လေယာဉ်စီးနေရင်း ရင်သားထဲကဆီလီကွန် ပေါက်ခဲ့တဲ့ အမျိုးသမီးရဲ့ထိတ်လန့်ဖွယ်အဖြစ်

ပလတ်စတစ်ဆာဂျရီခွဲစိတ်ခြင်းကို ကြိုက်တာ မကြိုက်တာဟာ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဆာဂျရီလုပ်မယ်ဆိုလည်း နာမည်ကောင်းရှိတဲ့ ဆေးခန်း ဆေးရုံတွေဆီမှာ စနစ်တကျခွဲစိတ်သင့်တဲ့အကြောင်း အခုတင်ပြမယ့် ဖြစ်ရပ်လေးက ဖော်ပြနေပါတယ်။

HKor

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၂) ရက်မှာ ဗီယက်နမ်သူ မိုင်သွန်းဗီအမည်ရှိတဲ့ အဆိုတော်အမျိုးသမီးတစ်ဦးဟာ လေယာဉ်ခရီးစဉ်နဲ့ ထိုင်ဝမ်ကနေ ပြန်လာခဲ့ပါတယ်။ လေယာဉ်စီးလာရင်း တစ်ချက်မှာတော့ သူမရဲ့ ဘယ်ဘက်ရင်အုံနေရာကနေ ဖောက်ခနဲမြည်တဲ့အသံကို ကြားလိုက်ရပါတယ်။ အစပိုင်းမှာတော့ သူမကိုယ်ခန္ဓာက လေယာဉ်တွင်းဖိအားနဲ့ ဟန်ချက်ညီအောင် ညှိနေရလို့ အသံမြည်ခဲ့တယ်ပဲ သာမန်ယူဆလိုက်ပါတယ်။

HKor

ဒါပေမယ့် ဘယ်ဘက်ရင်အုံဟာ မသက်သာတာကြောင့် သူမဟာ အကိုက်အခဲပျောက်ဆေးတွေကို သောက်ခဲ့ပါတယ်။ ရင်အုံက အခြေအနေပိုပိုဆိုးလာပြီး ယောင်ကိုင်းလာလို့ ဆေးရုံသွားပြတဲ့အခါမှာတော့ ဆရာဝန်က ရင်သားထဲ အစားထိုးထားတဲ့ ဆီလီကွန်က ပြဿနာဖြစ်နေတာကြောင်း ဆိုခဲ့ပါတယ်။ ဆီလီကွန်ဟာ ဈေးပေါတဲ့အစားမျိုးဖြစ်တာကြောင့် အလွယ်တကူနဲ့ အတွင်းထဲမှာ ပေါက်သွားခဲ့တာပါ။

Khoedep24h

မိုင်သွန်းဗီဟာ ရင်သားအစားထိုးခွဲစိတ်မှုကို ခံယူလာတာ (၇) နှစ်ကြာ ရှိနေပါပြီ။ ထိုစဉ်တုန်းက သူမရဲ့ ခွဲစိတ်ကုသမှုဟာ စုစုပေါင်းကုန်ကျငွေ ကန်ဒေါ်လာ(၂,၀၀၀) ရှိခဲ့ပြီး ဆရာဝန်က တစ်သက်တာအာမခံဆိုပြီး ခွဲစိတ်ပေးထားတာပါ။ ဒါကြောင့် အခုလိုအခြေအနေဆိုက်လာတဲ့အခါ မိုင်သွန်းဗီဟာ ဆရာဝန်ကို ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် သူမကို ရင်သားခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်က သူဟာ ပလတ်စတစ်ဆာဂျရီလောကကနေ အနားယူလိုက်ပါပြီ ဆိုပြီး တာဝန်ယူဖို့ ငြင်းဆိုခဲ့ပါတယ်။

READ
ခန္ဓာကိုယ်ထဲမှာ ပရိုတင်းဓာတ်ချို့တဲ့နေလားဆိုတာ ဘယ်လိုသိနိုင်မလဲ ?
HKor

မိုင်သွန်းဗီအနေနဲ့ ဆက်လက်ရွေးချယ်စရာမရှိတော့တာကြောင့် အခြားဆရာဝန်တစ်ဦးကို ထပ်မံဆက်သွယ်ပြီး သူမရင်သားထဲက ဆီလီကွန်စတွေကို ဖယ်ထုတ်ခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ သူမရဲ့ ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပါတယ်။ နေပြန်ကောင်းလာတဲ့အခါမှာတော့ မိုင်သွန်းဗီဟာ သူမရဲ့ အကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပါတယ်။ သူမကတော့ လူတွေအနေနဲ့ ဆာဂျရီခွဲစိတ်လိုပါက နာမည်ကောင်းရှိတဲ့ ဆရာဝန်၊ စိတ်ချရတဲ့ ဆေးရုံဆေးခန်းတွေဆီကို သွားသင့်ကြောင်း တိုက်တွန်းထားတာပါ။ ဈေးပေါတဲ့ ပစ္စည်းတွေသုံးပြီး ပြဿနာဖြစ်လာမှ ရှောင်ပြေးတတ်တဲ့ဆရာဝန်တွေနဲ့ မကြုံရလေအောင် သူမရဲ့ အဖြစ်ကို နမူနာယူကြဖို့  မိုင်သွန်းဗီက ပြောပြခဲ့တာ ဖြစ်ပါတယ်။

Khoedep24h

လင်းလင်း (ShweMom)

Ref: worldofbuzz

SHARE