ကမ္ဘာတစ်ဝန်းက နာမည်ကျော် အမျိုးသမီး ကွင်းဆက်လူသတ်သမားများ

IG/mi_expediente_favorito

ကမ္ဘာပေါ်ရှိ လူသတ်မှုတွေရဲ့ ၉၀ ရာနှုန်းလောက်က အမျိုးသားတွေ ကျူးလွန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ နာမည်အကျော်ကြားဆုံး ကွင်းဆက်လူသတ်သမားတွေက အမျိုးသားတွေ ဖြစ်နေကြတာပါ။ ဒါပေမယ့်လည်း နာမည်ကျော်တဲ့ အမျိုးသမီး ကွင်းဆက်လူသတ်သမားတွေလည်း ရှိနေပါသေးတယ်။ အများစုကတော့ အဆိပ်ကို လူသတ်လက်နက်အဖြစ် အသုံးပြုကြပါတယ်။ တစ်ချို့ ကွင်းဆက်လူသတ်သမားတွေဆိုရင် လူ ၁၀၀ ကျော်လောက်တောင် သတ်ပစ်ခဲ့ကြပါတယ်။ ဒီ အမျိုးသမီး ကွင်းဆက်လူသတ်သမားတွေကို InsideHook ကနေ ဖော်ပြထားပါတယ်။

Aileen Wuornos

သူမကို ၁၉၅၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၈၉ ကနေ ၁၉၉၀ အတွင်းမှာပဲ အမျိုးသား ၇ ယောက်ကို သတ်ပစ်ခဲ့ပါတယ်။ The New York Daily News ရဲ့ သတင်းတွေအရ သူမက အကုန်လုံးကို သေနတ်နဲ့ပဲ ပစ်သတ်ခဲ့တာပါ။ ယာဉ်  မတော်တဆမှု တစ်ခု ဖြစ်ရာကနေ သူမကို သူမရဲ့ ဓားစာခံတစ်ယောက်ရဲ့ ကားထဲမှာ ဖမ်းမိခဲ့ပါတယ်။ သူမကတော့ ရဲတွေကို သူမက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လူသတ်ခဲ့တာလို့ ဖြေခဲ့ပြီး အကြောင်းအရင်းကတော့ ပြည့်တန်ဆာ လုပ်တဲ့အချိန်မှာ သူမကို မုဒိန်းကျင့်ခဲ့တာကြောင့်လို့ ဖြေခဲ့ပါတယ်။ သူမကိုတော့ လူသတ်မှု ၆ မှုအတွက် တရားစွဲဆိုခဲ့ပါတယ်။ ၂၀၀၃ မှာတော့ သူမဘဝအကြောင်းကို Monster အမည်ရတဲ့ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပြီး စိတ်ဝင်စားမှုတွေ အများအပြား ရရှိခဲ့ပါတယ်။

Judias Buenoano

READ
အမျိုးသမီးတွေ ဘယ်သွားသွား မိမိကိုယ်ကို လုံခြုံအောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

NBC ရဲ့ သတင်းတွေအရ သူမက ခင်ပွန်းဖြစ်သူ James Goodyear ကို သတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ သားဖြစ်သူနဲ့ သူ့ရဲ့ ရည်းစားတွေဖြစ်တဲ့ အမျိုးသား နှစ်ယောက်ကိုပါ သတ်ပစ်ခဲ့ပါသေးတယ်။ သူမနဲ့ စေ့စပ်ထားတဲ့ အမျိုးသားတစ်ယောက်ကိုလည်း သတ်ဖို့ကြံစည်မှုအပြင် ၁၉၇၄ ခုနှစ် Alabama မှာ ဖြစ်ခဲ့တဲ့ လူသတ်မှုတစ်ခုအတွက်လည်း သူမကို တရားခံလို့ ထင်ကြေးပေးခံခဲ့ပါတယ်။ သူမကို ၁၉၇၁ ခုနှစ်မှာ သူမ ခင်ပွန်းကို သတ်ပစ်ခဲ့တဲ့အတွက် ကွပ်မျက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူမက တခြားသော လူသတ်မှုတွေနဲ့လည်း ဆက်စပ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ သူမကတော့ ၁၈၄၈ နောက်ပိုင်းမှာ ဖလော်ရီဒါပြည်နယ်မှာ ကွပ်မျက်ခံရတဲ့ ပထမဆုံးသူ ဖြစ်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ တတိယမြောက် သေဒဏ်ပေးကွပ်မျက်ခံရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Juana Barraza

