ဆိုရှယ်မီဒီယာမှာ လူအများ ဝေဖန်ကဲ့ရဲ့ခြင်း ခံနေရတဲ့ ကလေးထိန်း အလုပ်ခေါ်စာ

Pixabay-Alexas_Fotos

ကလေးထိန်းအလုပ်ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သိပ်ခေတ်မစားပေမယ့် တစ်ခြားအာရှနိုင်ငံတော်တော်များများနဲ့ အနောက်နိုင်ငံတွေမှာတော့ တော်တော်ကို ခေတ်စားတဲ့အလုပ်ပါပဲ။ ဒီကလေးထိန်းအလုပ်ကို အနောက်နိုင်ငံတွေမှာတော့ အပိုဝင်ငွေလိုချင်တဲ့ ကျောင်းသားကျောင်းသူအများစုက လုပ်ကိုင်ကြပြီး အာရှနိုင်ငံတွေမှာတော့ ပရော်ဖက်ရှင်နယ် ကလေးထိန်းသင်တန်းဆင်းတဲ့ လူတွေသာ လုပ်ကိုင်လေ့ ရှိပါတယ်။

Pixabay-Peggy_Marco

အခုပြောပြချင်တဲ့ အကြောင်းကတော့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေတဲ့ ကလေးထိန်း အလုပ်ခေါ်စာပါပဲ။ အဆိုပါအလုပ်ခေါ်စာကို တွေ့တဲ့လူတိုင်းဟာ အလုပ်ခေါ်တဲ့ အမျိုးသမီးကို ဒေါသတွေထက်ပြီး တော်တော်လေးကို ကဲ့ရဲ့ဝေဖန်နေကြပါတယ်။ ဝေဖန်ချင်မယ်ဆိုရင်လည်း အဲဒီအလုပ်ခေါ်စာရေးတဲ့ အမျိုးသမီးသမီးကို တော်တော်လေးဝေဖန်နိုင်ပါတယ်။ အဓိကအကြောင်းအရင်းကတော့ အဆိုပါအမျိုးသမီးဟာ သူ့ကလေးနှစ်ယောက်ကို ထိန်းဖို့အတွက် တစ်ပတ်ကို အမေရိကန်ဒေါ်လာ ၁၀၀ အတိသာပေးလို့ဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

keelhaulrose

ဒါ့အပြင် ကလေးထိန်းဟာ မိန်းကလေးသာ ဖြစ်ရမယ်၊ ဆေးလိပ်သောက်တတ်သူ မဟုတ်ရ၊ ပြစ်မှုကျူးလွန်ဖူးသူမဖြစ်ရ၊ သူတို့အိမ်မှာ မအိပ်ရ၊ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဖုန်းမသုံးရ အစရှိတဲ့ သတ်မှတ်ချက်တွေကတော့ လက်ခံလို့ ရပါသေးတယ်။ ဒါပေမယ့် ပိတ်ရက်မရှိပဲ နေ့တိုင်း မနက် ၆း၃၀ ကနေ ည ၆း၀၀ နာရီအထိ တောက်လျှောက် အလုပ်လုပ်ရမယ်ဆိုတဲ့ စည်းမျဉ်းတွေ၊ သူ့ကလေးနှစ်ယောက်ကို ကျွေးဖို့ အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေကို ကိုယ့်ပိုက်ဆံနဲ့ ဝယ်လာပြီး ချက်ပြုတ်ကျွေးမွေးရမယ်ဆိုတဲ့အချက်ရယ်၊ တစ်ပတ်ကို လုပ်ခ ဒေါ်လာ ၁၀၀ ပဲရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကတော့ တော်တော်လေးကို တရားလွန်ပြီး ခေါင်းပုံဖြတ်တဲ့ အမျိုးသမီးလို့ ထင်ပါတယ်။

READ
ဆိုးသွမ်းကလေးတွေရဲ့ ၀ိုင်းဝန်းတိုက်ခိုက်မှုကြောင့် မျက်လုံးကွယ်ခဲ့ရတဲ့မျက်လှည့်ဆရာ
keelhaulrose
keelhaulrose
keelhaulrose

သင်္ချာနည်းအရ တွက်ရမယ်ဆိုရင်တောင် တစ်ပတ် ၅ ရက်မှာ ကလေးထိန်းရဲ့ အလုပ်ချိန်က ၅၇ နာရီနဲ့ နာရီဝက်ရှိပါတယ်။ တစ်ပတ်ကို လုပ်ခ ဒေါ်လာ ၁၀၀ နဲ့ တွက်လိုက်မယ်ဆိုရင် တစ်နာရီကို ၁.၇၄ ဒေါ်လာသာရပါတယ်။ နိုင်ငံတကာမှာ ပုံမှန်ကလေးထိန်းတစ်ယောက်ရတဲ့ ပိုက်ဆံက တစ်နာရီကို ၁၃.၉၇ ဒေါ်လာပါ။ အဲဒီ ၁၃.၉၇ ဒေါ်လာဆိုတာ ကလေးတစ်ယောက်ထိန်းခပါ။ အခုက ကလေးနှစ်ယောက်ထိန်းဖို့အတွက် တစ်နာရီကို ၁.၇၄ ဒေါ်လာလောက်သာရပြီး အဲဒီပိုက်ဆံထဲကပဲ ကလေးနှစ်ယောက်စားဖို့ အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေက ဝယ်ကျွေးချက်ပြုတ်ရပါအုံးမယ်။ စာဖတ်ပရိသတ်ကြီးကော….ဘယ်လိုထင်လဲဗျ။

Pyi Hein Kyaw

SHARE