အအေးသောက်တဲ့သံပိုက်ကြောင့် အသက်မဲ့ခဲ့ရတဲ့ အမျိုးသမီးအကြောင်း

ELENA STRUTHERS GARDNER/FACEBOOK_Amazon.com

ပလတ်စတစ်အအေးပိုက်ပျော့တစ်ပိုက်ဟာ လုံးဝကြီးပျက်ဆီးဖို့အတွက် နှစ်ပေါင်း ၂၀၀ လောက်နီးနီးကို အချိန်ယူရပါတယ်။ ဒါကြောင့်လည် ပတ်ဝန်းကျင်ကိုအလေးထားတဲ့အနေနဲ့ လူအနည်းစုကနေစပြီး ပလတ်စတစ်အအေးပိုက်အပျော့စားတွေအစား ပြန်သုံးလို့ရမယ့် သံပိုက်လိုမျိုး၊ ဝါးပိုက်တိုလိုမျိုးကို အသုံးပြုလာကြပါပြီ။

ဒီလိုမျိုး ပိုက်အမာစားတွေကို သုံးတာဟာ အစစအရာရာမှာ ကောင်းကျိုးသက်ရောက်မှုတွေ ရှိနိုင်ပေမယ့်လို့ People ရဲ့ သတင်းဆောင်းပါးအရ အမျိုးသမီးတစ်ယောက်ဟာ သံပိုက်ကြောင့် မတော်တဆဖြစ်ကာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိခဲ့ရပါတယ်။

Elena L. J. Struthers-Gardner/Facebook

မနှစ်တုန်းက Elena Struthers-Gardner ဆိုသူ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ယောက်ဟာ သံပိုက်ထည့်ထားတဲ့ဖန်ခွက်ကိုကိုင်ထားတုန်း ခြေချော်ကျသွားခဲ့ပါတယ်။ လဲကျသွားတဲ့အချိန်မှာ ဖန်ခွက်ထဲကသံပိုက်နဲ့ သူမရဲ့ ဘယ်ဖက်မျက်လုံးဟာ တစ်နေရာတည်းသွားကျသွားတဲ့အချိန်မှာတော့ မျက်လုံးထဲထိုးစိုက်ကာ သတိမေ့မြောသွားခဲ့ပါတယ်။

Amazon.com

အရေးပေါ်ဌာနမှာ သတိပြန်မလည်လာဘဲနေခဲ့ရပမေယ့်လို့ မျက်လုံးမှတစ်ဆင့် သံပိုက်ဟာ ဦးခေါင်းထဲရောက်သွားခဲ့တဲ့အတွက် ပိုးဝင်ကာ ဦးနှောက်အလုပ်မလုပ်တော့ဘဲ နောက်နေ့မှာတင် အသက်ဆုံးရှုံးသွားခဲ့ရရှာပါတော့တယ်။ ဒါကြောင် ပိုက်သုံးမယ်ဆိုရင်လည်း လမ်းလျှောက်နေတုန်းတို့၊ ယာဉ်တစ်ခုခုပေါ် လိုက်ပါစီးနင်းတဲ့အချိန်မျိုးမှာ ပိုက်နဲ့ မသောက်မိအောင် သတိထားကြဖို့ သတိပေးလိုက်ပါတယ်နော်။

READ
ဟာသလုပ်ပြီးဗီဒီယိုရိုက်ခဲ့ရာကနေ ထောင်အနှစ်(၂၀)ကျမယ့်အရေးနဲ့ရင်ဆိုင်နေရသူ

Penny

 

SHARE