ရင် ရေမြောင်းပေါက်ထဲကျသွားမှာ စိုးရိမ်တဲ့အတွက် အဆိုပါအမျိုးသမီးဟာ အဲဒီရေမြောင်းပေါက်နားမှာ ၅ နာရီကျော်ကြာအောင် မတ်တပ်ရပ်နေပြီး အနီးက ဖြတ်သွားသမျှလူတွေနဲ့ ကားတွေကို တောက်လျှောက်သတိပေးနေကြောင်း သိရပါတယ်။

 

အဆိုပါအမျိုးသမီးရဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ တစ်ခဏအတွင်း ပျံ့နှံ့ခဲ့ပြီး ဒီဗီဒီယိုကို ကြည့်ပြီးတဲ့လူတိုင်းကလည်း အဆိုပါအမျိုးသမီးရဲ့ လုပ်ရပ်ကို ချီးကျူးဂုဏ်ပြုခဲ့သလို ကျေးဇူးတင်စကားတွေလည်း ဆိုခဲ့ကြကြောင်း သိရှိရပါတယ်။

READ
ကမ္ဘာ့အ၀ဆုံးဖြစ်ခဲ့ပေမယ့်လည်း (၂၃၈)ပေါင် ၀ိတ်ချနိုင်ခဲ့တဲ့ ကောင်လေး

 

Pyi Hein Kyaw

SHARE