ဖုန်းစစ်ချင်လို့ Face ID ဖွင့်ခိုင်းရာ အသာတကြည် မဖွင့်ပေးလို့ဆိုပြီး နပန်းဖက်လုံးခဲ့

Twitter

အားနေ ကိုကိုရေ ဖုန်း password ကဘာလဲ၊ Facebook password ပြောပြ၊ Viber နံပါတ်လဲသုံးမယ်တို့ အမြဲတမ်းလိုလို ဝင်ရောက်စွက်ဖက်ချုပ်ချယ်ကြိုးကိုင်နေတဲ့ ချစ်စရာချစ်သူလေးတွများ ပိုင်ဆိုင်ထားကြလားမသိဘူး။ တွေ့တာနဲ့ ဖုန်းစစ်မယ်၊ chat box စစ်မယ်၊ ဘာစစ် ညာစစ်နဲ့လေ။

အခုလက်တလာ လူမှုကွန်ယက်တွေပေါ်မှာ ခေတ်စားနေတဲ့ဗီဒီယိုတစ်ခုရှိနေပါတယ်။ အဲဒါကတော့ လူမြင်ကွင်းလမ်းမလယ်ခေါင်ကြီးမှာ ဖုန်းတစ်လုံးကြောင့် စုံတွဲတစ်တွဲ ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ကြပါတယ်။ အစကတော့ အမျိုးသားက အမျိုးသမီးကို နှောက်ယှက်လို့ ပြန်ခုခံနေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ အဲဒီလိုမဟုတ်တာကို ဗီဒီယိုနောက်ဆုံးပိုင်းမှာ တွေ့ရမှာပါ။

apiecebyaguy/Twitter

ဗီဒီယိုစစချင်းမှာတော့ နှဟ်ယောက်သား ပန်းခြံထဲက သစ်သားခုံတန်းလေးပေါ်မှာ ထိုင်နေခဲ့ကြတာပါ။ ရုတ်တရက် အမျိုးသမီးကစကာ ရုန်းရင်းဆန်ခတ်လုပ်ခဲ့ပါတယ်။ အပေါ်ယံကြည့်လိုက်မယ်ဆိုရင်တော့ ရန်ဖြစ်နေတာလား၊ ဒါမှမဟုတ် အမျိုးသမီးကပဲ သူ့ကို နှောက်ယှက်လို့ ပြန်ခုခံနေတာလားဆိုပြီး ထင်မှတ်ရပေမယ့် တကယ်တမ်းတော့ အားလုံးထင်သလိုမဟုတ်ပါဘူး၊ သေချာကြည့်မယ်ဆိုရင်ပေါ့။

apicebyaguy/Twitter

တကယ်တော့ အမျိုးသမီးဟာ အမျိုးသားရဲ့ဖုန်းကိုဖွင့်ဖို့အတွက် Face ID ယူနေတာပါတဲ့လေ။ ကြောက်ဖို့တောင်ကောင်းတယ်။ အမျိုးသားကတော့ ဖုန်းထဲဘာတွေများရှိနေလို့လဲမသိဘူး။ Face ID ယူဖို့ကို လုံးဝယူမရအောင်ကို အတင်းရုန်းရင်း ရှောင်နေတော့တာပါပဲ။ နောက်ဆုံးမှာတော့ မရတော့တဲ့အဆုံး အမျိုးသမီးဟာ နပန်းစလုံးပါတော့တယ်။ အမျိုးသားကို ရသမျှအင်အားသုံးကာ လှဲချပစ်လိုက်ခဲ့ပြီး Face ID ကို မရရအောင်ယူသွားခဲ့တာပါ။ ဖုန်းလည်းပွင့်လည်းပွင့်သွားရော ပြုံးပျော်စွာနဲ့ပြေးထွက်သွားတဲ့ အမျိုးသမီးရဲ့ မျက်နှာကိုလည်း ဗီဒီယိုဆုံးခါနီးမှာ မြင်ရပါလိမ့်မယ်။

READ
မြင်လိုက်တာနဲ့ သဘောကျသွားစေမယ့် အထာကျကျတီထွင်မှုလေးများ

သင်တို့မှာရော ဒီလိုချစ်သူလေးမျိုး ရှိကြလား?

Penny

SHARE