(၇၈) နှစ်အတွင်း ကလေး (၆၉) ယောက်တိတိ စံချိန်တင် မွေးဖွားခဲ့တဲ့ အမျိုးသမီး

ရင်သွေးတွေဆိုတာ ဘဝကြီးရဲ့ ပန်းပွင့်လေးတွေပါပဲ။ သို့ပေမယ့် ပုံမှန်ဖြစ်နေတဲ့ သဘာဝတရားကြီးကြောင့် အများစုသော လူသားတွေဟာ တစ်သက်လုံးမှာမှ ပန်းပွင့်လေး ၂ ပွင့် ၃ ပွင့်လောက်သာ ရရှိခဲ့ကြပါတယ်။ သို့ပေမယ့် အခုဖော်ပြပေးထားတဲ့ အမျိုးသမီးကတော့ တစ်သက်တာအတွင်း ပန်းပွင့် (၆၉) ပွင့်ပါတဲ့ ပန်းစည်းခိုင်ကြီးကို မွေးထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။

© Sergei Prokudin-Gorskii _commons.wikimedia.org

ထိုအမျိုးသမီးနာမည်ကတော့ Valentina Vassilyeva ပါ။ သူမဟာ (၁၇) ရာစုအတွင်း မိသားစုများစွာနဲ့ နေထိုင်ခဲ့ပါတယ်။ သူမဝမ်းနဲ့လွယ်မွေးထားတဲ့ ရင်သွေးတွေကြောင့်ပဲ သူမတူတဲ့ကမ္ဘာ့စံချိန်တင်ဆုကို ရရှိထားခဲ့တာပါ။

Valentina Vassilyeva ဟာ ရုရှားနိုင်ငံ၊ Shuya မှာ နေထိုင်တဲ့ Feodor Vassilyeva ဆိုသူ လယ်သမားရဲ့ ပထမမြောက်ဇနီးမယားဖြစ်ပါတယ်။ ၁၇၀၇ ခုနှစ်မှ ၁၇၈၂ ခုနှစ်အတွင်း နေထိုင်ခဲ့ပါတယ်။

READ
အိမ်မှာ စာအုပ်တွေအများကြီးနဲ့အတူ ကြီးပြင်းလာတဲ့ ကလေးတွေဟာ အောင်မြင်နိုင်ခြေများ
© Sergei Prokudin-Gorskii _ commons.wikimedia.org

မီးဖွားခြင်းကို (၂၇) ခါကြုံတွေ့ခဲ့ရပြီး တစ်ခါမွေး နှစ်မွှာပူး၊ သုံးမွှာပူးနဲ့ လေးမွှာပူးအထိတောင် မွေးခဲ့တာပါ။ သွေးမဆုံးခင် နှစ်ပေါင်း (၄၀) အတွင်းမှာတင်ကို ဒီကလေး (၆၉) ယောက်စလုံးကို မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ကလေး (၆၉) ယောက်ထဲက နှစ်ယောက်ဟာတော့ အရွယ်မရောက်သေးတဲ့ အချိန်မှာ သေဆုံးခဲ့ကြပါတယ်။

Wikipedia
Bright Side

ပြောစကားအရတော့ Valentina Vassilyeva တို့မိသားစုဟာ အစိုးရရဲ့ထောက်ပံ့ငွေများနဲ့အတူ မော်စကိုသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ Valentina Vassilyeva ရဲ့အကြောင်းကို ဘယ်သူမှ ရေရေရာရာမသိကြပေမယ့် Shuya ဒေသမှာတော့ နာမည်ကျော်ကြားလျက်ရှိပါတယ်။ အချို့လူတွေက ဒါဟာ ပါးစပ်ပြောရာဇဝင်သာဖြစ်ပြီး မှန်ကန်တိကျမှုမရှိဘူးလို့လည်း ဆိုကြပါသေးတယ်။ Valentina Vassilyeva ဆိုတဲ့ နာမည်နဲ့ အမျိုးသမီးဟာ တကယ်ရှိခဲ့ပေ မယ့် အဲ့ဒီခေတ် အခြေအနေတွေကြောင့် စာရွက်စာတန်းတွေနဲ့ မိသားစုစာရင်း မှတ်တမ်းတင်ထားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း Vassilyeva မျိုးဆက်တွေကတော့ လက်ရှိအချိန်အထိ ရုရှားနိုင်ငံတွင်းမှာ နေထိုင်နေဆဲ ဖြစ်ကြောင်းကိုလည်း သိရပါတယ်။

READ
ကင်ဂျုံအန်ရဲ့ မြေအောက်စခန်းများကိုဖျက်ဆီးဖို့ ဒေါ်နယ်ထရန့် အသုံးပြုနိုင်တဲ့MOP ဗုံး

Source: BBC, Bright Side

Penny

SHARE