ချစ်သူ(၄)ဦးနဲ့အတူ ခရီးသွားပြီး ကိုယ်ဝန်ရခဲ့လို့ ချစ်သူ(၄)ဦးလုံးကို ဖခင်လုပ်ခိုင်းခဲ့တဲ့ သူမ

Facebook- Tory Ojeda

အဆန်းပါပဲနော်။ ချစ်သူကလည်း (၄) ယောက်တောင် ထားသေးတယ်။ အဲဒီ (၄) ယောက်လုံးနဲ့လည်း တစ်ခရီးထဲသွားခဲ့သေးတယ်။ ကိုယ်ဝန်ရလာတော့လည်း (၄) ယောက်စလုံးကို အဖေနေရာထားခဲ့တယ်ဆိုတော့..

အမျိုးသမီးကတော့ အသက် ၂၀ အရွယ်ရှိလို့နေပြီဖြစ်တဲ့ Tory Ojeda ပါ။ ဖလော်ရီဒါရဲ့ Jacksonville မှာ နေထိုင်ပါတယ်။ အရွယ်ရောက်ပြီးသားမိန်းမပျိုလေးမလို့ ရည်းစားထားတယ်ဆိုတာ ဒီခေတ်ကြီးထဲ အဆန်းတော့ သိပ်မဟုတ်တော့ပေမယ့်လည်း Tory ရဲ့ ရည်းစားထားနည်းကတော့ အဆန်းပဲဗျ။

Facebook- Tory Ojeda

အကြောင်းကတော့ အားလုံးသိပြီးကြတဲ့အတိုင်း အမျိုးသားချစ်သူ (၄) ယောက်ကို ပေါ်တင်ပြိုင်တူထားပြီး အတူတူနေကြတာပါပဲ။ Tory ရဲ့ ရည်းစား (၄) ယောက်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ပထမဆုံးစတွဲခဲ့တာကတော Tory တစ်ယောက် အထက်တန်းတက်စဉ်တုန်းကပါ။ သူ့ထက် (၂) နှစ်ငယ်တဲ့ကောင်လေး Marc ပါ။ နောက် (၂) လအကြာမှာပဲ သူမထက် အသက် (၃) နှစ်ပိုကြီးတဲ့ Travis ဆိုသူနဲ့ ချစ်သူထပ်ဖြစ်ခဲ့ပါတယ်။ ဒါကို Marc ကလည်း သဘောတူပါသတဲ့။

READ
Music video တစ်ခုကြောင့် အစိုးရကတောင်တာဝန်ယူဖြေရှင်းခဲ့ရတဲ့ အဆိုတော်နှစ်ဦး

Travis နဲ့ ရည်းစားဖြစ်ပြီး (၇) လအကြမှာပဲ Tory နဲ့ ငယ်ငယ်လေးကတည်းက သူငယ်ချင်းအဖြစ်နေလာခဲ့တဲ့ Ethan နဲ့ Christopher တို့နဲ့လည်း ပြိုင်တူ ရည်းစားဖြစ်သွားခဲ့ပြီ။ စုစုပေါင်း Tory မှာ ရည်းစားက (၄) ယောက်။ ဒါပေမဲ့လည်း (၂၀၁၉) ဇူလိုင်လထဲမှာပဲ ရည်းစားတွေထဲ အသက်အကြီးဆုံးဖြစ်တဲ့ Travis နဲ့ တရားဝင်စေ့စပ်ခဲ့ကြပါတယ်။ နောက် စေ့စစပ်ပွဲ အထိမ်းအမှတ်အနေနဲ့ (၅) ယောက်သား ခရီးအတူတူ သွားခဲ့ကြပါတော့တယ်။

Facebook- Tory Ojeda

ခရီးကပြန်လာခဲ့ပြီး လအနည်းငယ်လောက်အကြာမှာတော့ Tory တစ်ယောက် Chris နဲ့အတူတူရှိနေရင်း ကလေးရနေပြီလားမသိဘူးလို့ ဆိုလာခဲ့သတဲ့။ ဒါကြောင့် Chris ကနေပြီး ကိုယ်ဝန်စစ်ကြည့်ပါလားဆိုတာနဲ့ပဲ Tory တစ်ယောက် ဆီးစစ်ကြည့်လိုက်တဲ့အခါ တကယ်ပဲကိုယ်ဝန်ရနေတာကိုတွေ့ခဲ့ရပါတယ်။ ပြဿနာကတော့ ဒီကိုယ်ဝန်ဟာ ဘယ်သူနဲ့ရခဲ့တဲ့ ကိုယ်ဝန်မှန်း Tory ကိုယ်တိုင်မသိတာပါပဲ။ ဒါပေမဲ့လည်း Tory အတွက်တော့ ဒါဟာ ပြဿနာတစ်ခုမဟုတ်ခဲ့ပါဘူးတဲ့လေ။

အကြောင်းကတော့ သူမအနေနဲ့ရော ချစ်သူ (၄) ယောက်စလုံးကပါ ဒီကလေးဟာ သူတို့ရဲ့သွေးရင်းသဖွယ် သဘောထားပြီး အဖေ (၄) ယောက်လုပ်ပေးဖို့ သဘောတူခဲ့ကြပါတော့တယ်။ တကယ့်ကိုကြည်ကြည်ဖြူဖြူတွေပါပဲ။ Tory အနေနဲ့လည်း (၄) ယောက်မှာ အကုန်လုံးကို အချိန်တွေ ညီတူမျှတူ ခွဲဝေပေးဖို့အတွက် အချိန်ဇယားနဲ့ လုပ်ထားလေ့ရှိတဲ့အပြင်ကိုမှ အဲဒီဇယားထဲ (၅) ယောက်သားအတူတူအချိန်ဖြုန်းဖို့တွေလည်း ပါဝင်နေခဲ့ပါတယ်တဲ့။

READ
သူငယ်ချင်းအချင်းချင်း အနိုင်ကျင့်ခံရလွန်းလို့ မိမိကိုယ်ကို သေကြောင်းကြံခဲ့တဲ့ ကျောင်းသား

Tory ကသာ ချစ်သူ (၄) ယောက်ကို တပြိုင်နက်ထားတာ၊ Tory ရဲ့ ရည်းစားတွေ (၄) ယောက်စလုံးကတော့ Tory ကလွဲရင် ဘယ်သူ့ကိုမှ စိတ်မဝင်စားနေခဲ့ပါဘူး။ ဆိုလိုတာ Tory တစ်ယောက်တည်းကိုပဲ တွဲနေတာပေါ့။ ဒါပေမဲ့ Tory ကတော့ သူမအနေနဲ့ သူမရဲ့ချစ်သူတွေဆီမှာလည်း နောက်ထပ် ကောင်မလေးတွေရဖို့အတွက် မျှော်လင့်နေပါတယ်တဲ့။ Tory တို့လို လူတစ်ယောက်ထက်ပိုတဲ့ ချစ်ခြင်းတွေကိုတော့ open relationship လို့ သုံးနှုန်းပြီး အခုနောက်ပိုင်း အနောက်နိုင်ငံတွေမှာ သိပ်ခေတ်စားနေတဲ့ relationship တစ်မျိုးပါ။

Penny

SHARE