ကိုယ်တိုင်အားထုတ်ထားတဲ့ အောင်မြင်မှုတွေကို အခိုးခံခဲ့ရတဲ့ နာမည်ကျော်မိန်းမသား ၄ ဦး

Albert_Einstein_and_his_wife_Mileva_Maric/Wikimedia, Margaret Keane/Instagram

ခိုးတယ်ဆိုတဲ့ စကားဟာ ပစ္စည်းဥစ္စာကို ခိုးယူမှ ခိုးတယ်လို့မပြောဘဲ၊ ကြိုးစားအားထုတ်ပြီး ရလာတဲ့ ရလဒ်တွေ၊ ဖြေရှင်းချက်တွေစတဲ့ အရာတွေကို ပြောင်းလဲခြင်းမရှိဘဲ တိတိကျကျခိုးယူတာကိုလည်း ခိုးတာအထမြောက်ပါတယ်။ ဗဟုသုတအနေနဲ့ ဒီတစ်ခေါက်ပြန်လည်မျှဝေချင်တာကတော့ အတိတ်တုန်းက ကိုယ်တိုင်ကြိုးစားအားထုတ်ခဲ့ရတဲ့ ရလဒ်တွေကို အခိုးခံခဲ့ရပြီး တခြားလူတစ်ယာက်ရဲ့ နာမည်အောက်မှာ အောင်မြင်မှုအခိုးခံခဲ့ရတဲ့ မိန်းမသားများအကြောင်းဖြစ်ပါတယ်။

(၁) ဝတ္ထုတွေကိုယ်တိုင်ရေးခဲ့ပေမယ့် ခင်ပွန်းနာမည်သာတပ်ခွင့်ရခဲ့တဲ့ သူမ

Willy ဆိုတဲ့လူနဲ့ Sidonie-Gabrielle Colette လက်ထပ်ခဲ့တုန်းက သူမဟာ အသက် ၂၀ သာရှိပါသေးတယ်။ ခင်ပွန်းသည်ရဲ့ပြောစကားချိုချိုတွေအောက်မှာ နစ်မြာပြီးယုံကြည်ပေးလွန်းကာ ၈ နှစ်အတွင်း လူကြိုက်များပျော်ကြားခဲ့တဲ့ ဝတ္ထုစာအုပ်ကြီး ၄ အုပ်ကို သူမကိုယ်တိုင်ရေးပေးခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့နာမည်နဲ့ပဲ ပုံနှိပ်နေတာကို ရေငုံနှုတ်ပိတ်ပေးခဲ့ပါတယ်။ ကြာလာတဲ့အခါမှာတော့ သည်းမခံနိုင်တော့ဘဲ Willy နဲ့ကွာရှင်းကာ စာပေလောကထဲ ကိုယ်ပိုင်နာမည်နဲ့ ဝင်ရောက်ကာ အောင်မြင်မှုရရှိပြီးတဲ့အချိန်မှာတော့ ခင်ပွန်းသည်ရဲ့လုပ်ရပ်တွေကို ဖွင့်ချပစ်ခဲ့တာပါ။ ၁၉၄၈ ခုနှစ်တုန်းက နိုဘယ်ဆုအတွက် စံကာတင်ဝင်ခဲ့သူလည်းဖြစ်ပါတယ်။

SidonieGabrielleColette,Wikimedia

(၂) နောက်ကျောဓားနဲကထိုးခံခဲ့ရတဲ့ ရူပဗေဒနဲ့ ရေဒီယိုသတ္တိကြွဓတုပညာရှင်

Lise Meitne ဆိုသူအမျိုးသမီးဟာ နျူကလိယားစွမ်းအင်ထွက်လာစေရန် ဓာတ်တွေပြိုကွဲခြင်းနဲ့ ပေါက်ကွဲခြင်းဆိုင်ရာတို့ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အဖွဲ့ထဲမှာ အဓိကနေရာကနေ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ တကယ်တမ်း ဓာတုဗေဒပညာရပ်မှာ နိုဘယ်ဆုရခဲ့ချိန်မှာတော့ ကြိုးစားခဲ့ရတဲ့ Lise Meitne တစ်ယောက် နာမည်တောင်ဖော်ပြခြင်းမခံခဲ့ရဘဲ နှစ်ပေါင်း ၃၀ လောက်အလုပ်အတူတွဲလုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် Otto Hahn နာမည်နဲ့တပ်ကာ အဲဒီအမျိုးသမီးက ကမ္ဘာကျော်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း နျူကလိယားလက်နှက်တွေစမ်းသပ်တီထွင်ဖို့ ကမ္ဘာအနှံ့ကလက်ကမ်းခဲ့သော်လည်း လုံးဝလက်မခံတော့တာပါ။

