အမျိုးသား ထက် အမျိုးသမီးတွေ မှာ ဖြစ်နိုင်ချေ ပိုများတဲ့ ရောဂါ (၆) မျိုး

Image:.freepik.com/nadya1971

အမျိုးသား နဲ့ အမျိုးသမီးက ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက် ပုံတွေ တစ်ယောက်နဲ့ တစ်ယောက် မတူသလို အဖြစ် များတဲ့ ရောဂါ တွေကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။အမျိုးသားတွေ မှာပို အဖြစ် များတဲ့ ရောဂါ တွေ ရှိသလို အမျိုးသမီးတွေ မှာ ပို အဖြစ် များတတ်တဲ့ေ ရာဂါ တွေ လည်း ရှိပါတယ်။အခု ဖော် ပြ ပေးချင်တာက တော့ အမျိုးသားထက် အမျိုးသမီးတွေ မှာ ဖြစ်နိုင်ချေ ပိုများတဲ့ ရောဂါ တွေ အြေ ကာင်း ပါ။ဒီအ ကြောင်းကိုတော့ Asia One ရဲ့ သတင်းတစ်ပုဒ်ကို ကိုးကားပြန်လည် ဖော်ပြ ထားတာပါ

လေဖြတ်ရောဂါ

Image:freepik.com/cookie-studio

အမျိုးသမီး ငါးယောက်မှာ တစ်ယောက်၊အမျိုးသား ခြောက် ယောက်မှာ တစ်ယောက်က လေဖြတ်နိုင် ချေ အ ခြေအ နေနဲ့ ကြုံ ရတတ်ပါတယ်။စင်ကာ ပူနှလုံးဖောင်ဒေးရှင်းက တော့ နှလုံးနဲ့ လေဖြတ်ခြင်းက စင်ကာပူမှာရှိတဲ့ အမျိုးသမီးတွေ သေဆုံးမှု ဖြစ်စေ တဲ့ ရောဂါ တစ်ခု လို့ ဆိုပါတယ်။အမျိုးသမီးတွေ က ဟော်မုန်းမညီ မျှ မှုတွေ အတွက် ကုသမှု ခံယူဖို့ မှီဝဲရတဲ့ ဆေးတွေ၊တား ဆေး တွေ က သွေးခဲ တွေ ကို ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေ ရှိပါတယ်။ဒါတွေ က လေဖြတ် စေပါတယ်။

ခေါင်းတခြမ်းကိုက် ရောဂါ

Image:freepik.com/yanalya

ဒီရောဂါ မျိုးက အမျိုးသားထက် အမျိုးသမီးတွေ မှာ ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ Duke-NUS Medical School နဲ့ Novartis တို့ ရဲ့ သု တေသ န တွေ့ရှိချက် အရဆိုရင်တော့ အရွယ်ရောက်ပြီး အမျိုးသမီးတွေ မှာ ဒီရောဂါ ပို အဖြစ် များပါတယ်။နယူးယော့ခ် မှာရှိတဲ့ Migraine Research Foundation ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ အမျိုးသားထက် အမျိုးသမီးတွေ မှာ ဒီရောဂါ ဖြစ်နိုင်ချေ သုံးဆ ပိုများပါတယ်။အမျိုးသမီးတွေ မှာ ဖြစ်နိုင်ချေ ပိုများရတဲ့အ ကြောင်းအရင်းက တော့ အမျိုးသမီးတွေက ဟော်မုန်းအတက် အကျ ပို များ လို့ပါ။လစဉ်ရာသီမလာခင်၊လာနေချိန်၊လာပြီးစ တွေမှာ ဟော်မုန်းအတက်အကျ အရမ်းများနေပါတယ်။အမျိုး သားတွေ မှာက လစဉ် ရာသီ လာတဲ့ ကိစ္စ က မရှိတော့ ဟော်မုန်းအတက်အကျ က မလွဲ မသွေ ရင်ဆိုင်နေရတာ မျိုး မဟုတ် တော့ ဖြစ်နိုင်ချေ နည်းပါတယ်။

READ
YBS စီးရင်း ရောဂါမကူးမိကြစေဖို့ ဒီအချက်လေးတွေကိုလုပ်ဆောင်ကြမယ်

စိတ်ကျရောဂါ

ဒါလည်း အမျိုးသမီးတွေ မှာ ပို ဖြစ် ပါတယ်။စင်ကာပူ စိတ်ကျန်းမာရေး ဆိုင်ရာ (၂၀၁၇) လေ့လာတွေ့ရှိ ချက် တစ်ခု မှာတော့ စိတ်ကျ တာ က အမျိုးသမီးတွေ မှာက 7.2 ရာခိုင်နှုန်း အမျိုးသားတွေမှာက 4.3 ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။အမျိုးသမီးတွေ က ပိုပြီး စိတ်ခံစားလွယ်တာ၊အမျိုးသမီးတွေ  ကိုယ်ဝန်ဆောင်ချိန်၊ကလေးမွေး ပြီး ချိန် တွေ နဲ့ သွေးဆုံး ခါ နီးလာရင် ဒီလို စိတ်ကျရောဂါ တွေ ခံစားရတတ်ပါတယ်။သူတို့ သဘာဝ ကို က ဒါမျိုးတွေ က မလွဲ မရှောင်သာ ကြုံ နေရပြီး အမျိုးသားတွေ က ဒါမျိုးကြုံ ရတာ မဟုတ်တာကြောင့် အမျိုးသမီးတွေ မှာ စိတ်ကျ ရောဂါ ပို အဖြစ် များတာပါ။

