လည်ပင်းအကြိတ်ထင်ပြီး ဖယ်ရှားဖို့လုပ်ရာမှ မယုံနိုင်ဖွယ်ဖြစ်ရပ်နဲ့ကြုံခဲ့ရတဲ့ အမျိုးသမီး

အသက်(၆၃) နှစ်အရွယ် ဗီယက်နမ်အမျိုးသမီးကြီးတစ်ယောက်ဟာ ရက်ပေါင်းများစွာ ခေါင်းကိုက်နေခဲ့ရာမှာ မခံသာတဲ့အဆုံး ဆေးရုံသွားပြခဲ့ပါတယ်။ ဆေးရုံမှာ ဆေးစစ်ကြည့်လိုက်တော့ သူမရဲ့လည်ချောင်းထဲမှာ အကြိတ်သေးလေးတစ်ခုလို အခုံးအဖုလေးတစ်ခုကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် သာမန်အတိုင်းပဲ အကြိတ်ကိုခွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။ အချိန်ရောက်လို့ ခွဲခန်းဝင်တဲ့အခါမှာတော့ ဆရာဝန်ကြီးတွေခမျာ လူနာရဲ့ လည်ချောင်းထဲကနေ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အရာတစ်ခုကို တွေ့ရှိလိုက်ရပါတော့တယ်။

New Straits Times

ဆရာဝန်ကြီးတွေ တွေ့ရှိခဲ့တာက (၂) လက်မ အရှည်ရှိတဲ့ တုတ်တုတ်ခိုင်ခိုင် မျော့ကြီး တစ်ကောင်ပါ။ မျော့ကြီးဟာ လူနာရဲ့ လည်ချောင်းလေပေါက်တွေထဲက တစ်ခုကို သွားပိတ်နေတာပါ။ မျော့ကြီးဟာ ဘယ်ပုံဘယ်နည်းနဲ့ လူနာရဲ့ လည်မျိုထဲ ရောက်နေမှန်း မစဉ်းစားတတ်အောင်ပါပဲ။ ဆရာဝန်တွေဟာ မျော့ဝတုတ်ကြီးကို ခွဲခန်းသုံးပစ္စည်းကိရိယာ အကူအညီတွေနဲ့ ဖယ်ရှားခဲ့ကြပါတယ်။

၎င်းဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ အမျိုးသမီးလူနာတစ်ဦးဟာ ခွဲခန်းထဲမှာ ရှိနေတာကို တွေ့မြင်ရမှာပါ။ သူမရဲ့ ခံတွင်းထဲမှာတော့ အကြိတ်ဖယ်ဖို့အတွက် ပိုက်တွေ၊ ညှပ်တွေကို အသင့်တပ်ဆင်ထားပြီး သူမက ပါးစပ်ကြီး ဟ,ထားပါတယ်။ လည်ချောင်းခွဲဖို့ ပြင်ကြတဲ့အခါမှာတော့ ဆရာဝန်တွေဟာ မျော့ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးတဲ့နောက် အံ့သြသွားကြပြီး အချင်းချင်း လက်ဟန်ခြေဟန်ပြကာ မျော့ကြီးကို ဖယ်ရှားဖို့ ကြိုးစားခဲ့ပါတယ်။

READ
အွန်လိုင်းချစ်သူ အင်ဒိုကောင်လေးရှိရာသို့ ငွေစုပြီးအရောက်လာခဲ့တဲ့ အီတလီကောင်မလေး
New Straits Times

တဖြည်းဖြည်းနဲ့ မျော့ကြီးကို ညှပ်နဲ့ဆွဲထုတ်ပြီးတဲ့အခါ သွေးစုတ်ကောင် မျော့ကြီးဟာ အပြင်ကို ထွက်လာပါတော့တယ်။ မျော့ကြီးက ခွဲစိတ်ခန်းစားပွဲပေါ်မှာ တလှုပ်လှုပ်နဲ့ တလန်းလန်းဖြစ်နေတာကို အသဲယားဖွယ် တွေ့မြင်ရပါသေးတယ်။
NST သတင်းကတော့ အမျိုးသမီးဟာ တောင်ကျရေမှာ ရေချိုးသွားရာကနေ လည်ချောင်းထဲ မျှော့ကြီးဝင်ခဲ့ပုံရတယ်လို့ ယူဆထားပါတယ်။ မျော့ကြီးဟာ အမျိုးသမီးရဲ့ လည်ချောင်းထဲ ၀င်အောင်းပြီး (၃) လကြာ သွေးစုတ်နေခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

လင်းလင်း (ShweMom)

Ref: Worldofbuzz, nst

SHARE