ပြခန်းကားကို စမ်းမောင်းပြီး ပြခန်းကို ပြန်ဝင်အောင်းခဲ့တဲ့ တရုတ်နိုင်ငံက အက်ဆီးဒင့်

ကားပြခန်းက ကားကို စမ်းသပ်မောင်းနှင်ရင်း ဘရိတ်နဲ့ လီဗာကို မှားနင်းပြီး ကားပြခန်းကို ပြန်ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ် တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသမီးဟာ BMW ကားပြခန်းမှ X1 မော်ဒယ်ကားသစ်ကို စမ်းသပ်မောင်းနှင်တုန်း ဘရိတ်နဲ့ အရှိန်တင်တာကို မှားနင်းခဲ့တယ်လို့ ယူဆရပါတယ်။

Yahoo 7

ဒီဖြစ်စဉ်ဟာ တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ် Guangzhou မြို့မှာရှိတဲ့ BMW ကားပြခန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီက CCTV ကင်မရာကပဲ ဖြစ်စဉ်အစအဆုံး ပြန်တွေ့ခဲ့ရတာပါ။ ဗီဒီယိုထဲမှာ အမျိုးသမီးဟာ အပြာရောင် SUV ကားထဲမှာ ဈေးစကား ပြောဆိုနေတာကိုတွေ့ရတယ်။

အဲ့ဒီနောက် စမ်းမောင်းကြည့်ရင်း  သူမဟာ ဘရိတ် ဘယ်ဟာလည်း မသိတော့ဘဲ အရှိန်တွေ ပိုတင်မိလိုက်သလိုဖြစ်သွားပြီး ပြခန်း အ၀င်ဝက မှန်တံခါးကို ဖြတ်လို့ စုံစမ်းတဲ့ စားပွဲနဲ့ ပြခန်းနံရံတွေကိုပါ ၀င်ဆောင့်ခဲ့တာပါ။  ၀န်ထမ်းတွေကတော့ လွတ်ရာကို ရှောင်နိုင်ခဲ့ကြပါတယ်။

READ
ဆယ်ကျော်သက်လေးပေမယ့် ကိုယ်ပိုင်လုပ်ငန်း စထောင်တော့မယ့် Millie Bobby Brown
Yahoo 7

အဲ့ဒီနောက် ၀န်ထမ်းတွေလည်း မဆိုင်းမတွ ကားဆီကို ရောက်လာခဲ့ကြပါတယ်။ ဒီ အဖြစ်အပျက်မှာ ဘယ်သူမှ ဒဏ်ရာအနာတရ မရခဲ့ကြဘူးလို့ မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်အရလည်း သိရပါတယ်။ တိုက်ပြီးသွားတဲ့နောက် ပျက်စီးသွားတဲ့ ကား ဒရိုင်ဘာ ခုံကနေပြီး အမျိုးသမီး ထွက်လာတာကိုလည်း တွေ့ရမှာပါ။

အခုဆို အာဏာပိုင်တွေ အနေနဲ့လည်း ဒီ အန္တရာယ်ရှိတဲ့ အက်ဆီးဒင့်အတွက် အသေးစိပ် စီစစ်နေတယ်လို့လည်း သိရပါတယ်။ ကားမောင်းတဲ့ သူတစ်ယောက်အနေနဲ့ ဒီလို လီဗာနဲ့ ဘရိတ်မှားနင်းတာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါပဲ။ ဒါပေမယ့် သွေးရူးသွေးတမ်းနဲ့ လုပ်လိုက်မိလိုက်တာလည်း ဖြစ်နိုင်တာပါပဲ။  ဘာပဲပြောပြော ဒီအမျိုးသမီးလို မဖြစ်စေဖို့အတွက် အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

Source: Unilad

Matthew (ShweMOM)
SHARE