အိပ်မ ပျော်တဲ့ရောဂါ

Image:freepik.com/benzoix

နိုင်ငံတကာ က လေ့လာတွေ့ရှိချက်တွေ မှာ ကိုက အိပ်မ ပျော်တဲ့ ရောဂါက အမျိုးသားထက် အမျိုးသမီးတွေ မှာ ပို အဖြစ် များ တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ဟော်မုန်း ပြောင်းလဲမှုတွေ က ဒီလို ဖြစ်စေ တဲ့ အဓိက အ ကြောင်းအရင်းပါ။ သွေးဆုံးဖို့ နီးလာရင် ပို ဆိုးပါတယ်။မကြာသေးမီက လေ့လာမှုမှာတော့ အမျိုးသမီးတွေ ဟာအိပ်မပျော်တဲ့ Genes တွေ အမျိုးသားတွေ ထက် ပိုများတယ်လို့ ဖော်ပြခဲ့ပါတယ်။

READ
နေ့စဉ်သုံး ရိုးရိုးတမ်းတမ်း အသုံးအဆောင်တွေကို အမိုက်စားဒီဇိုင်းတွေနဲ့ ဖန်တီးထားပုံများ

သွေးလေးဖက်နာ

Image:freepik.com/drawlab19

ဒါက လည်း အမျိုးသမီးတွေ မှာ ပိုအဖြစ် များပါတယ်။အမျိုးသား ထက် သုံးဆ ပို အဖြစ် များပါတယ်။ Rheumatoid arthritis (RA) ဆိုတာက တော့ autoimmune ရောဂါ တစ်မျိုးပါ။ဘာကြောင့် အဖြစ် များရတာလဲ ဆိုတဲ့ တိကျ သေချာတဲ့ အကြောင်း အရင်း ကိုတော့ ရှင်းရှင်းလင်းလင်းမ သိ ရ ပေမယ့်လည်း X-Chromosome နဲ့ immunity နဲ့ ပတ်သက်တဲ့ မျိုးရိုးဗီဇ တွေ .. ဟော်မုန်း တွေ ကြောင့် ဖြစ်နိုင်ပါတယ်။ဒီရောဂါ ကို ကာကွယ်ဖို့ အတွက် ဆော်လမွန်၊တူနာ၊ငါးကြီးဆီ တို့ ကို အနည်းဆုံး တစ်ပတ် တခါ စား ပေး၊သောက်ပေးပါ။ omega-3 fatty acid တွေ ပါ တဲ့ ငါးတွေကို စားပေးပါ။

Alzheimer ရောဂါ

Image:freepik.com/interstid

(၂၀၁၄)ခုနှစ်တုန်းက အမေရိကန် အယ်ဇိုင်းမား Association ကေ န လေ့လာတွေ့ရှိချက် အရ အမျိုးသမီး (၆)ယောက် မှာ တစ်ယောက်က အသက် (၆၅)နှစ်ကျော်ရင် အယ်ဇိုင်းမား ဖြစ်နိုင် ချေ ရှိပါတယ်။အမျိုးသားတွေ က တော့ ၁၁ ယောက်မှာ တစ်ယောက် ဖြစ်နိုင် ချေ ရှိပါတယ်။အကြောင်းအရင်း ကတော့  အမျိုးသမီးတွေရဲ့ ဦးနှောက်က amyloid လို့ ခေါ်တဲ့ ပရိုတင်းကို ပို စု ဆောင်းမိ စေနိုင် လို့ပါ။ဒါက တော့ အယ်ဇိုင်းမားရောဂါ ဖြစ်ပွားစေမှု မှာ အဓိက အခန်းကဏ္ဍ က နေ ပါဝင် နေတဲ့ အရာပါ။ဘာလို့ ဒီလို ဖြစ်နေရတာ လဲ ဆိုတာကိုတော့ သုတေသီတွေ လည်း ရှင်းရှင်းလင်းလင်းတော့ မသိသေးပါဘူး။  ဒီရောဂါကို ပို ဖြစ်စေနိုင်တဲ့ Gene ကို  two X chromosomes တွေ က ပို မြင့်တက် စေတာကြောင့်လို့ တော့ သီအိုရီ တစ်ခု မှာ ဖော်ပြဖူးပါတယ်။

#SHWEMOM

SHARE