ဆိုက်ဒ်ကိုသမားတွေဟာ အမျိုးသမီးတွေကို ပိုဆွဲဆောင်နိုင်ရတဲ့ အကြောင်းရင်း

unsplash/kevin laminto

ကနေဒါနိုင်ငံက Brock University နဲ့ Carleton University တို့ ပူးပေါင်းပြီး အမျိုးသားနဲ့ အမျိုးသမီးတွေကြားထဲက ဆန့်ကျင်ဘက်လိင်အပေါ် သာယာတိမ်းညွတ်မှုအခြေအနေကို လေ့လာခဲ့ကြကြောင်း unilad သတင်းမှာ တွေ့ရပါတယ်။ ၄င်းသုတေသနထဲမှာတော့ အသက် (၁၇) နှစ်ကနေ (၂၅) နှစ်ကြားရှိတဲ့ အမျိုးသား (၄၆) ဦးကို သူတို့ရဲ့ ပါတနာတွေနဲ့ ပထမဆုံးချိန်းတွေ့တဲ့ ဒိတ်အကြောင်းမေးမြန်းတာ၊ relationship တစ်ခုအတွက် ဘာတွေက အရေးကြီးသလဲဆိုတာတွေကို မေးမြန်းတာတွေ ပါဝင်ပါတယ်။

အလားတူပဲ အမျိုးသမီးဦးရေ (၁၀၈) ဦးကိုလည်း (၂) မိနစ်စာကြာတဲ့ အမျိုးသားရုပ်ပုံတွေပါ ဗီဒီယိုကလစ်ကို ဖွင့်ပြပြီး အဆိုပါအမျိုးသားတွေရဲ့ ဆွဲဆောင်နိုင်စွမ်းနဲ့ ၄င်းတို့ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပုံပေါ်မပေါ်ဆိုတာကို အကဲဖြတ်ခိုင်းစေခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်အရ စိတ်ပုံမှန်မရှိတဲ့ဆိုက်ဒ်ကိုအမျိုးသားတွေဟာ အမျိုးသမီးတွေကို ပိုပြီးဆွဲဆောင်နိုင်စွမ်းရှိနေတာကို တွေ့ရပါတယ်။

READ
သင့်ဆီမှာ ဒီလိုထူးထူးဆန်းဆန်းအကျင့်တွေရှိနေရင် လူချမ်းသာတစ်ယောက်ဖြစ်လာနိုင်တယ်
unsplash/Christopher Campbell

ဆိုက်ဒ်ကိုသမား အမျိုးသားတွေဟာ အမျိုးသမီးတစ်ယောက်နဲ့ ဒိတ်လုပ်တဲ့အခါမှာ ပိုပြီးဆွဲဆောင်မှုရှိနေပါတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုအရမ်းရှိတဲ့ဟန် ပြသကြတာကြောင့် အမျိုးသမီးတွေက တွေ့တွေ့ချင်းပဲ နှစ်သက်မိတတ်ပါတယ်။ အဆိုပါ ဆိုက်ဒ်ကိုသမားတွေဟာ အမျိုးသမီးတွေက သူတို့ကို နှစ်သက်အောင် ဘယ်လိုစကားပြောပြီးဆွဲဆောင်ရမယ်ဆိုတာလည်း သိကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ကနဦးပိုင်းမှာတော့ တစ်ဖက်သားနှစ်လိုဖွယ်ဖြစ်အောင်၊ တစ်ဖက်သားယုံကြည်မှုရအောင် နေတတ်ကြပြီး တဖြည်းဖြည်းနဲ့ သူတစ်ပါးကို သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ အတ္တဆန်တဲ့ ပျော်ရွှင်မှုအတွက်သာ အသုံးချလာကြပါတယ်။

unsplash/Christian Fregnan

ဆိုက်ဒ်ကိုရှိတဲ့လူတွေဟာ အခြားသူတွေကို အသုံးချတတ်သလို၊ လိမ်ညာတာ၊ စိတ်ဆိုးဒေါသထွက်တာနဲ့ စိတ်လိုက်မာန်ပါလုပ်ပစ်လိုက်တာမျိုး တွေ ရှိတတ်ကြပါတယ်။ ဆိုက်ဒ်ကိုသမား လူငယ်တစ်ယောက်အနေနဲ့ နောက်ဆက်တွဲရလဒ်တွေဟာ ဆိုးကျိုးတွေသာ အဖြစ်များပါတယ်။ ဆိုက်ဒ်ကိုသမားတွေဟာ လူမှုအဖွဲ့အစည်းတစ်ခုမှာ ရေရှည်ဆက်ဆံရမယ်ဆို အဆင်မပြေကြပါဘူး။ သူများတွေနဲ့ ဆက်သွယ်တဲ့အခါမှာ ခက်ခဲတဲ့အပြင် တစ်စုံတစ်ရာအရေးကြုံတဲ့အခါ သူတို့နောက်မှာ ဘယ်သူမှ မရှိတတ်ကြဘူးလို့လည်း စစ်တမ်းကို ပြုစုထားတဲ့ သုတေသနပညာရှင်တွေက သုံးသပ်ထားပါတယ်။

READ
မိုးရွာပြီဆိုတာနဲ့ ရန်ကုန်သားတွေရင်ဆိုင်ရတဲ့ အဓိက ပြဿနာ (၅) ခု

လင်းလင်း (ShweMom)

SHARE