ဘဝကြီးမှာ ရှင်သန်နေထိုင်နေရတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ အထူးဖြင့် အရာရာ အဆင်သင့်ဖြစ်မနေဘဲနဲ့ ကိုယ့်အားကိုယ်ကိုးရတဲ့အပြင် တာဝန်ယူစရာကိစ္စတွေ များနေတဲ့အခါမျိုးမှာပေါ့။ ဒီလိုတာဝန်တွေအပြင်ကိုမှ ထပ်ဆောင်းပြီး အကြွေးတွေရှိနေသေးပြန်ရင်လည်း ဖိအားတွေဟာ ပိုဆိုးသထက်ဆိုးနေတော့မှာပါ။
အမေရိကန်နိုင်ငံလိုမျိုးမှာ ပိုဆိုးပါတယ်။ Student Debt ဆိုတဲ့ ဘွဲ့ရတဲ့အထိ စာသင်စရိတ်တွေအကုန်လုံး မတတ်နိုင်တဲ့အခါ အစိုးရစီကနေ အတိုးနဲ့ချေးလို့ရနိုင်တဲ့ စနစ်တစ်ခုရှိလို့နေပါတယ်။ ရာနှုန်းပြည့်သော ဘွဲ့ရအမေရိကန်တွေမှာ student debt တွေရှိနေတတ်ပါတယ်။ ဒီအကြွေးကို ဆပ်ဖို့အတွက် ကျောင်းပြီးလို့ အလုပ်ရတာနဲ့တစ်ပြိုင်နက်တည်း သူတို့ရဲ့လာစာထဲကနေ ဖြတ်ဖြတ်သွားတာမျိုးပါ။ Student loan ကို ဆပ်ဖိုအတွက် ဆယ်စုနှစ်နီးနီး နှစ်ပေါင်းများစွာ ကြာတတ်ကြပါတယ်။
ဒါပေမဲ့ အခု အမျိုးသမီးကတော့ အသက် ၂၈ နှစ်မှာတင် အကြွေးတွေကို အကုန်လုံးပြီးအောင်ဆပ်သွားနိုင်ခဲ့ပါတယ်တဲ့။ သူမကတော့ Mandy Velez ပါ။ ၂၀၁၃ ခုနှစ်မှာ တက္ကသိုလ်တစ်ခုကနေပြီး ဘွဲ့ရခဲ့ပါတယ်။ Student debt အနေနဲ့ USD ၇၅,၀၀၀ ယူထားခဲ့ပြီးတော့ အတိုးနဲ့ပေါင်းပြီးတော့ စုစုပေါင်း USD ၁၀၂,၀၀၀ ရှိနေခဲ့ပါတယ်။
View this post on Instagram
ဒီအေဲကြွးတွေအပြင်ကိုမှ Mandy ဟာ အိမ်ငှားဖို့တွေ၊ အစားအသောက်ဖိုးတွေစတဲ့ စားဝတ်နေရေးကုန်ကျစရိတ်တွေလည်း ရှိနေပါသေတးယ်။ အိမ်ငှားချည်းပဲ တစ်လကို USD ၁၀၀၀ ရှိနေတာပါ။ အလပ်ရှားပါးတဲ့ပြဿနာကြောင့် ကျောင်းပြီးတာနဲ့ ချက်ချင်းဆိုသလို အလုပ်လည်းမရခဲ့ပါဘူး။ ဒါနဲ့ပဲ ပေးစရာအကြွေးတွေကတစ်ဖက်၊ စားဝတ်နေရေးကတစ်ဖက်နဲ့မလို့ ရရာအလုပ်တွေကို ဝင်လုပ်ခဲ့ပါတော့တယ်။
View this post on Instagram
ပြောရရင် ဘယ်သူမှ တော်ရုံမလုပ်နိုင်တဲ့ အောက်ခြေသိမ်းအလုပ်တွေပေါ့။ နေပူပူ၊ မိုးရွာရွာ၊ ဘယ်လောက်ဆိုးဆိုး ခြေထောက်သွေးထွက်တဲ့အထိ ခွေးကျောင်းတယ်၊ ကြောင်တွေကျောင်းတယ်၊ နောက် ကလေးလည်းထိန်းတယ်၊ စတိုးဆိုင်မှာလည်း အချိန်ပိုင်းတွေဝင်လုပ်တယ် စသဖြင့်ပေါ့။ အစားတိုင်းကို အိမ်မှာပဲ ချက်စားဖြစ်တယ်၊ တက္ကစီမစီးဘဲ ဝေးတဲ့နေရာတွေဆို မြေအောက်ရထား သို့မဟုတ် ဘတ်စ်ကားစီးတယ်၊ နီးတဲ့နေရာတွေဆိုရင် လမ်းလျှောက်တယ်။ မလိုအပ်တဲ့အရာတွေကိုမဝယ်ဘူး၊ ပိုက်ဆံကုန်စေတဲ့ အပျော်အပါးတွေကို ရှောင်ရှားတယ်။
View this post on Instagram
View this post on Instagram
ဒီလိုနဲ့ ပိုက်ဆံတွေရှာ၊ စု၊ အကြွေးတွေဆပ်ပြီးတော့ နေလာခဲ့တာဟာ အခုအချိန်မှာတော့ သူများတွေ အသက် ၄၀ ထိ အကြွေးမကျေသေးတဲ့ student loan တွေကို ကျေအောင်ဆပ်နိုင်သွားခဲ့ပါပြီ။၆ နှစ်ထဲနဲ့ ချိုးခြံချွေတာလိုက်ခဲ့တာ အကြွေးကင်ဆင်သွားခဲ့တာပါတဲ့။ ဒါဟာ တော်ရုံမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။ အခုအချိန်ကစပြီး Mandy ဟာ အလုပ်ကိုလည်း ဝါသနာပါတာလုပ်တော့မယ်၊ ပျော်ပျော်ပါးပါးလည်း နေတော့မယ်ဆိုပြီးတော့ News. AU မှာ ပြောလာခဲ့ပါတယ်။
View this post on Instagram
အခုဆိုရင် Mandy ဟာ The Daily Beast မှာ Editor အဖြစ် လပ်ကိုင်လျက်ရှိနေပါတယ်။


penny