မြေပေါ်မှာ ဒန်းစီးနေတဲ့ကလေးကို တိုက်လေးထပ်ပေါ်ကနေ ဒန်းလွှဲပေးနေတဲ့မိခင်

YouTube/ViralHog

အလုပ်များတဲ့မိခင်တစ်ဦးဟာ လေးထပ်တိုက်ပြတင်းပေါက်ပေါ်ကနေ အောက်ထပ်မြေပြင်မှာ ဒန်းစီးနေတဲ့ကလေးကို ဒန်းလွှဲပေးခဲ့ကြောင်း dailymail သတင်းစာမျက်နှာမှာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်ကို ရုရှားနိုင်ငံ ဘဲလ်ဂိုးရော့ဒ်မှာ တွေ့ခဲ့ရတာပါ။ ဗီဒီယိုထဲမှာတော့ ကလေးတစ်ယောက်ဟာ ဒန်းစီးနေပြီး ဒန်းခုံမှာတော့ ကြိုးတစ်ချောင်းချည်ထားတာ တွေ့ရပါတယ်။

ViralHog

အဲ့ဒီကြိုးဟာ တစ်ဖက်တိုက်မှာရှိတဲ့ လေးထပ်က ပြတင်းပေါက်တစ်ခုထိတောင် ရောက်နေပါတယ်။ ချည်ထားတဲ့ကြိုးအလျားက အတော်ရှည်ပြီး ကားပါကင်အပေါ်ကနေတောင် ဖြတ်သွားပါတယ်။ ပြတင်းပေါက်မှာတော့ လူတစ်ယောက်ရဲ့လက်တစ်ဖက်ကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီလက်က အောက်ထပ်က ကလေးစီးနေတဲ့ဒန်းကို လွှဲပေးနေခဲ့တာ ဖြစ်ပါတယ်။

YouTube/ViralHog
YouTube/ViralHog

၏ထူးခြားတဲ့ဒီမြင်ကွင်းကိုတော့ အမျိုးသားတစ်ဦးက ၄င်းအိမ်ကနေလှမ်းမြင်ခဲ့ရတာ ဖြစ်ပါတယ်။ “ကျွန်တော်ဒါကို အိမ်ပြတင်းပေါက်နေလှမ်းတွေ့လိုက်တာ။ တစ်စုံတစ်ယောက်က လေးလွှာကနေ ကြိုးအရှည်ကြီးသုံးပြီ အောက်က ကလေးစီးတဲ့ဒန်းကို လွှဲပေးနေတာ…” လို့လည်း ဆိုခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE