ခင်ပွန်းသည်ကရိုက်လို့ အိမ်ပေါ်က ခုန်ချတဲ့အမျိုးသမီး၊ မသန်စွမ်းဘဝ ရောက်ဖို့ရှိနေ

ဘရားဇီးနိုင်ငံ၊ Manaus မြို့မှာ လင်မယားနှစ်ယောက် ပြီးခဲ့တဲ့ အင်္ဂါနေ့မနက်က အချင်းများ ရန်ဖြစ်ခဲ့ကြပါတယ်။ ခင်ပွန်းသည်ဖြစ်သူက ဇနီးကို အတင်းရိုက်ပုတ်ကန်ကျောက်ခဲ့တဲ့အတွက် အမျိုးသမီးဟာ ပေ(၂၀)အမြင့် နှစ်လွှာအခန်းပေါ်ကနေ အောက်ကိုခုန်ချခဲ့ကြောင်း သိရပါတယ်။

Focus On News

ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ ဇနီးသည်ရဲ့အမည်ကတော့ Taiane Falco Rios ဖြစ်ပြီး အသက်(၂၃)နှစ် ရှိပါပြီ။ သူမရဲ့ ခင်ပွန်းသည် Diego Felipe Pereira Santana (၂၇)နှစ်က သူမကို လက်သီးနဲ့ထိုးခြင်း၊ ဦးခေါင်းဆံပင်ကို ဆွဲပြီး နံရံနဲ့ခေါင်းနဲ့တိုက်ခြင်း စတဲ့နှိပ်စက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

Focus On News

Diego ဟာ အခင်းဖြစ်တဲ့ မနက်က ဇနီးဖြစ်သူကို တစ်ခြားအမျိုးသားတစ်ဦးနဲ့ သဝန်တိုရာကနေ အချင်းများခဲ့ကြပြီး၊ နောက်ဆုံးမှာ ဇနီးကို ရက်ရက်စက်စက်တိုက်ခိုက်ခဲ့ပါတယ်။ ယင်းနောက် ဇနီးသည် Rios ဟာ ကြောက်လွန်းမက ကြောက်ပြီးတော့ အိမ်ပေါ်ကနေ ခုန်ချပြီးထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်။

READ
လက်၂ဖက်မရှိပေမယ့် ဘ၀ကို အရှုံးမပေးပဲ ဖြတ်သန်းနေတဲ့သားအမိ
Focus On News

ဒါပေမယ့် Rios ဟာ အောက်ကိုပြုတ်ကျတဲ့အရှိန်က ပြင်းထန်ခဲ့တဲ့အတွက် အဓိက ကြွက်သားအကြောတစ်ချို့ အလုပ်လုပ်မှု ရပ်ဆိုင်းခဲ့ပြီး၊ အသက်အန္တရာယ်မထိခိုက်နိုင်ပေမယ့် ဒုက္ခတိဘဝကို ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒီလိုမှ မခုန်ချရင်လည်း Diego က သူမကို ဓားနဲ့ထိုးသတ်ဖို့ ကြိုးစားနေပြီလို့လည်း သိရပါတယ်။

Focus On News

ဆရာဝန်တွေရဲ့စစ်ဆေးချက်အရ Rios ဟာ ကျောရိုးကျိုးသွားပြီး၊ အာရုံကြောကို ထိခိုက်မိခဲ့လို့ ကိုယ်အောက်ပိုင်းသေမယ့် အရေးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ သူမ အောက်ကို ပြုတ်ကျချိန်မှာ လူနာတင်ကား ရောက်လာပေမယ့် Diego က ဇနီးဖြစ်သူကို မထိဖို့၊ ဆေးရုံမပို့ဖို့ လာရောက်အကူအညီပေးသူတွေကို ရန်ပြုတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

သူဟာ Rios ရဲ့ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်ကို လူနာတင်ကားထဲကနေ ဆွဲချဖို့အထိနှောက်ယှက်ခဲ့ပြီး၊ နောက်ဆုံးအခန်းချင်းကပ် ဒေသခံတွေက သူ့ကို ဝိုင်းဝန်းထိန်းသိမ်းခဲ့ကြတယ်လို့ သိရပါတယ်။ သူ့ကို ရဲက အခင်းဖြစ်ချိန်နဲ့ မရှေးမနှောင်းမှာပင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ Diego ဟာ ဒဏ်ကြေးအနေနဲ့ ပေါင် (၅၇၀)နဲ့ ညီမျှတဲ့ပိုက်ဆံ ပေးဆောင်ခဲ့ပြီး၊ အချုပ်လွတ် တရားရင်ဆိုင်ခွင့် ရခဲ့တယ်လို့ သိရပါတယ်။

READ
သမ္မတလောင်းစကားစစ်ထိုးပွဲမှာ ပြိုင်ဘက်ကို ရေနဲ့ပက်ခဲ့တဲ့ ရုရှားပလေးဘွိုင်းမော်ဒယ်ဟောင်း

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE