ကြားမကြားဖူး၊ အင်တာဗျူးလျှောက်ခဲ့တဲ့ ကုမ္ပဏီရဲ့ အငြင်းခံလိုက်ရလို့ သူမကတော့ ဝမ်းသာခဲ့ပါတယ်တဲ့။ The Sun မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
သူမနာမည်ကတော့ Kiran ပါ။ Kiran ဟာ လန်ဒန်က စာရေးဆရာမတစ်ဦးဖြစ်ပါတယ်။ သူမအနေနဲ့ အလုပ်ခေါ်စာတစ်ခုတွေ့လို့ အလုပ်လျှောက်ခဲ့ပေမယ့်လည်း ထင်ထားသလို ကုမ္ပဏီဖက်ကနေပြီးတော့ သူမကို လက်မခံခဲ့ပါဘူး။ အလုပ်မခန့်ဖြစ်တဲ့အကြောင်းကို ကုမ္ပဏီကနေပြီးတော့ e-mail ပို့ပြီးတော့ အကြောင်းပြန်ခဲ့ပါတယ်။

E-mail ကို ဖတ်လိုက်တော့ တစ်ခါမှမတွေ့ဖူးတဲ့ပုံစံမျိုးနဲ့ သူမကို ငြင်းခဲ့တာမျိုးဖြစ်နေခဲ့ပါတယ်။ စာကိုဖတ်ပြီးတော့ အလုပ်မခန့်တာကိုပဲ ဝမ်းသာရမလိုဖြစ်ခဲ့ပါတယ်တဲ့လေ။ စာလေးကို အကျဉ်းချုပ်ပြန်ပြီးတော့ ပြောရမယ်ဆိုရင်တော့ တစ်ခါအငြင်းခံလိုက်ရတဲ့အတွက် စိတ်ဓာတ်မကျလိုက်ပါနဲ့တဲ့။ နောက်ပြီး အောက်မှာလည်း အခုလိုပဲ ဥပမာလေးတွေနဲ့ ပြန်ပြီး အသေးစိတ်ပြောပြခဲ့ပါသေးတယ်။
The Beatles အဖွဲ့ဆိုရင်လည်း မအောင်မြင်ခင်တုန်းက Decca Records ရဲ့ အငြင်းကို ခံခဲ့ရပါတယ်တဲ့။ ဒါပေမဲ့ အခုတော့ ဂန္တဝင်မြောက်တေးဂီတအဖွဲ့ဖြစ်သွားပါပြီတဲ့လေ။နောက်တစ်ခုကတော့ Harrison Ford နဲ့ ဥပမာပေိးထားခဲ့တာပါ။ မင်းသားကြီးကလည်း သူအနုပညာကိုဝါသနာပါလွန်းလို့ ဇာတ်ရံအနေနဲ့ သရုပ်ဆောင်ခဲ့ပေမယ့်လို့ ပရိုဂျူဆာတစ်ဦက အခန်းထဲနှစ်ယောက်တည်းခေါ်ပြီးတော့ မင်းဟာ ဘယ်တော့မှရုပ်ရှင်လောကမှ အောင်မြင်မှာမဟုတ်ပါဘူးဆိုပြီးတော့ အပြောခံခဲ့ရပါတယ်တဲ့လေ။ ဒါပေမဲ့ အခုသူဘာဖြစ်နေပြီလဲကြည့်။

နောက်ဥပမာတွေကတော့ Michael Jordan တို့၊ Lady Gaga တို့၊ James Dyson တို့၊ Presley တို့နဲ့ပါ ဥပမာပေးထားခဲ့ပါတယ်။ ဒါကြောင့် အခုလို သူတို့ရဲ့အငြင်းခံခဲ့ရပေမယ့်လို့ နောက်ခြေလှမ်းသစ်တွေအတွက် အားဖြစ်ပါစေလို့လည်း ဆုတောင်းပေးထားပါသေးတယ်ဆိုပြီးတော့ e-mail လေးကို Twitter မှာ တင်ထားခဲ့တာပဲဖြစ်ပါတယ်။
I am CRYING at this job rejection email. Like I didn’t need all this???? I just saw a role posting and applied? Omfg pic.twitter.com/EPAhhJkRR4
— Kiran ਕੌਰ (@turnmyswagguon) February 2, 2021
penny