Lise Meitner and the Dawn of the Nuclear Age ISBN 978-0817637323 with the caption Shy Lise the doctoral candidate, 1906, Vienna. (Courtesy Master and Fellows of Churchill College, Cambridge, England)/Wikimedia

(၃) လူ့လောကထဲမရှိတော့မှ နာမည်ဖော်ပြခြင်းခံခဲ့ရတဲ့ အဏုဇီဝနဲ့မျိုးရိုးဗီဇပညာရှင် Esther Lederberg

ဘတ်တီးရီးယားတွေရဲ့ မျိုးစိတ်တွေကို စတင်ခွဲခြမ်းလေ့လာခဲ့တာ Esther Lederberg ပါ။ သူမရဲ့ပထမခင်ပွန်း Joshua နဲ့ အတူတူလေ့လာခဲ့တာဖြစ်ပြီး သူမကတော့ ဦးဆောင်ကာ ပိုကြိုးစားခဲ့ရပါတယ်။ သို့ပေမယ့်လည်း ပထမဆုံးဘတ်တီးရီးယားမျိုးစိတ်ခွဲနိုင်တဲ့ ပညာရှင်အဖြစ် နာမည်တွင်ခဲ့သူကတော့ Joshua ဖြစ်သွားခဲ့ပြီး သူမကို နိုဘယ်ဆုတက်ယူနေစဉ်ရော၊ နိုဘယ်ဆုပေးပွဲညစာစားပွဲမှာရော၊ တခြားဟောပြောပွဲတွေမှာရော ကျေးဇူးတင်ကြောင်း နာမည်လေးတောင် ထုတ်မပြောဘဲ သူတစ်ယောက်တည်း လုပ်သလိုလိုပုံစံမျိုးဖမ်းခဲ့တာပါ။ ဒီကိစ္စကြောင့်ပဲ နှစ်ယောက်သားကွာရှင်းခဲ့ပြီး Esther ဆုံးသွားတဲ့အချိန်ကျမှ ဒီအကြောင်းတွေကို အကုန်သိနေတဲ့ စတန်းဖို့ဒ်တက္ကသိုလ်ပါမေက္ခတစ်ဦးက ထုတ်ပြောပြခဲ့တာဖြစ်ပါတယ်။

READ
ကမ္ဘာတစ်ဝန်းက ထူးခြားဆန်းပြားတဲ့ Spa Treatments များ
Wikimedia

(၄) ပန်းချီကားတွေကိုမင်းဆွဲတယ်လိုက်တာနဲ့ သတ်ပစ်မယ်လို့ခြိမ်းခြာက်ခံခဲ့ရတဲ့ ပန်းချီဆရာမ

Big Eyes နာမည်နဲ့ပန်းချီကားတွေကို ရေးဆွဲနေခဲ့သူ Margaret Keane ကိုတော့ ပန်းချီချစ်သူတိုင်း မသိသူမရှိဘူးလို့ ထင်ပါတယ်။ သူမဟာ အနုပညာကိုချစ်မြတ်နိုးလွန်းသူတစ်ယောက်ဖြစ်ကာ ပန်းချီမှာလည်း ပါရမီပါဝါသနာထုံသူတစ်ယောက်ပါ။ နှစ်ရှည်လများ အရောင်းတင်ထားတဲ့ ပန်းချီကားတွေကို သူမခင်ပွန်း Walter ဟာ Margaret နာမည်နဲ့မဟုတ်ဘဲ သူ့နာမည်နဲ့တင်ရောင်းနေတာ သိလိုက်ရတ့အချိန်မှာ သူမဒေါသထွက်ခဲ့ပေမယ့်လည်း ဈေးကွက်မှာသူ့နာမည်သုံးပါမှ ပိုအရောင်းသွက်နိုင်တာကြောင့် မတတ်နိုင်ဘဲ လုပ်မိတာလို့ ချစ်ခင်ပွန်းက နှစ်သိမ့်ခဲ့လေတော့ Margaret တစ်ယောက် နားလည်ကာကြည်ဖြူစွာခွင့်ပြုပေးခဲ့ပါတယ်။

