ခန္ဓာကိုယ်က ငါးညှီနံ့ရနေလို့ တစ်ရက်လျှင် လေးကြိမ်ရေချိုးပေမယ့် မသက်သာတဲ့အမျိုးသမီး

ရောဂါတွေကလည်း ရှားရှားပါးပါးပါဘဲ။ တစ်ချို့ရောဂါတွေဟာ တကယ့်ကို မကြားဖူး၊ မကြုံဖူးတဲ့ ရောဂါတွေ ဖြစ်နေတတ်ပါတယ်။ အခုလည်း အသက် 36 နှစ်အရွယ် Kelly Fidoe-White အမည်ရ အမျိုးသမီးဟာ ရှားပါးရောဂါတစ်မျိုးကို ခံစားနေရလို့ ခန္ဓာကိုယ်ကနေ ငါးညှီနဲ့ ထွက်နေပါတယ်။

White ဟာ Trimethylaminuria လို့ခေါ်တဲ့ ရောဂါကို ခံစားနေရလို့ အလွန်ဆိုးဝါးတဲ့ ငါးညှီနံ့ကို ခန္ဓာကိုယ်က ထုတ်လွှတ်နေပါတယ်။ သူမဟာ တစ်ရက်ကို လေးကြိမ်အထိ ရေပုံမှန်ချိုးပေမယ့် အနံ့ကတော့ ပျောက်ပြယ်မသွားပါဘူး။ ဒါကြောင့် လူတွေကို သိသိသာသာ ရှောင်ဖယ်ခဲ့ပြီး ညဘက်ပိုင်းဆင်းရတဲ့ အလုပ်မျိုးကိုပဲ ၀င်လုပ်ခဲ့ပါတယ်။

White ဟာ ဂရိတ်မန်ချက်စတာ၊ အိုးလ်ဒ်ဟမ်းမှာ နေထိုင်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်က ထွက်တဲ့အနံ့ဟာ ငါးညှီနံ့အပြင်၊
ကြက်သွန်နီအနံ့ပါ နံ့နေတယ်လို့ သိရပါတယ်။ တန်ဖိုးကြီး အမွှေးအကြိုင်တွေ သုံးပေမယ့် သူမရဲ့ ငါးညှီနံ့ကိုတော့ လုံခြုံအောင် မဖုံးအုပ်နိုင်ပါဘူး။

READ
မျက်ခုံးအရောင်တင်မိရာမှ မျက်လုံးနှစ်လုံးစလုံး ဖွင့်မရတော့တဲ့ အမျိုးသမီးရဲ့အဖြစ်

သူမဟာ ရေလေးခါချိုးတဲ့အပြင် တစ်နေ့ကို အနည်းဆုံး အ၀တ်အစား နှစ်ခါလဲဝတ်ပါတယ်။ Trimethylaminuria ရောဂါဟာ ကမ္ဘာ့လူဦးရေနဲ့ယှဉ်ရင် တစ်နှစ်လုံးမှာ လူု 300 မှ 600 လောက်အထိသာ ဖြစ်လေ့ရှိတဲ့ ရောဂါဆန်းတစ်မျိုးပါဘဲ။ Trimethylaminuria လို့ခေါ်တဲ့  ရောဂါရရှိသူဟာ မှားယွင်းတဲ့ ဟိုးမုန်းနဲ့ ဓာတ်သဘာဝတွေ ထုတ်လွှတ်ပေးပြီး၊ ရောဂါရှိသူရဲ့ ချွေးနဲ့ လည်ချောင်းမှထွက်သည့်လေ၊ ကျင်ငယ်ရေ စတဲ့အရာတွေမှာ အနံ့အသက် ဆိုးဝါးခြင်းကို ဖြစ်စေတဲ့ ရောဂါ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဆိုရသော် အစားအစာထဲမှာပါဝင်တဲ့ Choline ဆိုတဲ့ ဓာတ်ပစ္စည်းတွေကို ခန္ဓာကိုယ်က မချေမွှနိုင်ခြင်းကနေ ခန္ဓာကိုယ်ကနေ ထွက်တဲ့အနံ့တွေကို ကမောက်ကမ ဖြစ်စေတာပါ။ White ဟာ ဒီရောဂါကို ဆယ်ကျော်သက် အရွယ်လောက်ကတည်းက ခံစားခဲ့ရတာ ဖြစ်ပါတယ်။

READ
1963 ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ တူရကီက မြေအောက်မြို့တော်

ဒါပေမယ့် ဒီအတွက် White ဟာ ဆေးဝါးကုသမှု ခံယူနေပြီး ထိရောက်မှုတွေ ပြသလာခဲ့လို့ အခုအခါမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးပွားလာပြီလို့ ဆိုပါတယ်။ Trimethylaminuria ရောဂါရှိမရှိကို ထပ်မံစမ်းသပ်တဲ့အခါမှာလည်း Positive အဖြေကို ရခဲ့လို့ သူ့သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ဆက်ဆံရာမှာ ရဲတင်းမှုတွေ ပိုတိုးလာတယ်လို့ သူမက ဆိုပါတယ်။

မဒီလေး (Shwemom)

source : mirror.co.uk

SHARE