လျှာထုတ်ပြီး ဓာတ်ပုံရိုက်ရုံနဲ့ (၁)နှစ်ကို မြန်မာငွေသိန်း ၁၅,၀၀၀ ကျော်ရနေတဲ့အမျိုးသမီး

Mikayla Saravia/Facebook

ဖလောရီဒါရဲ့ West Palm ကမ်းခြေမှာနေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် Mikayla Saravia အကြောင်း ပြောပြပေးချင်ပါတယ်။ Mikayla ဟာ social media မှာ သူမရဲ့ ထူးထူးဆန်းဆန်းဓာတ်ပုံတွေနဲ့ ဗီဒီယိုတချို့ကြောင့် နာမည်ကြီးနေသူဆိုလည်း မမှားပါဘူး။ ဒီလိုနာမည်ကြီးတာဟာ သူမရဲ့ရုပ်ရည်ကြောင့်၊ ခန္ဓာကိုယ်အချိုးအစားကြောင့်မဟုတ်ဘဲနဲ့ သူမရဲ့ လျှာကြောင့်ပါ။

@kkvsh/Instagram

ဟုတ်ပါတယ်။ Mikayla ရဲ့ လျှာဟာ ၆.၅ လက်မတောင် ရှည်လျားပါတယ်ဆိုပြီး New York Post မှာ ဖတ်ခဲ့ရပါတယ်။ Instagram မှာ follower ပေါင်း ၂ သန်းနီးပါးရှိနေတဲ့သူမအနေနဲ့ ဓာတ်ပုံတစ်ခါတင်ရင် ဒေါ်လာ ၉၀၀၊ ဗီဒီယိုတစ်ခုစာအတွက် ဒေါ်လာ ၃ ထောင်အထိရတတ်ပါတယ်တဲ့။ ဗီဒီယိုတွေကတော့ သူမရဲ့ ရှည်လျားလှတဲ့လျှာကို အသားပေးကာ အစားအသောက်တွေကို လျက်ပြ စားပြတာတို့၊ twerk လုပ်ပြီး ကပြတာတို့အထိ ပါင်နေပါတယ်တဲ့။

READ
ကိုယ်မွေးတဲ့မြွေကပြန်ကိုက်လို့ လူမှုကွန်ယက်မှာ အကူအညီတောင်းပြီး သေဆုံးခဲ့တဲ့ကောင်လေး
@kkvsh/Instagram
Mikayla Saravia/Fcaebook

လူတွေကတော့ သူမကို ပုတ်သင်ညို သို့မဟုတ် မြွေမလေးဆိုတပြီး တင်စားခေါ်ဝေါ်နေခဲ့ကြပါတယ်။ လက်ရှိမှာတော့ KKVSH ဆိုတဲ့ app တစ်ခုကနေပြီး တီရှပ်တွေ၊ ဖုန်းတင်လို့ရတဲ့ထောက်လေးတွေ၊ အားသွင်းကြိုးနဲ့ sex toy တွေအထိ ဝယ်ယူလို့ရနိုင်အောင် ပြုလုပ်ကာ စီးပွားရေးဖက်ကို ခြေဆန့်နေခဲ့ပါတယ်။ ဒီအပြင် သူမရဲ့အိမ်မှာ ဓာတ်ပုံစတူဒီယိုတစ်ခုကိုလည်း ဖွင့်ထားခဲ့ပြီး ဂီတဖက်ကိုလည်း ဝါသနာထုံလှတာကြောင့် အဆိုတော်လုပ်ဖို့အတွက်လည်း ကြိုးစားနေခဲ့ပါတယ်တဲ့။ မနှစ်တုန်းကတော့ social media တွေကတင်ကို ဒေါ်လာ ၅၀,၀၀၀ လောက် ရရှိသွားခဲ့တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

https://www.instagram.com/p/Bx8i-BZHE-w/

Penny

SHARE