အိန္ဒိယနိုင်ငံ Telangana ပြည်နယ်သူ အမျိုးသမီးနှစ်ယောက်ဟာ လူ့အဖွဲ့အစည်းရဲ့စံနှုန်းတွေကိုသွေဖည်ပြီး ပြည်နယ်ရဲ့ပထမဆုံးအမျိုးသမီး မီးပြင်သမားတွေအဖြစ် သမိုင်းတွင်ခဲ့ပါပြီ။ Storypick သတင်းအရ Babburi Sirisha ဟာ ၂၀၁၉ခုနှစ်မှာ အခြားအမျိုးသမီးတွေနဲ့အတူ Telangana Southern Power Distribution Corporation Limited (TSSPDCL) ဆီသွားခဲ့ပါတယ်။ သူမတို့ဟာ လျှပ်စစ်မီးပြင်သမားတွေအဖြစ် အမျိုးသမီးတွေကိုအလုပ်ပေးဖို့အတွက် အာဏာပိုင်တွေဆီသွားရောက်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
TSSPDCL ဟာ လျှပ်စစ်မီးပြင်သမားတွေနေရာမှာ အမျိုးသမီးများလျှောက်ထားခွင့်ကို ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ၁၈ပေရှည်တဲ့ ဓာတ်တိုင်တွေကို မကြာခဏတက်ရမှာဖြစ်တဲ့အတွက် အမျိုးသမီးတွေဆို အန္တရာယ်များတယ်ဆိုပြီး သတ်မှတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ Sirisha အပါအဝင်အမျိုးသမီးတစ်စုဟာ နှစ်နဲ့ချီ တရားရင်ဆိုင်အပြီးမှာတော့ TSSPDCL အာဏာပိုင်တွေရဲ့ လျှပ်စစ်မီးပြင်ဌာနမှာ အမျိုးသမီးမခန့်ရဘူးဆိုတဲ့ စည်းမျဉ်းကိုပယ်ဖျက်နိုင်ခဲ့ပါတယ်။ Sirisha ဟာ အခြားအမျိုးသမီး၈ယောက်နဲ့အတူ မီးပြင်ရာထူးကိုလျှောက်ထားခဲ့ပါတယ်။ သူမဟာ Electrician trade မှာ ITI နဲ့ ကျောင်းပြီးထားသူလည်း ဖြစ်ပါတယ်။
မနှစ်က ဒီဇင်ဘာ ၂၃ရက်နေ့မှာတော Sirisha နဲ့ အသက်၃၂နှစ်အရွယ် ကလေးနှစ်ယောက်မိခင် Vaankudothu Bharathi တို့ဟာ လျှပ်စစ်မီးပြင်ဖို့အတွက် စစ်ဆေးပွဲဝင်ဖြေခဲ့ကြပါတယ်။ အမှတ်ကောင်းကောင်းနဲ့အောင်မြင်ခဲ့ကြပြီး နှစ်ယောက်စလုံးဟာ တစ်မိနစ်အတွင်း ဓာတ်တိုင်ကို အတက်အဆင်းပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဓာတ်တိုင်တက် စစ်ဆေးမှုအပြီးမှာတော့ အမျိုးသမီးနှစ်ယောက်စလုံးဟာ အငယ်တန်းမီးပြင်သမားတွေအဖြစ် အလုပ်ရခဲ့ကြပါတယ်။
She cracked the written examination, knocked on High Court’s door and finally became India’s first linewoman. Telangana’s Babburi Sirisha defied all odds and proved that no woman is inferior to any man. Watch the inspiring tale of this 20-year-old achiever. #NewsMo #Vertical #RE pic.twitter.com/lqjPiR3uz5
— IndiaToday (@IndiaToday) January 7, 2021
Shirisha ကတော့ “ကျွန်မတို့ ဒီနေရာရောက်ဖို့ အရမ်းကြိုးစားခဲ့ရတာပါ။ အမျိုးသမီးလျှပ်စစ်မီးပြင်သမားတွေအဖြစ် သေချာအလုပ်လုပ်ပါ့မယ်။ အခုဆို ကျွန်မတို့ကို ဘယ်အရာမှမတားနိုင်တော့ဘူး။ အမျိုးသမီးတွေကလည်း သူတို့လုပ်တဲ့အလုပ်မှာ အရည်အသွေးမနိမ့်ဘူးဆိုတာ အားလုံးကိုသက်သေပြမယ်။” လို့ ဂုဏ်ယူစွာ ပြောခဲ့ကြောင်းလည်း storypick သတင်းအရ သိရပါတယ်။
ShweMom