သက်သတ်လွတ်စားသူဆိုတာ မေ့သွားတဲ့ချစ်သူကို မှတ်သွားအောင်ပညာပေးခဲ့တဲ့ မိန်းကလေး

သက်သက်လွတ်စားတဲ့ မိန်းကလေးတစ်ယောက်ဟာ သူမ မှာလိုက်တဲ့ ချိစ့်အစား တခြား ချိစ့်ဝယ်လာတဲ့ ချစ်သူကို ပညာပေးတဲ့ အနေနဲ့ ချစ်သူရဲ့ Xbox ဂိမ်းစက်ကို ရိုက်ခွဲပစ်ခဲ့တယ်ဆိုတဲ့ သတင်းကတော့ အွန်လိုင်းပရိသတ်တွေကြား ငိုအားထက် ရယ်အားသန်ဖြစ်ရပ်အဖြစ် ပျံ့နှံ့လို့နေပါတယ်။

သက်သတ်လွတ်စားတဲ့ သူတွေက သူတို့ရဲ့ အစားအသောက်နဲ့ ပတ်သက်လာရင် နည်းနည်းမှ အမှားမခံတတ်ကြသလို သူတို့ရဲ့ အမူအကျင့်ကို မေ့လျော့သွားတာမျိုးလည်း အဖြစ်မခံကြပါဘူး။

pexels

ဒီလို သူမရဲ့ စားသောက်ပုံနဲ့ ပတ်သက်လို့ အတန်တန် သတိပေးထားရဲ့ကြားက ချစ်သူက ချိစ်ဝယ်တဲ့အခါမှာ သူမ သက်သက်လွတ်သမားတစ်ယောက်ဆိုတာကို မေ့သွားခဲ့ပါတယ်။ အဲ့ဒါနဲ့ တကယ့်ကို နွားနို့က ထုတ်ထားတဲ့ ရိုးရိုးချိစ့်နဲ့ ပဲက ထုတ်ထားတဲ့ သက်သက်လွတ်ချိစ့်နဲ့ မှားဝယ်လာတဲ့အခါမှာတော့ အကြီးအကျယ်ပေါက်ကွဲပြီး  သူမရဲ့ စကားတွေကို အလေးမထားရကောင်းလာဆိုပြီး ချစ်သူရဲ့ ဂိမ်းစက်ကို ရိုက်ခွဲပစ်ခဲ့တာဖြစ်ပါတယ်။ ဒီ့အပြင် ဒေါသထွက်ကြောင်း ပိုစ့်ကိုလည်း အကြီးအကျယ်ရေးပြီး Facebook ပေါ်မှာ တင်ခဲ့ပါတယ်။

READ
တစ်ယောက်တည်း ခရီးသွားရမှာ ပျင်းလို့ အွန်လိုင်းပေါ်ကနေ ခရီးသွားဖော် ရှာခဲ့တဲ့ အမျိုးသား
offbrandhandjobs/Reddit

သူမက သူမရဲ့ ချစ်သူနာကျင်ရမယ့် ကိစ္စဖြစ်တဲ့ ဂိမ်းစက်ကို ရိုက်ခွဲပြီး အခုလို မှတ်လောက်သားလောက်ရှိအောင် ပညာပေးခဲ့တာဖြစ်ပါတယ်။ ဘယ်လောက်တောင် လုပ်ထားလဲဆိုရင် ဂိမ်းစက်လက်ကိုင်းက တခြားမှာ၊ ဂိမ်းစက်ကလည်း ရွှံ့ရေတွေ ပေကျံနေပြီး ကြေမွနေကာ အပေါက်တောင် ဖြစ်သွားခဲ့ပါတယ်။

သူမရဲ့ ပိုစ့်က တော်တော်လေးလည်း ပျံ့နှံ့သွားခဲ့ပြီး အင်တာနက် တခွင်မှာ အားပေးမှုတွေ၊ ကောမန့်တွေ ထောင်နဲ့ ချီပြီ ရရှိခဲ့ပါတယ်။ Facebook နဲ့  reddit တွေမှာလည်း ပြန်လည်ဖော်ပြသူတွေ အများကြီးရှိခဲ့ပြီး အသုံးပြုသူတွေရဲ့ ဝေဖန်ထောက်ရှုမှုတွေလည်း အများကြီးရှိခဲ့ပါတယ်။

သူမရဲ့ အပြစ်ပေးပုံကတော့ ချစ်သူကောင်လေးအတွက်တော့ နောင်ကျဉ်သွားမှာတော့ အမှန်ပါပဲ။ အတန်တန်ပြောထားရက် မှားတော့လည်း အခုလိုဖြစ်တာ မဆန်းပါဘူး။ သက်သက်လွတ်စားတဲ့သူတွေ ဒေါသမကြီးဘူး မထင်နဲ့နော်….။

READ
သာမန်လက်ဖက်ရည်ရောင်းသူအဖြစ်မှတစ်နှစ်ပေါင်(၃)သန်းဝင်ငွေရှိလာသူအမျိုးသမီး

Ref: Unilad

Matthew (ShweMOM)
SHARE