ဆေးလိပ်ကြိုက်သူအမျိုးသမီးတွေဟာ နှလုံးရှော့ခ်ရနိုင်ခြေ ပိုများ

Shutterstock/ Billion Photos

ဆေးလိပ်သောက်ခြင်းဟာ နှလုံးကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်သူအမျိုးသမီးတွေဟာဆိုရင် အမျိုးသားတွေထက် ဆေးလိပ်ရဲ့ ဆိုးကျိုးကို ပိုမိုခံစားရနိုင်တယ်လို့ သိရပါတယ်။ American College of Cardiology ဂျာနယ်အရ အသက် (၅၀) အောက် အမျိုးသမီးတွေဟာ ဆေးလိပ်ကြောင့် ပိုပြီးဆိုးရွားတဲ့ နှလုံးထိခိုက်မှုတွေကို ခံရနိုင်ပါတယ်။

အသက်(၁၈-၄၉) နှစ်အတွင်း ဆေးလိပ်သောက်သုံးသူ အမျိုးသမီးတွေဟာ ဆေးလိပ်မသောက်သုံးသူတွေထက်စာရင် နှလုံးရှော့ခ်ရပြီး သေဆုံးဖို့ (၁၃) ဆပိုများနေတယ်လို့ ဂျာနယ်က ဆိုပါတယ်။ အမျိုးသမီးနဲ့ အမျိုးသားဆေးလိပ်သောက်တာချင်းအတူတူမှာတောင် ဆေးလိပ်ဟာ အမျိုးသမီးတွေထံ သက်ရောက်မှုပိုပြင်းထန်ကြောင်း သိရပါတယ်။

Shutterstock/kuzmaphoto

ဆေးလိပ်ဟာ နှလုံးရောဂါနဲ့ ဆက်စပ်နေပြီး နှလုံးရောဂါဟာ အမျိုးသားရော၊ အမျိုးသမီးမှာပါ သေဆုံးမှုများတဲ့ နံပတ်တစ်ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်နေပါတယ်။ ဒါကြောင့် မလိုလားအပ်ပဲ ပြင်းထန်တဲ့ နှလုံးရောဂါမျိုးကို မခံစားရစေဖို့ အမျိုးသမီးတွေအနေနဲ့ မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။

READ
ထိရှထားတဲ့ ဒဏ်ရာတွေကို အမြန်ဆုံးပျောက်အောင် ဘယ်လိုကုသနိုင်မလဲ

ဆေးလိပ်သောက်သုံးသူတွေမှာ ပြင်းထန်တဲ့ နှလုံးရှော့ခ်ရမှု ST segment elevation myocardial infarction သို့မဟုတ် STEMI လို့ခေါ်တဲ့ ရောဂါဖြစ်ပွားတတ်ပါတယ်။ နှလုံးဆီ အောက်ဆီဂျင်နဲ့ သွေးတွေပို့ပေးတဲ့ နှလုံးရဲ့ အဓိကသွေးကြောမကြီးတွေထဲကတစ်ခုက ပိတ်ဆို့သွားတဲ့အခါ STEMI ဖြစ်ပွားပါတယ်။ ဆေးလိပ်သောက်တာက STEMI နဲ့ (၅၀) ရာခိုင်နှုန်းသက်ဆိုင်တာကြောင့် ဒီရောဂါဟာ အမျိုးသမီးတွေအတွက် အထူးသတိပြုရမယ့် ရောဂါပါပဲ။

Shutterstock/ Gorynvd

ပညာရှင်တွေဟာ ဆေးလိပ်သောက်သုံးသူ အမျိုးသားနဲ့ အမျိုးသမီးတွေကို လေ့လာကြည့်ရာမှာ အမျိုးသမီးတွေဟာ ဘယ်အသက်အရွယ်မှာပဲ ဆေးလိပ်သောက်သောက် အမျိုးသားတွေနဲ့ ယှဉ်ရင် ဆေးလိပ်ဒဏ်ကို ပိုမိုခံစားရကြောင်း တွေ့ရပါတယ်။

အဓိကအကြောင်းရင်းကတော့ အမျိုးသမီးတွေမှာ အီစထရိုဂျင်ထုတ်လုပ်တာ နည်းလို့ဖြစ်ပါတယ်။ အမှန်တော့ အီစထရိုဂျင်ဟာ နှလုံးကို ကာကွယ်ပေးတဲ့ သတ္တိရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ ဇီဝအားဖြင့် အီစထရိုဂျင်ထုတ်တာနည်းတော့ ဆေးလိပ်ကပေးတဲ့ ဖိအားတွေကို မခံနိုင်ပဲ နှလုံးရောဂါ အဖြစ်လွယ်တာဖြစ်ပါတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်တစ်ခုလုံးအတွက် အဓိကအရေးကြီးတဲ့ နှလုံးအတွက် ဆိုးကျိုးကိုသာဖြစ်စေတဲ့ ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

READ
ညဘက်အိပ်ရေးပျက်ခြင်းကြောင့် သင့်ရဲ့ခန္ဓာကိုယ်ကိုမှာ ထိခိုက်စေမယ့်အရာများ

လင်းလင်း (ShweMom)

SHARE