အကြောသေနေပေမယ့် လမ်းလျှောက်ကိရိယာသုံးပြီး မာရသွန်ပြေးခဲ့တဲ့ အမျိုးသမီးကြီး

Twitter

အကြောသေရောဂါဖြစ်နေတဲ့ ပင်စင်စားတပ်ကြပ်ကြီး အသက်(၆၅)နှစ်အရွယ် Theresa Verelineဆိုတဲ့ အမျိုးသမီးဟာ Robotic Exoskeleton လမ်းလျှောက်ကိရိယာကိုသုံးပြီး နယူးယော့ခ်မြို့မှာကျင်းပတဲ့ နာမည်ကြီးမာရသွန်အပြေးပြိုင်ပွဲမှာ ပထမဆုံးပန်းဝင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ပါပြီ။

ယှဉ်ပြိုင်ရာမှာတော့ New York City ရဲ့မြို့နယ်ငါးခုမှာ တစ်ခုစီကို (၁၀)မိုင်နဲ့ သုံးရက်ကြာပြေးခဲ့တာဖြစ်ပြီး၊ နိုဝင်ဘာ(၁)ရက်နေ့၊ (၂)ရက်နေ့နဲ့  (၃)ရက်နေ့ ညနေ(၆)နာရီ(၃၅)မိနစ်မှာ နောက်ဆုံး finish line ကို အောင်မြင်စွာ ပန်းဝင်သွားခဲ့တာပါ။

 

မသန်စွမ်းဖြစ်ပေမယ့် ယှဉ်ပြိုင်ရာမှာ ၀ှီးချဲကို လုံးဝ အသုံးမပြုဘဲ ၊ထူးခြားတဲ့လမ်းလျှောက်အထောက်အကူပြု ပစ္စည်း exoskeletonကိရိယာကို သုံးပြီး ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ReWalk 5.0 exoskeleton ကိရိယာကတော့ လေဖြတ်သူတွေ၊ အကြောသေသမားတွေ၊ အောက်ပိုင်းမသန်သူတွေအတွက် လမ်းလျှောက်ရာမှာ အဆင်ပြေပြေနဲ့ ဟန်ချက်ကိုထိန်းနိုင်အောင် ထောက်ပံ့ကူညီပေးတဲ့ကိရိယာဖြစ်ပါတယ်။

Verelineက ကျွန်မအခုလို ပြိုင်ပွဲကို နောက်ဆုံးပန်းဝင်သည်အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ခံစားချက်တွေ ကတော့ မဖော်ပြနိုင်လောက်အောင်ပါပဲ၊ အိမ်မက်တစ်ခုဆိုလည်းမမှားပါဘူး။ နောက်ပြီး ကျွန်မလို မသန်စွမ်းတွေ အထူးသဖြင့် နိုင်ငံတစ်ဝန်းမှာ ရှိနေတဲ့ မသန်စွမ်းကလေးတွေအားလုံးအတွက် ဒါဟာ နမူနာဖြစ်စေချင်ပါတယ်။ လောကမှာ မဖြစ်နိုင်ဘူးထင်တဲ့အရာတွေကို သင်လည်း ရအောင်လုပ်နိုင်တယ်ဆိုတာကို စံနမူနာပေးနိုင်ဖို့ မျှော်လင့်တယ်လို့ သတင်းစားရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Verelineက (၂၀၁၁)ခုနှစ်မှာ အကြောသေရောဂါစတင်ဖြစ်ပွားခဲ့ပြီး၊ (၂၀၁၂)ခုနှစ်နောက်ပိုင်း ReWalk Robotics exoskeleton ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ ဒီကိရိယာကို စတပ်ပြီး မတ်တပ်ရပ်နိုင်ခဲ့တဲ့အချိန်မှာ ငါထပ်ပြီး ဘယ်တော့မှပြန်မလဲကျတော့ဘူးလို့ ခံယူခဲ့သူဖြစ်ပါတယ်။

သွားလာမှုတွေအတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီးနောက်ပိုင်းမှာတော့ အံ့သြဖွယ်အောင်မြင်မှုတွေရရှိလာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အခုလိုနေ့စဉ်နေ့တိုင်းလမ်းလျှောက်နိုင်မတ်တပ်ရပ်နိုင်တဲ့အခွင့်အရေးတွေအတွက်လည်း အရမ်းကို ၀မ်းသာပျော်ရွှင်ခဲ့ရကြောင်းပြောပြခဲ့ပါတယ်။

SHARE