ချစ်သူကို ဆုံးရှုံးခဲ့တာ (၁) နှစ်ကျော်ကြာပြီးပေမယ့် တမ်းတနေဆဲဖြစ်တဲ့ မိန်းကလေး

ဖိလစ်ပိုင်-တရုတ် မော်ဒယ်လေးတစ်ဦးဖြစ်တဲ့ ဂျနီကာနမ်ဖလိုရက်စ်ကာရဲ့ ရည်းစားဟာ လွန်ခဲ့တဲ့ (၁) နှစ်ကျော်တုန်းက ရေနစ်ပြီး သေဆုံးခဲ့ပါပြီ။ ချစ်သူသေတာ နှစ်နဲ့ချီကြာပြီ ဖြစ်ပေမယ့် မမေ့နိုင်ဆဲဖြစ်နေတဲ့ ဂျနီကာဟာ ဆိုရှယ်မီဒီယာပေါ်မှာ သူတို့နှစ်ဦးရဲ့ စုံတွဲပုံလေးတွေကို အခုတိုင် တင်နေဆဲ ဖြစ်ပါတယ်။ ဂျနီကာဟာ သူမရဲ့ ရည်းစား ဖရန်ကိုဟာနန်ဒက်ဇ်ကို (၂၀၁၇) ခုနှစ် နိုဝင်ဘာလမှာ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

Instagram
Instagram

ဖရန်ကိုဟာ “Hashtags” အမည်ရတဲ့ အမျိုးသားအကအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဖရန်ကိုဟာ သေဆုံးချိန်မှာ အသက်(၂၆) နှစ်ပဲ ရှိပါသေးတယ်။ ဂျနီကာရဲ့ အဆိုအရ သူမနဲ့ ဖရန်ကိုဟာ မော်တော်စီးနေစဉ် လှိုင်းကြီးမိတာကြောင့် နှစ်ယောက်စလုံး ရေထဲခုန်ချခဲ့ရပါတယ်။ ဖရန်ကိုဟာ ဆေးခန်းရောက်တဲ့အခါ သတိမရတော့ပါဘူး။ ဆေးရုံကို ထပ်သွားပြတဲ့အခါမှာတော့ ဖရန်ကို ကို သေဆုံးပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ကြပါတယ်။ ဖရန်ကိုဟာ သူတို့အမျိုးသားအကအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက်နှစ်ပတ်လည်နေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Instagram
Instagram

ဖရန်ကို မသေဆုံးခင်မှာ ဂျနီကာဟာ သူမရဲ့ အင်စတာဂရမ်အကောင့်တစ်ခုလုံးမှာ သူတို့နှစ်ယောက်ရဲ့ ချစ်ကြည်နူးနေတဲ့ဓာတ်ပုံတွေကို တင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဖရန်ကို သေဆုံးပြီး (၁) နှစ်ခွဲနီးနီး ကြာမြင့်နေပြီဖြစ်တာတောင် ဂျနီကာဟာ ဖရန်ကို လွမ်းဆွတ်နေဆဲဖြစ်ပြီး သူတို့နှစ်ဦး အမှတ်တရဓာတ်ပုံလေးတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်နေဆဲ ဖြစ်ပါတယ်။

READ
သေဆုံးပြီး ရက်အနည်းငယ်မှာပင် ဓာတ်ပုံနောက်ကွယ်မှာ ပြန်လည်ပါဝင်လာခဲ့တဲ့အဖွား
Instagram
Instagram

ပြီးခဲ့တဲ့ ဧပြီလ ဖရန်ကိုရဲ့ မွေးနေ့မှာတော့ ချစ်ရသူရဲ့ မွေးနေ့ရောက်ခဲ့ပေမယ့် သူမနဲ့အတူ မရှိနိုင်တော့တဲ့ ချစ်သူကို တမ်းတရင်း ဂျန်ီကာက ‘အမှတ်တရတွေ ပျော်ရွှင်မှုတွေနဲ့ မျက်ရည်တွေပါ ပြည့်နှက်နေပါတယ်….’ လို့ စာရေးသားခဲ့ပါတယ်။

ဖရန်ကိုရဲ့ အ၀တ်အစားတွေကို ၀တ်ထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။

Instagram

သူတို့နှစ်ဦး အရင်အချိန်တုန်းက ပျော်ရွှင်ခဲ့ဖူးတဲ့ အခိုက်အတန့်လေးတွေပါ။

Instagram
Instagram

ဖရန်ကို မသေခင် နောက်ဆုံးအကြိမ် ကဖြစ်ခဲ့တာလေးပါ။

 

View this post on Instagram

 

Huling sayaw🎶 21st month

A post shared by Janica Nam Floresca (@janicanam) on

ချစ်သူကို မမေ့နိုင်သေးပဲ အရမ်းတွေ့ချင်နေပါကြောင်း သူမရဲ့ ခံစားချက်တွေကို ရေးသားထားတဲ့ ပို့စ်လေးပါ။


လင်းလင်း (ShweMom)

READ
ဖခင်ရဲ့သူငယ်ချင်းက မတရားကျင့်,သတ်ပြီး အလောင်းဖျောက်ခံခဲ့ရတဲ့ ကလေးမလေး

Ref: nextshark

SHARE