၁၃ နှစ်လောက် မျက်လုံးမှိတ်နေခဲ့ပေမယ့် ခင်ပွန်းသည် Walter ဟာ သူမကြိုးစားထားတဲ့ လက်ရာတွေနဲ့ ၁၉၆၀ ပတ်ဝန်းကျင်မှာ အကျော်ကြားဆုံးပန်းချီဆရာအဖြစ် ခံယူနေခဲ့တာကို ခံပြင်းလာခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Walter ပွဲအခမ်းအနားတွေတက်၊ မျက်နှာပန်းတွေပွင့်နေချိန်မှာ သူမကတော့ အိမ်မှာနေပြီး တစ်နေ့ကို ၁၆ နာရီလောက် ပန်းချီထိုင်ဆွဲဖို့ တွန်းအားအပေးခံနေရလို့ပဲဖြစ်ပါတယ်။ စစချင်းတုန်းကတော့ လေသံချိုချိုလေးနဲ့ ဖျောင်းဖြခဲ့ပေမယ့် ကြာလာတာနဲ့အမျှ ပန်းချီကားတွေကို မင်းဆွဲတာပါလို့ ပြောရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အထိ ဖြစ်လာခဲ့ရာ မခံနိုင်တဲ့အဆုံးမှာတော့ Margaret ဟာ Walter နဲ့ ကွာရှင်းခဲ့ပြီး တရားစွဲဆိုခဲ့ပါတယ်။

Margaret Keane/Instagram

တရားသူကြီးတွေက Big Eyes ပန်းချီတွေနောက်ကွယ်က ပညာရှင်အစစ်အမှန်ကိုသိရဖို့ Margaret နဲ့ Walter တို့ကို တရားရုံးမှာပဲ လူတွေအရှေ့ ပြိုင်တူရေးဆွဲခိုင်းတဲ့အခါမှာတော့ Walter က လက်မောင်းဆစ်လွဲနေတယ်လို့ အကြောင်းပြပြီး မျက်စိမျက်နှာတပျက်ပျက်ဖြစ်နေခဲ့ပေမယ့် Margaret ကတော့ လျှင်လျှင်မြန်မြန်ချောချောမွေ့မွေ့နဲ့ တစ်နာရီအတွင်းမှာပဲ ပန်းချီကားတစ်ချပ်ကို ပြီးအောင်ဆွဲပြသွားခဲ့ပါတယ်။ ဒီအကြောင်းကို နာမည်ကြီးဒါရိုက်တာ Tim Burton က Big Eyes ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်ပြန်လည်ရိုက်ကူးထားခဲ့ပြီး Margaret အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Amy Adams ကတော့ ရွှေကမ္ဘလုံးဆုကို ရရှိခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Margaret Keane (@margaretkeane) on Feb 22, 2017 at 6:04pm PST

အပိုဆုအနေဲ့ အိုင်းစတိုင်းရဲ့ ကမ္ဘာကျော်သီအိုရီတစ်ခုဖြစ်တဲ့ Relativity theory ကို စစချင်းအကြမ်းဖျင်းအနေနဲ့ရှာတွေ့ခဲ့သူဟာ အိုင်းစတိုင်းမဟုတ်ဘဲ အိုင်းစတိုင်းရဲ့ ဇနီးဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေထွက်နေခဲ့တာ အစကတည်းကပါ။ Relativity theory ဆိုတာဟာ E = mc2 ဆိုတဲ့ ပုံသေနည်းပါ။ Mileva ဟာ သိပ်ကိုအသိပညာဗဟုသုတကြွယ်ဝပြီး ပညာဝမ်းစာပြည့်တဲ့အမျိုးသမီးတစ်ယောက်လို့ သမိုင်းပညာရှင်တွေက တင်စားခဲ့ပါတယ်။ အိုင်းစတိုင်းဟာလည်း Mileva တော်ကြောင်းကို “ကျွန်တော်မဖြေရှင်းနိုင်တဲ့ သင်္ချာပုစ္ဆာတွေကို အဖြေရှာဖို့ Mileva ကို လိုအပ်တယ်” လို့ လူရှေ့မှာ ထုတ်ပြောခဲ့ဖူးပြီး ပုံသေနည်းထွက်လာတဲ့အချိန်မှာလည်း “ငါတို့လုပ်ခဲ့တဲ့ရလဒ်၊ ငါတို့သီအိုရီ၊ ငါတို့လေ့လာထားတာတွေ” လို့ ဇနီးနဲ့စကားပြောတိုင်း ငါတို့ ဆိုတဲ့ နာမ်စားကို အမြဲတမ်းသုံးခဲ့တာပါ။ သို့ပေမယ့်လည်း Mileva ကိုယ်တိုင် တစ်ခုမှ ဖွင့်မဟထားဘဲ အထောက်အထား စာရွက်စာတမ်းတွေလည်း မရှိတဲ့အတွက် ဘယ်သူတီထွင်တာလဲ ဆိုတာ ယနေ့အချိန်အထိ သိပ္ပံပညာရှင်အသိုင်းအ၀ိုင်းမှာတော့ အငြင်းပွားနေဆဲ ဖြစ်ပါတယ်။

READ
သမိုင်းတစ်လျှောက် တွေ့ရှိရတဲ့ ထူးထူးဆန်းဆန်း အိမ်မွေးသတ္တ၀ါများ
Albert_Einstein_and_his_wife_Mileva_Maric/Wikimedia

Penny

SHARE