မိတ်ကပ်ပုံမှန်မဖျက်လို့ မျက်တောင်မွှေးမှာ သန်းတွယ်ခဲ့တဲ့တရုတ်အမျိုးသမီး

orientaldaily / Facebook

မိန်းကလေးအများစုဟာ ရုပ်ပိုင်းဆိုင်ရာလှပဖို့မိတ်ကပ်ပြင်ဆင်ခြယ်သကြပေမယ့်၊ တစ်ရက်တာအဆုံးမှာ အဲဒီမိတ်ကပ်တွေကိုဖယ်ရှားဖို့အတွက်တော့ အနည်းငယ်ပျင်းရိတတ်ကြပါတယ်။ ဒါဟာ တကယ်ဆိုးရွားလှတဲ့အချက်တစ်ခုပါ။ အဲဒီလိုနေ့ရက်တွေကြာလာတာနဲ့အမျှ  သင့်အသားရေမှာ အညစ်အကြေးနဲ့ဆဲလ်သေတွေ ဖြစ်ပေါ်လာပြီး ချွေးပေါက်ကျယ်လာတွေဖြစ်လာပါလိမ့်မယ်။ မိတ်ကပ်မဖျက်လို့ မျက်တောင်မှာ သန်းတွယ်ခဲ့တဲ့ တရုတ်နိုင်ငံက အမျိုးသမီးတစ်ယောက်အကြောင်းကိုပြောပြပေးပါမယ်။

တရုတ်နိုင်ငံ ဟူဘေးပြည်နယ်က အသက်(၃၂)အရွယ်အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့ခြောက်လက မျက်လုံးတွေယားယံပြီး မျက်တောင်တွေကျွတ်ထွက်လာလို့ ဆရာဝန်သွားပြရာမှ သူမရဲ့မျက်တောင်မှာ သန်းတွေရှိနေတာကို တွေ့ရှိခဲ့တယ်လို့ Oriental Daily. သတင်းမှာ ဖော်ပြထားပါတယ်။

orientaldaily.

Demodexလို့ခေါ်တဲ့သန်းအမျိုးအစားဖြစ်ပြီး၊သူတို့က အမွှေးအမျှင်တွေရဲ့မွှေးညှင်းပေါက်တွေက ဆဲလ်သေတွေကို စားသောက်ကြတာဖြစ်ပါတယ်။

ဆရာဝန်က သူမရဲ့မျက်တောင်တွေကို မိုက်ခရိုစကုပ်နဲ့ကြည့်လိုက်တဲ့အခါမှ မျက်တောင်အရင်းနားတွေမှာ သန်းတွေ လှုပ်လှုပ်လှုပ်လှုပ်သွားနေတာကိုတွေ့ခဲ့တာပါ။

ဆရာဝန်ကသူမကို အလုပ်မှာ မိတ်ကပ်လိမ်းရလားလို့မေးလိုက်ပြီး၊ ပုံမှန်အလုပ်တွေများတာနဲ့ အလုပ်ဖိအားတွေကြောင့် မိတ်ကပ်ဖျက်တာတွေမလုပ်ခဲ့တဲ့အတွက် အခုလို မျက်တောင်မှာ သန်းတွယ်လာတာလို့ဆရာဝန်က ပြောပါတယ်။

freepik

သန်းတွေထပ်ပြီးမပွားလာအောင် မိတ်ကပ်လိမ်းပြီးတိုင်းဖျက်ဖို့အကြံပေးခဲ့ပြီး၊ အချိန်မီမကုသဘဲ ထားရင်အခြေအနေပိုဆိုးလာပြီး ပြန်လည်ကောင်းမွန်ဖို့ အချိန်ကြာသွားလိမ့်မယ်လို့ဆိုပါတယ်။

ဒီထက်ပိုဆိုးလာရင်တော့ မျက်လုံးမှာ အနာဖြစ်တာပြည်တည်တာ မျက်စိနာတာနဲ့ မျက်ခွံအတွင်းသားရောင်ရမ်းခြင်းစတဲ့ မျက်လုံးနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မလာအောင် ဘယ်လောက်အလုပ်များများ ညအိပ်ရာဝင်ခါနီးတိုင်းမိတ်ကပ်တွေဖျက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Khaing

SHARE