ဆီချေးတွေနဲ့ ညစ်ထေးနေတဲ့ အိမ်သုံးပစ္စည်းတွေကို ပြန်လည် တောက်ပြောင်စေဖို့…

အမျိုးသမီးတစ်ဦးဟာ ညစ်ထေးပေကျံနေတဲ့ သူမရဲ့ မီးဖိုတံခါးကို ပါဝင်ပစ္စည်းနှစ်မျိုးထဲသုံးပြီး ပြန်လည်သစ်လွင်သွားအောင် ပြုလုပ်ခဲ့ပုံကို ပြောပြခဲ့ပါတယ်။ သြစတေးလျမှာ နေထိုင်သူ ၄င်းအမျိုးသမီးဟာ ကတ်စ်လို့ အမည်ရပါတယ်။ သူမဟာ သူမရဲ့ မီးဖိုတံခါးမှာ ကပ်နေတဲ့ အဆီချေးတွေကို ဖယ်ရှားဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ခုနည်းကတော့ သူမကိုယ်တိုင် စမ်းသပ်ကြည့်ပြီးမှ အောင်မြင်လာတဲ့ နည်းလေးဖြစ်ပါတယ်။

facebook

အသုံးပြုရတဲ့ ပါဝင်ပစ္စည်းနှစ်မျိုးကတော့ အိမ်မှာ အလွယ်တကူရှိတဲ့ မုန့်ဖုတ်ဆော်ဒါနဲ့ ဗီနီကာတို့ပဲ ဖြစ်ပါတယ်။ သူမဟာ ၄င်းပစ္စည်းနှစ်ခုကို အနှစ်ရအောင် ရောစပ်လိုက်ပါတယ်။ အနှစ်ကို မီးဖိုတံခါးပေါ်မှာ သုတ်လိမ်းပြီး (၁၀)မိနစ် လောက် ဒီတိုင်း ထားလိုက်ပါတယ်။ ပြီးတော့မှ ပန်းကန်ဆေးရာမှာ သုံးတဲ့ အစိမ်းဖတ်လေးနဲ့ တံခါးကို တိုက်ချွတ်ခဲ့တာပါ။

facebook
facebook

သူမဟာ မီးဖိုမှန်ကို စက်ဝိုင်းပုံအတိုင်း တိုက်နေရင်းနဲ့ အံ့သြစရာကောင်းလောက်အောင်ပဲ မီးဖိုမှန်သားဟာ ပြောင်လက်သွားတာကို တွေ့ရှိလိုက်ရပါတယ်။ အခုဆိုရင်တော့ သူမရဲ့ မီးဖိုတံခါးဟာ ညစ်ပတ်နေတဲ့ အညစ်အထေးတွေအားလုံး ကင်းစင်နေတဲ့ မှန်သားလေး ဖြစ်သွားခဲ့ပါပြီ။ ဒါကြောင့် ကတ်စ်ဟာ သူမစမ်းသပ်တွေ့ရှိထားတဲ့ နည်းလမ်းလေးကို အခြားအိမ်ရှင်မတွေအတွက်လည်း ပြန်လည်မျှဝေခဲ့တာ ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ ဗီနီကာရောစပ်ထားတဲ့ အနှစ်ကို မှန်သားကြည်လင်စေဖို့ အသုံးချနိုင်ရုံတင်မကပါဘူး။ အိမ်သာထဲနဲ့ အိမ်သာကြွေခွက်တွေကို သန့်ရှင်းတောက်ပစေလိုတဲ့ အခါမှာလည်း ဒီပါဝင်ပစ္စည်းနှစ်မျိုးကို ပေါင်းစပ်ပြီး အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

READ
မိသားစုထဲမှာ 'အငယ်ဆုံး' လေးတွေရဲ့ ရင်နင့်စရာခံစားချက်များ
facebook

လင်းလင်း (ShweMom)

Ref: theSun

SHARE