(၁၃)ကြိမ်အထိ ကလေးပျက်ကျခဲ့ပြီးမှ သမီးလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ မိခင်

Laura Worsley/Facebook

အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကလေးအဖက်မတင်မှု (၂)ကြိမ်၊ ကလေးပျက်ကျမှု (၁၁)ကြိမ်အထိ ရှိခဲ့ရာမှ နောက်ဆုံးတော့ သမီးလေးတစ်ယောက်ကို အောင်မြင်စွာ ဖွားမြင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူမဟာ ရှားပါးရောဂါနှစ်မျိုးကြောင့် သူမ ကိုယ်ဝန်တွေအပေါ် သက်ရောက်မှုရှိခဲ့တာလို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးအမည်ကတော့ Laura Worsley ဖြစ်ပြီး Kenilworth . Warwickshire မှာ နေထိုင်သူပါ။ ကိုယ်ဝန်(၁၁)ကြိမ် လျှောခဲ့ပြီး၊ သားယောက်ျားလေးနှစ်ယောက်တော့ လူ့လောကကို ခေတ္တအလည်ခေါ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ယောက်က (၁၇)ပတ်၊ တစ်ယောက်က (၂၀)ပတ်မှာ သေဆုံးသွားခဲ့တာပါ။

Laura Worsley/Facebook

အခုတော့ သမီးလေး Ivy ကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပြီး (၉)လအရွယ်တောင် ရောက်နေပါပြီ။ သူမကို လေးကြိမ်မြောက် ကိုယ်ဝန်ပျက်ကျအပြီးမှာတော့ University Hospital of Coventry and Warwickshire’s Biomedical Research Unit မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ Siobhan Quenby နဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

READ
မိန်းကလေးတွေချစ်သူကို စိတ်ဆိုးစိတ်ကောက်ရင် ပြောလေ့ရှိတဲ့စကားလုံးများ စုစည်းမှု

ပါမောက္ခ Quenby ရဲ့ အဆိုအရ Laura မှာ Antiphospholipid syndrome လို့ခေါ်တဲ့ ရောဂါအခြေအနေကို ခံစားနေရပြီး၊ ဒါဟာ အစာခြေစနစ်နဲ့ဆိုင်တဲ့ရောဂါတစ်မျိုး ဖြစ်ကြောင်း၊ သွေးခဲတွေပမာဏတိုးပွားလာစေပြီး၊ ကိုယ်ဝန်သည်အမျိုးသမီးကို သားလျှောစေနိုင်နိုင်ကြောင်း သိရပါတယ်။

Laura Worsley/Facebook
Laura Worsley/Facebook

Luara နောက်ထပ် ခံစားနေရတဲ့ ရောဂါမှာ Chronic Histiocytic Intervillositis (CHI) ဖြစ်ပြီး၊ ဒီရောဂါကလည်း သားအိမ်အတွင်း ကလေးသေဆုံးနိုင်ခြေမြင့်မားခြင်းကို ဖြစ်စေတယ်လို့ ပါမောက္ခ Quenby က ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ခက်ခက်ခဲခဲ အခြေအနေမှာ သမီးလေး Ivy ကို ခက်ခဲစွာ မွေးခဲ့ရပါတယ်။

ခင်ပွန်းသည် Dave ကလည်း အလွန်ပျော်ရွှင်နေပါတယ်။ Laura က “ ဒီလို အခြေအနေနဲ့ ကျွန်မ အခက်အခဲတွေ အများကြီး ဖြတ်ကျော်ခဲ့ရတာဆိုတော့ … Ivy က ကျွန်မသမီးမှ ဟုတ်ရဲ့လားလို့ ခဏခဏ စဉ်းစားမိတယ် … တစ်ခြားလူတွေလည်း ခက်ခဲတဲ့ အခြေအနေတွေနဲ့ ကလေးမွေးခဲ့ရကြောင်း မကြာခဏ ဖတ်မိပေမယ့် အခုက ကျွန်မအတွက်တော့ ကိုယ်ပိုင်ဇာတ်လမ်း ဖြစ်နေပါပြီ”လို့ ပြောပါတယ်။

READ
သင်မသိသေးတဲ့ ကမ္ဘာကျော် Logo တွေအကြောင်း
Laura Worsley/Facebook

သူမက ဆက်လက်ပြီး “ အခုဆို (၉)လတောင် ရှိနေပြီး … ကျွန်မ Ivy ကို ကျွန်မ ပိုင်တာမှဟုတ်ရဲ့လားလို့ မယုံနိုင်ဖြစ်နေသေးတုန်း … ဘာပဲဖြစ်ဖြစ် ခက်ခဲတဲ့အခြေအနေမှာ မိခင်ဖြစ်ခွင့်ရခဲ့လို့ ကျွန်မ အရမ်းဝမ်းသာမိတယ် … ကျွန်မ အိပ်မက် အမှန်တကယ် ဖြစ်လာတာပါဘဲ ”လို့ ပြောခဲ့ကြောင်း အင်္ဂလန်အခြေစိုက် The Sun သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လင်းဇော်ကို (Shwemom)

SHARE