ဝတ်လာတဲ့တီရှပ်ပေါ်က စတစ်ကာကြောင့် လေယာဉ်လိုင်းက ပြဿနာအရှာခံခဲ့ရတဲ့သူမ

Facebook-Swati Runi Goyal

Daily Mail မှ ဖော်ပြချက်အရ အမေရိကမှာ ခရီးသည်တစ်ဦးက ဝတ်ထားတဲ့တီရှပ်ရဲ့စတစ်ကာကြောင့် လေကြောင်းလိုင်းဝန်ထမ်းတွေက လေယာဉ်ပျံထွက်ဖို့ အကြောက်အကန်ငြင်းဆိုရင်း ပြဿနာရှာခဲ့ရာမှ အခုအချိန်အထိ ခရီးသည်မှာစိတ်မကျေနပ်နိုင်သေးဘူးလို့ သိခဲ့ရပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ။

အသက် ၄၉ နှစ်အရွယ် Swati Runi Goyal ဟာ အောက်တိုဘာလ ၃၀ ရပ်နေ့က Nevada မှ Florida သို့ပြန်ဖို့အတွက် American Airlines ကို ရွေးချယ်ခဲ့ပါတယ်။ တကယ်တမ်း ခရီးသည်တွေ လေယာဉ်ပေါ် တက်ကြတဲ့အချိန်လည်းရောက်ရော Goyal ကို လေယာဉ်ဝန်ထမ်းအမျိုးသားတစ်ဦးကနေ တားကာ လေယာဉ်ထဲ မဝင်စေခဲ့ပါဘူး။

Facebook-Swati Runi Goyal

“ခင်ဗျားတီရှပ်ကစာကို ခင်ဗျားသိရဲ့လား။ ကျွန်တော်တို့ခရီးသည်တွေအတွက် သိပ်မဆင်မပြေလှဘူး” လို့ သူမကို ပြောလာခဲ့ပါတယ်တဲ့။ သူမအင်္ကျီက စာသားဟာ “Hail Satan” ဆိုပြီး လက်ဝါးကပ်တိုင်ကို ဇောက်ထိုးလုပ်ထားတဲ့ ပုံပါပါဝင်နေပါတယ်။ စေတန်နတ်ဆိုးကို ကောင်းချီးပေးထားခဲ့ပြီး ခရစ်ယာန်တို့ရဲ့ အထွတ်အမြက်ထားရတဲ့ လက်ဝါးကပ်တိုင်ကို ဇောက်ထိုးလုပ်ထားခဲ့တယ်ဆိုတော့ မြင်ရတဲ့လူတွေခင်ဗျာ နည်းနည်းလေးတော့ ကသိကအောက်ဖြစ်မိမှာမအမှန်ပါပဲ။

READ
ငိုက်မျည်းနေစဉ် ကိုယ်ထိလက်ရောက်စော်ကားသူနဲ့ကြုံခဲ့ရတဲ့ Dangal မင်းသမီးလေး

ဒါကြောင့် Goyal ကို လေဆိပ်ထဲမှာရှိတဲ့ လုံခြုံရေးအခန်းထဲခေါ်စေကာ အင်္ကျီလဲခိုင်းခဲ့ပါတယ်တဲ့။ သူမပြောပုံအရဆိုရင်တော့ လေယာဉ်ဝန်ထမ်းတွေဟာ သူမကို မတူသလို မတန်သလို၊ သူမကပဲ အပြစ်ကြီးလုပ်ထားသလို စိတ်ပျက်လက်ပျက်နဲ့ ဆက်ဆံခဲ့ကြပြီး Goyal အင်္ကျီမလဲမချင်းလေယာဉ်ကိုလည်း လုံးဝမထွက်ဘဲ ပေနေခဲ့ကြပါတယ်တဲ့လေ။

Facebook-Swati Runi Goyal

နောက်ဆုံး Goyal က လေယာဉ်ပေါ်ကခရီးသည်တွေကို အားနာလာတဲ့အတွက်ကြောင့် အဲဒီအင်္ကျီအပေါ်မှာ နောက်ထပ်အင်္ကျီတစ်ခုထပ်ဝတ်ပေးလိုက်ခဲ့ပါတော့တယ်။ အဲဒီအခါကျမှ သူမကို လေယာဉ်ပေါ်တက်ခွင့်ပေးကာ ဖလော်ရီဒါကို ပျံသန်းလာခဲ့ပါတော့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Goyal ကတော့ စိတ်ကျေနပ်မှုတစ်စုံတစ်ရာမရှိသေးဘဲ လေကြောင်းလိုင်းဖက်ကတော့ Goyal ကို တောင်းပန်ဖို့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရဘူးဆိုပြီးတော့ ပြောထားပါတယ်။

Facebook-Swati Runi Goyal
Facebook-Swati Runi Goyal

တကယ်တော့ Goyal ဟာ စေတန်နတ်ဆိုးကို ကိုးကွယ်တဲ့ဂိုဏ်းထဲက ဂိုဏ်းသားတစ်ဦးဖြစ်တာကြောင့် သူမဖက်ကကြည့်မယ်ဆိုရင်လည်း သူမကိုးကွယ်ရာကို အင်္ကျီဝတ်ထားတာ ချွတ်ခိုင်းတယ်ဆိုတော့ ဘဝင်ကျစရာကိစ္စမဟုတ်ခဲ့ကာ လေကြောင်းလိုင်းဖက်က ကြည့်မယ်ဆိုရင်လည်း စိတ်ထဲစနိုးစနောင့်ဖြစ်စေမယ့် အရာပါ။ လေကြောင်းခရီးသွားတာဟာ ဘယ်လောက်တောင်အန္တရာယ်များလိုက်သလဲဆိုတာ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ သူတို့လည်း သူတို့အယူနဲ့သူတို့လေနော်။

READ
ရေသူမလေးလိုနေထိုင်ပြီး ဝင်ငွေရှာနေတဲ့ကောင်မလေး

Penny

SHARE