တူတူပုန်းတိုင်း ကစားကောင်းပြီး အ၀တ်လျှော်စက်ထဲ ညပ်ခဲ့ရတဲ့ မိန်းကလေး

Image; IG/Suni

အ ပျော်တွေ လွန် ၊ကစားတာ လွန်ပြီး ဒုက္ခရောက်ခဲ့ရတဲ့  အမျိုးသမီး တစ်ယောက်ရဲ့ အကြောင်းကို  က လေး ရှိတဲ့ မိဘ တွေ သတိထား ဆင်ခြင် နိုင်ဖို့ ပြောပြ ပေးချင်ပါတယ်။ဒီဖြစ်ရပ် ကတော့ အမေရိကန် Virginia ပြည်နယ် ၊ Woodbridge မှာ ဖြစ်ခဲ့တာ ပါ။ Amari Dancy ဆိုတဲ့ အသက် (၁၈)နှစ်အရွယ် မိန်းကလေး က တူတူပုန်း တိုင်း ကစားရင်း အ ၀တ် လျှော်စက်ထဲက နေ ပြန် ထွက် မရ ဖြစ်ခဲ့တာပါ။

Image; IG/Suni

Amari Dancy က တော့ Woodbridge  မှာရှိတဲ့ သူမရဲ့  မောင်နှမ တွေ နဲ့ အတူတူ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ ညက ပျော်ပျော် ပါးပါး တူပုန်းတိုင်း ကစား ခဲ့ပါတယ်။ဘယ်နေရာကို သွားပြီး လုံ အောင် ပုန်း ရမလဲ ဆိုတာကို စဉ်းစားရင်းနဲ့ နောက်ဆုံး မှာတော့ နေရာ ကောင်းတစ်ခု ကို  တွေ့ သွားခဲ့ပါတယ်။သူ မ စိတ် ထဲမှာတော့ အ၀တ်လျှော် စက်က ပုန်း ဖို့ နေရာ ကောင်းလို့ ထင်ခဲ့ ပေမယ့် ဒါဟာ အရမ်း အန္တရာယ် များ တယ်ဆိုတာကို မစဉ်းစားမိခဲ့ပါဘူး။”ကျ မတို့ တွေ အိပ်ယာအောက်၊ဗီရိုထဲ၊ အကုန် ပုန်း ပြီး ပြီး ၊ မြေ အောက် ခန်းကျ တော့ ပုန်းလို့ မရ တော့ အ၀တ် လျှော်စက် ထဲ ၀င်ပုန်း လိုက်မယ်ဆိုပြီး အကြံရ သွားတာ ..” ဆိုပြီး NBC News နဲ့ အင်တာဗျူး မှာ Amari Dancy က ပြောခဲ့ ပါတယ်။

READ
မိခင်ရဲ့ကျေးဇူးကြောင့် ကင်ဆာရောဂါ ပျောက်ကင်းသွားခဲ့တဲ့ လသားအရွယ် သမီးလေး
Image; IG/Suni

ဝင်ပုန်း တုန်းက တော့ အဆင်ပြေ ပြေ နဲ့ အ၀တ် လျှော် စက်ထဲ ၀င် လို့ ရ သွားပေမယ့် ပြန်ထွက်မယ်လဲ ဆိုရော ထွက်မရ တော့ပဲ ညပ် နေခဲ့တာပါ။အဲ့ဒီမှာပဲ သူမရဲ့ မောင်နှ မတွေ ကို အော်ခေါ် ပြီး အကူအညီ တောင်းခဲ့ပါ တယ်။ေ နာက်ဆုံး မိသားစုဝင်တွေ လဲ မလုပ်တတ် မကိုင် တတ်တော့ပဲ မီးသတ် ဌာနကို ဖုန်းဆက် အကူအညီတောင်းခဲ့ရပါ တယ်။ည (၁၁) နာရီ မတိုင်ခင်မှာတော့ မီးသတ် သမား (၆) ယောက် လောက် ရောက်လာခဲ့ပါတယ်။ Dancy ရဲ့ ဒေါ် လေး ဖြစ်သူ Suni ကတော့ တူမ ဖြစ်သူရဲ့ အဖြစ် ကို ဓါတ်ပုံရိုက်ပြီး IG မှာ တင်ခဲ့ပါတယ်။

Image; IG/Suni

တင်ထားတဲ့ ပုံ အရ တော့ ဗီဒီယိုဖိုင်ထဲမှာ ကိုရိုနာ ကူးစက် နေချိန် မို့ မီးသတ်သမား (၄) ယောက် လောက်က လက်အိတ်နဲ့ Mask တပ်ထားပြီး အ၀တ် လျှော်စက်ထဲက Dancy ကို ကယ်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ အ၀တ် လျှော် စက်ရဲ့ အပေါ် ပိုင်းကို ဖယ်ရှားပြီး Dancy ထွက် လို့ ရ အောင် လုပ်ပေးခဲ့ပါတယ်။Dancy ရဲ့ လက် မောင်း ကို ဆွဲ ပြီး သူမကို အပြင်ထုတ် ပေးခဲ့ပါတယ်။ကံ ကောင်းတာ ကတော့ နောက်ဆုံးမှာ အန္တရာယ်ကင်းကင်းနဲ့ အပြင်ကို ပြန် ထွက်နိုင်ခဲ့ပါတယ်။

READ
မထင်မှတ်ပဲ ပေါင်သန်း(၅၀) ကို မိဘအမွေအဖြစ် ရရှိခဲ့တဲ့ သူနာပြုအမျိုးသားလေး

အိမ်မှာ နေရတာ ပျင်းတာလဲ ပျင်းတာ ပေါ့နော်.. အဲ့လို တွေ တော့ ကစား မ နေနဲ့ အုံး 😛

Source:Dailyamil & Suni  ‘s IG

SHARE