လှဖို့အတွက် ခွဲစိပ်ပြုပြင်တာဟာ အန္တရာယ်ရှိကြောင်း ဖွင့်ဟလိုက်တဲ့ Cele မလေး

Instagram / Sophie Elise

ဒီနေ့ခေတ်ကြီးမှာ လူတွေဟာ ခန္ဓာကိုယ် သွယ်လျလှပဖို့အတွက်ဆိုရင် ဘာမဆိုလုပ်လေ့ရှိကြပါတယ်။ အဲ့ဒီထဲကမှ အလှပရေးရာတွေအတွက် ခွဲစိပ်ကုသမှုတွေပြုလုပ်လာခဲ့ကြပါတယ်။ ခန္ဓာကိုယ်ပြောင်းလဲသွားဖို့အတွ က်ဆိုရင် ဆီလီကွန်လိုမျိုးအန္တရာယ်ရှိတဲ့ အရည်တွေကိုပါ ထိုးသွင်းလာကြပါတယ်။

အဲ့လိုအလှအပအတွက် ခွဲစိပ်မှုတွေလုပ်တဲ့အထဲမှာ instagram မှာ follower လေးသိန်းကျော်ရှိတဲ့ ဆယ်လီတစ်ယောက်ဖြစ်တဲ့ Sophie Elise လို့ခေါ်တဲ့ ကောင်မလေးလည်းပါပါတယ်။ Sophie Elise ဟာ အင်စတာဂရမ် blogger တစ်ယောက်လည်းဖြစ်ပါတယ်။

လူတွေဟာ instagram မှာ ထင်ပေါ်ကျော်ကြားဖို့ အလှအပရေးရာတွေနဲ့ ပတ်သက်ပြီး အမျိုးမျိုး လုပ်ဆောင်ကြပါတယ်။ဒါတွေဟာ မှားယွင်းတဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို့ Sophie Elise ကပြောပါတယ်။

 

 

View this post on Instagram

 

I kveld skal jeg bli roastet på et utsolgt sentrum scene!!!! wish me luck!

A post shared by Sophie Elise (@sophieelise) on

Sophie Elise ကလည်း သူမလည်း အလှအပအတွက်နဲ့ သူမအသက်(၁၉)နှစ်အရွယ်မှာ ဈေးပေါတဲ့တင်ပါးခွဲ စိပ်မှုပြုလု ပ်ခဲ့ဖူးတယ်လို့ ၀န်ခံခဲ့ပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာတော့ သူမဟာ စိတ်ပိုင်းဆိုင်ရာပါမက ရုပ်ပိုင်းဆိုင်ရာ အနေနဲ့ပါ နာကျင်မှုတွေကိုခံစားခဲ့ရတယ်လို့ပြောပြခဲ့ပါတယ်။

လှပဖို့ ထင်ပေါ်ကျော်ကြားဖို့ ဒီလိုပြုလုပ်တာတွေဟာ လွဲမှားနေတဲ့နည်းလည်းတွေဖြစ်တယ်လို့ Sophie ကရှင်းပြထားပါတယ်။

နောက်တစ်ခုက ပြုလုပ်ခဲ့မယ်ဆိုရင်လည်း ဆရာဝန်တွေနဲ့ကြိုတင်တိုင်ပင်ဆွေးနွေးမှုတွေလုပ်ပြီးမှ သာလုပ်ဆောင်သင့်ပါတယ်။ ဒါကလည်း အလှအပကိုပြုပြင်ပြောင်းလဲတဲ့နေရာမှာ အရေးကြီးဆုံးအချက်တ စ်ချက်ဖြစ်ပါတယ်။ဒါမှလည်း ကြိုတင်ကာကွယ်မှုတွေ၊ပြင်ဆင်မှုတွေလုပ်ဆောင်နိုင်မှာပါ။

 

View this post on Instagram

 

A post shared by Sophie Elise (@sophieelise) on

အခုတော့ကျွန်မရဲ့တင်ပါးမှာထည့်သွင်းထားတဲ့စီလီကွန်တွေကို Los Angeles မြို့မှာပြန်လည်ခွဲထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်မရဲ့တင်ပါးကို နဂိုပုံစံအတိုင်းပဲထားတော့မှာဖြစ်တယ်လို့ Sophie က သူ့ရဲ့အစီအစဉ်တွေကိုပြောပြခဲ့ပါတယ်။

ဒီအချိန်မှာ ဈေးပေါတဲ့အလှကုန်ပစ္စည်းတွေနဲ့ခွဲစိပ်ကုသတာဟာ စိတ်ကူးကောင်းတစ်ခုဖြစ်မယ်လို့ထင်နေနိုင်ပေမယ့် တကယ့်တကယ်မှာတော့ ပြင်းထန်တဲ့ဆိုးကျိုးတွေကို နောက်ဆက်တွဲရောက်လာရမယ့်အခြေအနေတွေအဖြစ် ရင်ဆိုင်ရမှာဖြစ်တယ်လို့ Sophie က သူမရဲ့ blog ကနေတစ်ဆင့်သတိပေးပြောကြားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Sophie Elise (@sophieelise) on

United Kingdom မှာ ထက်ဝက်ဈေးနှုန်းအလှအပခွဲစိပ်ပြုပြင်ပေးတယ်ဆိုတဲ့ကမ်းလှမ်းချက်ကြောင့် သွားရောက်ပြုပြင်မှုတွေလုပ်ခဲ့တဲ့အမျိုးသမီးတစ်ဦးဟာ ခွဲစိပ်ပြုပြင်မှုလုပ်ပြီးမကြာခင်မှာပဲသေဆုံးသွားခဲ့ပါတယ်။ ဒါဟာဈေးပေါတဲ့ပစ္စည်းတွေကိုသုံးပြီး ပြုပြင်ပေးလိုက်လို့ပါ။

ဖြစ်နိုင်ရင်တော့ ဘာခွဲစိပ်ပြုပြင်မှုမှမလုပ်ပဲ နဂိုအတိုင်းရှိနေတဲ့ အလှအပလေးတွေကို ထိန်းသိမ်းထားမယ်ဆိုရင် အန္တရာယ်ကင်းပါတယ်လို့  Sophie ကပြောခဲ့ပါတယ်။

Thae

SHARE