လေယာဉ်တောင်ပံပေါ် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး လေညှင်းခံခဲ့တဲ့ အမျိုးသမီး

[email protected] boryspilchany

လေယာဉ်ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေတဲ့ အခြေအနေမျိုးကို လေယာဉ်စီးဖူးတဲ့လူတော်တော်များများ ကြုံတွေ့ဖူးကြမှာပါ။ လေယာဉ်စက်တစ်ခုခုချို့ယွင်းလို့ပဲဖြစ်ဖြစ်၊ ခရီးသည်မစုံသေးလို့ပဲဖြစ်ဖြစ်၊ ရာသီဥတုအခြေအနေကြောင့်ပဲဖြစ်ဖြစ် အစရှိတဲ့ အကြောင်းအရာအမျိုးမျိုးကြောင့် လေယာဉ်ဆိုက်ရောက်တဲ့အခါပဲဖြစ်ဖြစ်၊ လေယာဉ်ထွက်ခွာတဲ့အချိန်ပဲဖြစ်ဖြစ် Delay ဖြစ်နိုင်ပါတယ်။ အဲဒီလိုအချိန်မှာ အကောင်းဆုံးကတော့ လေယာဉ်ထဲမှာ အေးအေးလူလူ စောင့်ဆိုင်းနေတာပါပဲ။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ကတော့ လေယာဉ် Delay ဖြစ်နေတဲ့အချိန် လေယာဉ်ထဲမှာ ပူလိုဆိုပြီး လေယာဉ်အရေးပေါ်တံခါးပေါက်ကို ဖွင့်ပြီး လေယာဉ်တောင်ပံပေါ်မှာ ခေါက်တုံ့ခေါက်ပြန်လေညှင်းခံပြီး လမ်းလျှောက်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] boryspilchany

ပုံထဲမှာ မြင်တွေ့ရတဲ့ အတိုင်း ခရီးသည်အမျိုးသမီးတစ်ယောက်ဟာ လေယာဉ်တောင်ပံပေါ်မှာ လမ်းလျှောက်နေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အဖြစ်အပျက်ဟာ Ukraine နိုင်ငံ၊ Kiev မြို့ရှိ Boryspil အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သြဂုတ်လ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အဆိုပါအမျိုးသမီးဟာ Turkey နိုင်ငံ၊ Antalya မြို့ကနေပြီးတော့ Kiev မြို့ကို မောင်းနှင်လာတဲ့ Boeing 737 လေယာဉ်ပျံပေါ်မှာ လိုက်ပါစီးနင်းခဲ့သူ ဖြစ်ပါတယ်။ လေဆိပ်ကို လေယာဉ်ဆင်းသက်ပြီးအချိန်မှာ စက်ပစ္စည်းချို့ယွင်းမှုကြောင့် ခရီးသည်တွေကို လေယာဉ်ပေါ်က ဆင်းခွင့်မပေးသေးတဲ့အချိန်မှာ အဆိုပါ အမျိုးသမီးဟာ လေယာဉ်ထဲမှာ နေရတာ ပူလို့ဆိုပြီး အခုလို လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက်ကို သူ့ဘာသာဖွင့်ကာ လေယာဉ်တောင်ပံပေါ်မှာ လမ်းလျှောက်နေခဲ့တာ ဖြစ်ပါတယ်။

READ
ရုရှရဲ့စေခိုင်းမှုနဲ့ အမေရိကန် ဒီမိုကရက်တစ်ပါတီရဲ့ဆာဗာကို ဟက်ခဲ့ရဟုဝန်ခံခဲ့တဲ့ဟက်ကာ

 

“လေဆိပ်လုံခြုံရေးတွေနဲ့ ဆရာဝန်တွေ စစ်ထားတာတော့ အဲဒီအမျိုးသမီးဟာ မူးယစ်ဆေးတို့၊ အရက်တို့ သုံးစွဲထားတာတော့ မရှိခဲ့ပါဘူး။ ရုတ်တရက်ဆိုတော့ အကုန်လုံး လန့်သွားတာပေါ့ဗျာ။ လေယာဉ်ထဲမှာ ပိတ်မိတာကြာလို့ ရုတ်တရက် မွန်းကြပ်လာပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာလို့တော့ ယူဆရပါတယ်။ ကျွန်တော်တို့ လေဆိပ်ဖက်ကနေပြီးတော့ အရေးယူဖို့ အစီအစဉ် မရှိပါဘူး”လို့ လေဆိပ်အာဏာပိုင်တစ်ဦးမှ ပြောကြားခဲ့ပါတယ်။

READ
အသက်(၇၀)အမျိုးသားနဲ့ လက်ထပ်ခဲ့တဲ့ ထိုင်းအပြာမင်းသမီး၊ ဗုဒ္ဓတရားကို ကျေးဇူးတင်ကြောင်းပြော
[email protected] boryspilchany

Pyi Hein Kyaw

SHARE