အမျိုးသမီးအချို့က တင်ကြီးချင်လို့ ငှက်ပျောသီးအနှစ်တွေနဲ့တင်ကို လိမ်းနေကြသတဲ့

Instagram- Kim Kardishian, Freepik-freepik

အမျိုးသမီးတွေခင်ဗျာ သူတို့ရဲ့ခန္ဓာကိုယ်ကို မလှလှအောင် နည်းမျိုးစုံနဲ့ထိန်းသိမ်းပြုပြင်ရာမှာ အတော်လေး တော်ကြပါတယ်။ အသားအရေထိန်းသိမ်းဖို့ဆိုပြီး မျက်နှာကို ဓာတုပစ္စည်းပေါင်းစုံနဲ့လုပ်ထားတဲ့ skin care တွေ၊ ဆေးထိုး၊ ဆေးသောက်နဲ့ ခွဲစိတ်ပြုပြင်တာတွေအပြင်ကိုမှ သဘာဝကရတဲ့ အသီးအနှံဟင်းသီးဟင်းရွက်တွေကိုလည်း နည်းမျိုးစုံနဲ့ ပေါင်းတင်တာတစ်ဖုံ လုပ်တတ်ကြတ်မဟုတ်လား။

အခုလည်း အမျိုးသမီးတွေဟာ တင်ပါးကြီးဖို့ဆိုပြီး ပေါက်ပေါက်ရှာရှာနည်းလမ်းတစ်ခုကို လုပ်နေကြပြန်ပြီတဲ့လေ။ Ladbible မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတိုင်း အားကျရတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေ အများကြီးရှိနေပါတယ်။ အဲဒီအထဲမှာမှ လူကြိုက်အများဆုံးဆိုရင်တော့ Kim Kardashian နဲ့ Kylie Jenner တို့ ညီအစ်မနှစ်ယောက်ပါပဲ။ အဓိက ခန္ဓာကိုယ်အစိတ်အပိုင်းကတောာ့ တင်ပါးပေါ့။ စွင့်စွင့်ကားကားနဲ့ လုံးဝင်းနေပြီး ဘယ်ရှုထောင့်ကကြည့်ကြည့်လှပနေတဲ့ တင်ပါးပိုင်ရှင် ညီအစ်မနှစ်ယောက်ပါပဲ။

https://www.instagram.com/p/B8RpTO-Hl35/

READ
ဝန်ထမ်းတွေ အံ့သြ၀မ်းသာသွားရအောင် ရုတ်တရတ် လစာတွေတိုးပေးခဲ့တဲ့ စီအီးအို

ဒီလိုတင်ပါးမျိုးရဖို့ အမျိုးသမီးတွေဟာ ဆေးထိုးလိုက်၊ ခွဲစိတ်ပြုပြင်လိုက်နဲ့ မျိုးစုံကြိုးစားနေခဲ့ကြပါတယ်။ ဒီလိုတင်ပါးမျိုးရဖို့ကို အဲလို အသားနာခံစရာမလိုတဲ့နည်းလမ်းပေါ်လာခဲ့မယ်ဆိုရင် လိုက်လုပ်ကြမယ်သူချည်းပါပဲ။ အခုလည်း ငှက်ပျော်သီးအနှစ်က တင်ပါးကိုကြီးစေတယ်ဆိုလို့ လိုက်လုပ်နေကြသတဲ့။

နည်းလမ်းကတော့ ငှက်ပျောသီးတွေကို လိုသလောက်အခံတွေနွှာ၊ petroleum jelly သို့မဟုတ် ဒိန်ချဉ်ပါရောထည့် ပြီးရင် အနှစ်ဖြစ်အောင်ချေရမယ်တဲ့။ နောက် ရလာတဲ့အနှစ်ကို တင်ပါးမှာ ခပ်ထူထူသုတ်လိမ်းကြတာပါတဲ့လေ။ ဒီနည်းလမ်းစတင်နာမည်ကြီးလာခဲ့တာကတော့ YouTube channel တွေမှတစ်ဆင့်ဖြစ်ပါတယ်။

Freepik-freepik
Freepik-backgroundy

ကြည့်ရှုသူပေါင်း ၆ သိန်းကျော်ရှိခဲ့ပြီးနောက် ဒီနည်းလမ်းကို လိုက်လုပ်လာကြသူတွေလည်း အမျာကြီးရှိလို့လာခဲ့ပါတယ်။ ဒါပေမဲ့ဆရာဝန်တွေကတော့ ဒီနည်းကို မလုပ်ကြပါနဲ့လို့ တားမြစ်နေကြသတဲ့။ ဘာကြောင့်ဆို ယောင်ယမ်းမှုတွေ၊ ဓာတ်မတည့်မှုတွေ၊ အဖုအပိမ့်တွေထွက်ပြီး အခန့်မသင့် အရေပြားရောဂါတောင် ရသွားနိုင်လို့ပါတဲ့လေ။

Penny

SHARE