ယောက်ျားလေးတွေကိုစွဲဆောင်နိုင်တဲ့ မိန်းကလေးတွေဆီကအရာ

ရိုးရိုးရှင်းရှင်းနဲ့ သာမန်အလှသာရှိတဲ့  မျက်နှာအသွင်အပြင်ပိုင်ရှင် အမျိုးသမီးတွေက အခြားအမျိုးသမီးတွေထက် ဆန့်
ကျင်ဘက် ယောက်ျားတွေကို ပိုမိုစွဲဆောင်နိုင်ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။ ဒီစစ်တမ်းကို အမျိုးသားတွေ
ဆီမှာ ထင်မြင်ချက် တောင်းခံကာ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်တမ်းမှာ ပါဝင်ခဲ့တဲ့ အမျိုးသားအများစုဟာ အလွန်
ရိုးစင်းတဲ့ မျက်နှာပိုင်ရှင်အမျိုးသမီးတွေကိုသာ ဦးစားပေးရွေးချယ်ခဲ့ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လူတိုင်းရဲ့
ဦးနှောက်ဟာ ရိုးစင်းတဲ့ အလှတရားဆိုရင် ဦးနှောက်ထဲမှာ ရှုပ်ထွေးမှုမရှိဘဲ ချက်ချင်း လွယ်လွယ်ကူကူ လက်ခံနိုင်ကြလို
-ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစစ်တမ်းကို သုတေသနပြုခဲ့ကြတဲ့ သူတွေက computer algorithm တစ်ခုနဲ့ ဒီဖြစ်စဉ်ကို
ဖော်ပြခဲ့ပါတယ်။ အဲဒီ ဖော်ပြချက်မှာ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့သာမန်အသွင်အပြင်ရဲ့လျှို့ဝှက်ချက် အရည် အသွေးကို မူလစက္ခုအာရုံနဲ့သာ ခံစားပြီး ဦးနှောက်ကနေ အလွယ်တကူလက်ခံနိုင်တယ်-လို့ ညွှန်းဆိုခဲ့ပါတယ်။ ဒါ့အပြင်
အလွန်ဆွဲဆောင်မှု ရှိခြင်းဟာ အလွန်ရိုးရှင်းခြင်းနဲ့ ဆက်စပ်ပြီး ဒါကို စက္ခုအာရုံက လျှင်မြန်စွာလက်ခံနိုင်ပါတယ်။

အရွယ်ရောက်ပြီး သာမန်ရွက်ကြမ်းရေကျို အမျိုးသမီးတစ်ယောက်ရဲ့မျက်နှာဟာ ကြည့်ပျော်ရှုပျော်အနေအထားဖြစ်နေ
ရင် သေချာပေါက်အမျိုးသားတွေကို စွဲဆောင်နိုင်ပြီလို့ ဆိုပါတယ်။ the University of Queensland ရဲ့ စိတ်ပညာ ပါ
မောက္ခ Bill von Hippel ကလည်း new.com.au နဲ့ တွေ့ဆုံရာမှာ ” ရိုးရှင်းတဲ့ သွင်ပြင်လက္ခဏာကို လူတွေက ပိုပြီး သဘောကျပါတယ် … ဘာကြောင့်ဆို ရိုးရှင်းခြင်းဆိုတာ လူတွေစိတ်ထဲမှာ အလွယ်တစ်ကူ လက်ခံနိုင်တဲ့အရာ ဖြစ်လို့
ပါလို့ ” ပြောခဲ့ပါတယ်။ သူက ဆက်လက်ပြီး ” ဒီနည်းနဲ့အတူတူပါဘဲ … စီးပွားရေးလုပ်ငန်းမှာ ရိုးရှင်းတဲ့ Logo တွေက
သာ စီးပွားရေးမှာ ပေါက်မြောက်ကြပါတယ် ” လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ၎င်းက ဆက်လက်ပြီး ဥပမာပေးတာ
ကတော့ ” အရင်ဆုံး ကမ္ဘာကျော်ထုတ်ကုန် Nike ကိုပဲကြည့် ဘယ်လောက် ရိုးရှင်းသလဲ … နောက် Coke နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေ … ဒါတွေဟာ အမြင်အရလည်း မျက်စိနဲ့ ပသာဒရှိတယ် … ဒါကပဲ အပြုသဘောဆောင်သွား
တာ ဖြစ်တယ်လို့ ” ရှင်းပြခဲ့ပါတယ်။

READ
ကြက်သွန်နီရည် က ဆံပင်အရှည်မြန်လာစေဖို့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။

shwemom post photo (1)

source : independent.co.uk

SHARE