ကမ္ဘာကြီးကို ပြောင်းလဲနိုင်တဲ့အထိ ကိုယ်စွမ်းကိုယ်စ ရဲရင့်ခဲ့ကြတဲ့ အမျိုးသမီးများ

လေ့လာမှုတွေအရ အမျိုးသမီးတွေဟာ ကြံ့ခိုင်သူတွေလို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာ မိခင်ရဲ့ သားအိမ်ထဲမှာ ကြီးထွားဖွံ့ဖြိုးနှုန်း မြန်ဆန်သူတွေပါ။ ဒါ့အပြင် ကူးစက်ရောဂါ၊ အစာရေစာငတ်မွတ်ခေါင်းပါးမှု စသဖြင့်ကြုံတွေ့ရတဲ့ ခက်ခဲတဲ့ အခြေအနေအချို့မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သာလွန်ကာ အသက်ပိုရှည်နေနိုင်ကြပါတယ်။ အိုင်ကျူဥာဏ်ရည်ဥာဏ်သွေး စစ်ဆေးမှုတွေမှာလည်း အမျိုးသားတွေထက် ဥာဏ်ရည်သာနေတဲ့ အမျိုးသမီးတွေဟာ အများကြီးပါ။ ဒါကြောင့် အမျိုးသမီးတွေဟာလည်း ထက်မြက်ရဲရင့်ပြီး ကမ္ဘာကို ကိုင်လှုပ်နိုင်သူတွေ ဖြစ်ကြတယ်ဆိုတာ အောက်ဘက်မှာ တွေ့ရမှာပါ။

Kathrine Switzer ဟာ ဘော့စတွန်မာရသွန်မှာ ပြေးဖို့ တရားဝင်မှတ်ပုံတင်ပြီး အသိအမှတ်ပြုခံရတဲ့ ပထမဆုံးအမျိုးသမီးပါ။ မာရသွန်ပြိုင်ပွဲစီစဉ်သူတွေက အမျိုးသမီးဖြစ်တဲ့သူမကို ပြိုင်ပွဲထဲ မပါဖို့ တားဆီးခဲ့ကြပါသေးတယ်။

CNN

Irina Rodnina ဟာ အိုလံပစ်ဂိမ်း စကိတ်ပြိုင်ပွဲမှာ (၃) နှစ်ဆက်တိုက် ချန်ပီယံဆုဆွတ်ခူးခဲ့ပြီး ကမ္ဘာ့ချန်ယံအဖြစ် ဆုပေါင်း(၁၀) ဆုရခဲ့ပါတယ်။ သူမဟာ ကလေးဘ၀တုန်းက နမိုးနီးယားရောဂါ (၁၁) ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

Encyclopedia Britannica

Kay D’Arcy ဟာ သူမဘ၀တစ်လျှောက်လုံးမှာ သူနာပြုအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ အသက်(၆၉) နှစ်မှာတော့ သူမ၀ါသနာအလျောက် ဟောလီးဝုဒ်ကို သွားပြီး ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ (၁၀) နှစ်အကြာမှာတော့ Agent 88 ဇာတ်လမ်းတွဲတွေမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

© Agent 88 / Facebook © Criminal Minds / CBS

Smaranda Brăescu ဟာ လေကြောင်းနဲ့ လေထီးဆိုင်ရာ စွန့်ဦးတီထွင်သူ အမျိုးသမီးတစ်ယောက်ပါ။ လေထီးခုန်ခွင့်လိုင်စင်ကို ကမ္ဘာ့ပထမဆုံးရရှိခဲ့တဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

Radio Romania Cultural

Laura Bassi ဟာ တက္ကသိုလ်မှာ တရားဝင် စာသင်ကြားခွင့်ရရှိခဲ့တဲ့ ပထမဆုံး အမျိုးသမီးပရော်ဖက်ဆာတစ်ယောက် ဖြစ်ပါတယ်။

© Mailsapartbassimore / Wikimedia Commons

Julie Creffield ဟာ ၀လွန်းလို့ မပြေးပါနဲ့ဆိုပြီး အပြောခံခဲ့ရသူပါ။ အခုဆိုရင်တော့ မာရသွန်အပြေးသမားဖြစ်နေပြီး စာရေးဆရာမလည်းဖြစ်၊ ဟောပြောသူတစ်ယောက်လည်း ဖြစ်နေပါပြီ။

itwillmoveyou

Sofia Kovalevskaya ဟာ သင်္ချာပညာမှာ ထူးချွန်လွန်းတဲ့ ပညာရှင်တစ်ယောက်ပါ။ သူမဟာ နိုင်ငံခြားထွက်ပြီး တက္ကသိုလ်မှာ စာသွားသင်နိုင်ဖို့အတွက် ဟန်ဆောင် လက်ထပ်ခဲ့ရသူလည်း ဖြစ်ပါတယ်။

© Unknown / Wikimedia Commons

Ruby Bridges ဟာ လူဖြူတွေချည်းသာ တက်ရောက်ပညာနေတဲ့ကျောင်းထဲ ပထမဆုံး ကျောင်းတက်ခွင့်ရတဲ့ အာဖရိကန်-အမေရိကန် ကလေးတစ်ယောက် ဖြစ်ပါတယ်။ သူမကို အမေရိကန် ထိပ်တန်းအရာရှိကြီးတွေက စောင့်ရှောက်ပေးခဲ့ပြီး အမေရိကန်သမ္မတ ဒွိုက်အိုင်စင်ဟောင်ဝါကိုယ်တိုင်က ကျောင်းမှာ နေရာချထားပေးခဲ့ပါတယ်။

© Unknown / Wikimedia Commons

Sophia Amoruso ဟာ အွန်လိုင်းဖက်ရှင်လုပ်ငန်း Nasty Gal ကို စတင်ထူထောင်ခဲ့သူပါ။ (၂၀၁၆) ခုနှစ်မှာတော့ ကမ္ဘာ့အချမ်းသာဆုံး ကိုယ်ထူးကိုယ်ချွန်အမျိုးသမီးတွေထဲ တစ်ဦးအပါအ၀င်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ အတ္ထုပတ္တိကို ဇာတ်လမ်းတောင် ရိုက်ခဲ့ပါသေးတယ်။ ငယ်စဉ်ကလေးဘ၀တုန်းကတော့ Sophia Amoruso ဟာ စိတ်ကစဥ့်ကလျားနဲ့ စိတ်ကျဝေဒနာကို ခံစားခဲ့ရပါတယ်။

© sophiaamoruso / instagram © Girlboss / Netflix

Elizabeth Blackwell ဟာ အမေရိကန်မှာ ပထမဆုံး ဆေးသိပ္ပံဒီဂရီ ရခဲ့တဲ့ ဆရာဝန်မတစ်ယောက်ပါ။ သူမဟာ အမျိုးသမီးတွေ ဆေးပညာသင်ကြားခွင့်ရဖို့ အရေးမှာ လှုံ့ဆော်အားပေးခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ လုပ်ဆောင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် Elizabeth Blackwell ဆုတံဆိပ်ဆိုပြီး ထူးချွန်အမျိုးသမီးဆရာဝန်တွေကို ချီးမြှင့်နေဆဲ ဖြစ်ပါတယ်။

© Unknown / Wikimedia Commons

လင်းလင်း (ShweMom)

Ref: Brightside

READ
ကမ္ဘာ့အကြီးဆုံး နူကလီးယားစွမ်းအင်သုံးရေငုတ်သဘောင်္ကို ထုတ်ဖော်ပြခဲ့တဲ့ ရုရှား
SHARE