အမျိုးသမီးတွေ သူတို့ မိခင်အတိုင်းတစ်ပုံစံတည်းဖြစ်သွားချိန်ကို လေ့လာတွေ့ရှိ

လေ့လာတွေရှိချက် အသစ်တစ်ခုရဲ့ ဖော်ပြချက်အရ အမျိုးသမီးတွေဟာ အသက် (၃၃) ရွယ်ရောက်တဲ့အခါ သူတို့ရဲ့ မိခင်ပုံစံအတိုင်း ပြောင်းလဲသွားကြတယ်လို့ သိရပါတယ်။ အမျိုးသားတွေကတော့ ဖခင်ပုံစံကို အသက် (၃၄) နှစ်မှာ ပြောင်းလဲသွားပါသတဲ့။

မိခင်ဘ၀က အမျိုးသမီးတွေမှာဆို ပင်ကို စရိုက်ပြောင်းလဲခြင်းများစွာ ဖြစ်ပေါ်တဲ့ အပိုင်းအခြားတစ်ခုဖြစ်ပြီး ရုပ်ပိုင်ဆိုင်အရပါ ရင့်ရော်မှုတွေ ဖြစ်ပေါ်လာပါတယ်။

twitter

အမျိုးသမီးတွေထဲမှာဆို မင်းသမီး ကီရာ နိုက်တလေ (၃၃ နှစ်) က သူမရဲ့ ၆၈ နှစ်ရွယ် မိခင်နဲ့ တစ်ထေရာတည်း တူနေတာကို တွေ့ရပါတယ်။ အမျိုးသားတွေထဲမှာဆိုရင် ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီ (၃၄) နှစ်နဲ့ ဖခင်ဖြစ်သူ အသက် (၇၀) အရွယ် ချားလ်စ်နဲ့ ဥပမာပြလို့ရပါတယ်။

READ
သင်မသိသေးတဲ့ နေ့စဉ်သုံးပစ္စည်း အစိတ်အပိုင်းတွေရဲ့ အသုံးဝင်ပုံများ
mr.blue

အမျိုးသမီးတွေက သူတို့ရဲ့ မိခင်တွေ ပြုမူနေထိုင်သလိုမျိုးပဲ တီဗီစီးရီးတွေကအစ သူတို့ကြည့်တာတွေကြည့်တာ၊  တူညီတဲ့ ၀ါသနာတွေကို လိုက်စားတာ၊ အသုံးအနှုန်းဖော်ပြမှုတွေကအစ တူနေတာကိုတွေ့ရပါတယ်။ အမျိုးသားတွေကတော့ ဖခင်တစ်ယောက်ဖြစ်လာပြီးတော့မှ သူတို့ရဲ့ ဖခင်တွေအတိုင်းပြုမူတတ်တာလို့ဆိုပါတယ်။

PA

အမျိုးသားတွေဟာ နိုင်ငံရေး ထင်မြင်ချက်တွေပါ အသက်အရွယ်နဲ့လိုက်ပြီး ပေါက်ဖွားလာတတ်ကြတယ်။ ထိပ်ပြောင်းလာမယ်၊ ၀ိတ်တက်လာမယ်၊ အေးအေးချမ်းချမ်းပဲ သဘောကျလာမယ် စသလို ပြောင်းလဲသွားကြတယ်။

twitter

အဲ့ဒါနဲ့ ပတ်သက်ပြီး Harley Street က ပလစ်စတစ်ဆာဂျင်ဖြစ်တဲ့ ဒေါက်တာ ဂျူလီယန်က စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။ လူ အယောက် (၂၀၀၀) ဆီကရရှိလာတဲ့ ရလဒ်တွေကိုကြည့်တဲ့အခါမှာ လူတိုင်းမိဘနဲ့ တူတူလာတဲ့ အသက်အပိုင်းအခြားတွေကို ခန့်မှန်းဖော်ထုတ်နိုင်ခဲ့တယ်။

dailymail

အိုမင်ရင့်ရော်မှုကတော့ မလွဲမသွေကြုံရမှာ မှန်ပေမယ့် လူတော်တော်များများကတော့ ဒီကိစ္စနဲ့ ပတ်သက်ရင် ရှောင်လွှဲလိုစိတ်လေးတော့ ရှိနေကြတယ်။

READ
ကမ္ဘာ့ အသက်အငယ်ဆုံး အမျိုးသမီး ဘီလီယံနာ (၅) ဦး

ဒီလိုကြောင့်နဲ့ လူတွေ ပလတ်စတစ် ဆာဂျရီ စတင်လုပ်ချင်လာတဲ့ အသက် အပိုင်းအခြားတစ်ခုကလည်း ရှိနေတာကို ထပ်မံတွေ့ရှိခဲ့ကြတယ်။ အမျိုးသမီးတွေက အသက် (၃၇) နှစ်၊ အမျိုးသားတွေက အသက် (၄၃) နှစ် ဆိုပြီး စစ်တမ်းများအရ သိရပါတယ်။ အဲ့ဒီ့ အချိန်ရောက်တဲ့အခါ လူတွေက သူတို့ရဲ့ အသွင်အပြင်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအဆင့် တိုးမြှင့်ဖို့ ကြိုးစားလေ့ရှိကြတယ်လို့ သိရပါတယ်။

Ref: Daily Mail

Matthew (ShweMOM)

 

SHARE