လူသတ်သမား အဘွားအိုလို့ သူမကို လူသိများကြပါတယ်။ နာမည်ကျော် နပန်းသမား တစ်ယောက် ဖြစ်ခဲ့ပြီး အသက် ၄၂ နှစ်ကနေ ၄၈ နှစ်အတွင်းက အမျိုးသမီးတွေကို သတ်ပစ်ခဲ့ပါတယ်။ ဒီအတွက် ၇၅၉ နှစ် ထောင်ကျခဲ့ပါတယ်။ သူမကတော့ လူတွေကို ရိုက်တာ (သို့) လည်ပင်းညစ်သတ်ပြီး ပိုင်ဆိုင်မှုတွေကို ခိုးယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၆ မှာ အဖမ်းခံရခဲ့ပြီး လူသတ်မှု ၁၆ မှုမှာ အပြစ်ရှိကြောင်း ပေါ်လွင်ခဲ့ပါတယ်။

Jane Toppan

သူနာပြုတစ်ယောက်ဖြစ်ပြီး ဒါဇင်နဲ့ ချီတဲ့ သူတွေကို ဆေးထိုးသတ်ခဲ့တာါ။ ၁၉၀၁ ခုနှစ် သူမ အဖမ်းခံရတော့ ၃၁ တစ်ယောက်ကို သတ်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း စိတ်မနှံဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အပြစ်လွတ်ခဲ့ပြီး စိတ်ကျန်းမာရေးဆေးရုံကို ပို့ခဲ့ပါတယ်။

READ
စိတ်ထဲမှာ မေ့ဖျောက်ဖို့ ခက်ခဲလောက်အောင် နေရာယူထားနိုင်လွန်းတဲ့ ရုပ်ထုများ

Gesche Gottfried

ဘာမန်မြို့ရဲ့ လူမြင်ကွင်းမှာ နောက်ဆုံး ကွပ်မျက်ခံရတဲ့ ဂျာမန်ကွင်းဆက်လူသတ်သမား တစ်ဦး ဖြစ်ပါတယ်။ ၁၈၁၃ ခုနှစ်ကနေ ၁၈၂၇ ခုနှစ်အတွင်းမှာ သူနာပြုယောင်ဆောင်ပြီး လူ ၁၅ယောက်ကို အစာထဲ အဆိပ်ထည့်ကျွေးပြီး သတ်ပစ်ခဲ့ပါတယ်။ မိဘနှစ်ပါးနဲ့ ခင်ပွန်းနှစ်ယောက်အပြင် သားသမီးတွေနဲ့ ရည်းစားဖြစ်သူကိုပါ သတ်ပစ်ခဲ့တာပါ။

Amelia Dyer

လူသတ်မှုတစ်ခုအတွက်ပဲ ပြစ်ဒဏ်ကျပေမယ့် ကလေးမြောက်များစွာရဲ့ အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူပါ။ ကလေးထိန်းကျောင်းမှာ နှစ်(၂၀)ကျော် အလုပ်လုပ်ခဲ့ပြီး နို့စို့အရွယ်ကလေး (၄၀၀၀ကျော်လောက်ကို သတ်ခဲ့တယ်လို့ သံသယရှိခံခဲ့ပါတယ်။ ၁၈၉၆ ခုနှစ်မှာ အဖမ်းခံရပြီး ကြိုးပေးကွပ်မျက်ခံခဲ့ရပါတယ်။

Nannie Doss

ခင်ပွန်း ၄ ယောက်၊ သားသမီး ၂ ယောက်၊ ညီမ ၂ ယောက်၊ မိခင်ဖြစ်သူနဲ့ ယောက္ခမအပြင် မြေးဖြစ်သူ ကို ၁၉၂၀ ခုနှစ်ကနေ ၁၉၅၄ ခုနျစ်အတွင်းမှာ သတ်ပစ်ခဲ့ပါတယ်။ ကြွက်သတ်ဆေးကို သုံးပြီး သတ်ခဲ့တာ ဖြစ်ပြီး အဖမ်းခံရချိန်မှာ အသနားခံခဲ့ပါတယ်။ သူမကို ဘဝတစ်သက်တာ ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

Miyuki ishikawa

ဝမ်းဆွဲလက်သည်တစ်ယောက်ဖြစ်ပြီး ၁၉၄၀ ခုနှစ်တွေမှာ ကြံရာပါတွေနဲ့အတူ နို့တိုက်အရွယ် ကလေးတွေကို သတ်ခဲ့ပါတယ်။ အများစုကတော့ စွန့်ပစ်ခံရတဲ့ ကလေးတွေ ဖြစ်ပြီး ဒီလူသတ်မှုတွေအတွက် အခကြေးငွေ ရရှိခဲ့တယ်လို့ သူမက ဆိုပါတယ်။ ရတဲ့ငွေက ကလေးတစ်ယောက်ကို ပျိုးထောင်ရတဲ့ စရိတ်ထက်တော့ နည်းပါတယ်လို့ ပြောခဲ့ပါတယ်။ သူမသတ်ခဲ့တဲ့ ဦးရေက ၈၅ ကနေ ၁၆၉ လို့ ခန့်မှန်းကြပါတယ်။

Kham

 

 

SHARE