ခင်ပွန်းရဲ့Passportကိုသုံးပြီး ရည်းစားကောင်လေးနဲ့ ခရီးထွက်ခဲ့တဲ့ အမျိုးသမီး

[email protected]

အိမ်ထောင်တစ်ခုအပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ဖောက်ပြန်တယ်ဆိုတာ လုံးဝမကောင်းတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ဒီဘက်ခေတ်မှာ အိမ်ထောင်အများစုမှာ ယောကျာ်းမဟုတ်ရင် မိန်းမ၊ မိန်းမမဟုတ်ရင် ယောကျာ်းက ဖော်က်ပြန်တာ ဖြစ်နေကြပါပဲ။ အခုပြောပြချင်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ရဲ့ ဖောက်ပြန်မှုကတော့ လက်လန်လောက်ပါတယ်။ အဆိုပါ အမျိုးသမီးဟာ ဖောက်ပြန်ရုံတင်သာမက ခင်ပွန်းဖြစ်သူရဲ့ Passport ကိုပါ အသုံးပြုပြီး နောက်ယောကျာ်းလေးတစ်ယောက်နဲ့ သြစတြေးလျနိုင်ငံကို ခရီးပါထွက်ခဲ့သေးကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-RobertDychto

အဆိုပါအမျိုးသမီးကတော့ အိန္ဒိယနိုင်ငံ၊ Uttar Pradesh ပြည်နယ်ရှိ Pilibhit မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အဆိုပါအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူ Mumbai မြို့မှာ အလုပ်လုပ်နေတာကို အခွင့်ကောင်းယူပြီး နောက်ယောကျာ်းနဲ့ ခင်ပွန်းဖြစ်သူရဲ့ Passport ကို အသုံးပြုပြီး သြစတြေးလျနိုင်ငံကို ခရီးထွက်ခဲ့ပါတယ်။ သူမရဲ့ Mumbai မှာရှိတဲ့ ခင်ပွန်းဖြစ်သူကိုတော့ သားသမီးတွေရှိတဲ့ သြစတြေးလျကို ခဏလောက် အလည်သွားမယ်လို့ သာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ခင်ပွန်းဖြစ်သူဟာ သူ့ဇနီးသည်ထွက်သွားပြီးတဲ့နောက်မှာ ပြန်ရောက်လာခဲ့ပါတယ်။ ပြန်ရောက်ပြီး သိပ်မကြာခင်မှာ သူ့အံဆွဲထဲမှာရှတဲ့ Passport မရှိတော့တာကို သိလိုက်ပြီး သက်ဆိုင်ရာကို စုံစမ်းကြည့်တဲ့အခါမှာတော့ သြစတြေးလျကို ရောက်နေတာ သိခဲ့ရပါတယ်။

READ
Super Mario ဇာတ်ကားအတွက် Illumination နဲ့ လက်တွဲမယ်လို့ Nintendo ကြေညာ
Pixabay-geralt

“ ကျွန်တော့်အမျိုးသမီးဖောက်ပြန်နေတာ Sandeep Singh လို့ အမည်ရတဲ့ အမျိုးသားနဲ့ပါ။ သိတာကြာပါပြီ။ ကျွန်တော့်မိန်းမကို ပြောပြီးလည်း ဖြတ်ခိုင်းခဲ့ပါတယ်။ အဲဒီတုန်းကတော့ ပြတ်ပြီလို့ပြောပေမယ့် အခုတော့ Sandeep နဲ့ သြစတြေးလျကို ထွက်သွားခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ Sandeep အိမ်ကို မေးကြည့်လိုက်တော့လည်း သြစတြေးလျမှာလို့ သိရပါတယ်။ သူတို့ထွက်သွားတာ ဇန်နဝါရီလ ၆ ၇က်ကတည်းကပါ။ ဒါပေမယ့် ကြားထဲမှာ COVID 19 ဖြစ်လို့ သူတို့နှစ်ယောက် သြစတြေးလျမှာပဲ နေနေရပြီး ဒီကို ပြန်လာမရဖြစ်နေတယ် ကြားပါတယ်။ ဒီပြန်ရောက်တာနဲ့ နှစယောက်စလုံးကို ဖမ်းဖို့ ကျွန်တော်သက်ဆိုင်ရာကို အကြောင်းကြားထားပါတယ်”လို့ ခင်ပွန်းဖြစ်သူက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE